BEC-TERO TV

ကမ္ဘာ့မိုဘိုင်းဖုန်းပြပွဲ MWC တွင် ဖုန်းကုမ္ပဏီများက ဖုန်းအသစ်များ မိတ်ဆက်ပြသ

28 Feb 2017     1,335 Views


စပိန်နိုင်ငံ ဘာစီလိုနာတွင် နှစ်စဉ် ကျင်းပသော ဖုန်းလုပ်ငန်းဆိုင်ရာ အကြီးဆုံး ပြပွဲ Mobile World Congress တွင် တရုတ်ကုမ္ပဏီ Huawei၊ တောင်ကိုရီးယား ကုမ္ပဏီ LG နှင့် အခြား ဖုန်းကုမ္ပဏီများက ဖုန်းသစ် အမြောက်အမြားကို ပြသခဲ့ပြီး ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းကုမ္ပဏီ ဆမ်ဆောင်းက ယင်းပြပွဲတွင် ၎င်း၏ ထိပ်တန်းစမတ်ဖုန်းကို ပြသခဲ့ခြင်း မရှိမှုအား အခွင့်အရေးအဖြစ် ရယူရန် ကြိုးပမ်းခဲ့ကြသည်။ တစ်ပတ်ကြာကျင်းပမည့် MWC တွင် ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ Apple ကလည်း ၀င်ရောက်ပြသလေ့ မရှိပေ။ ထို့အတွက်ကြောင့် ဖုန်းကုမ္ပဏီငယ်များက ပြပွဲတွင် ထင်ရှားရေးအတွက် ရခဲသည့် အခွင့်အရေးကို အမိအရဆုပ်ကိုင်ခဲ့ကြသည်။

Huawei က ၎င်း၏ဖုန်းအသစ် P10 နှင့် P 10 Plus ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် မိတ်ဆက်ခဲ့သည်။ LG က သူ၏ထိပ်တန်း ဖုန်းမော်ဒယ်သစ်ဖြစ်သော G6 ကို ပြသခဲ့သည်။ ယခင်က နာမည်ကြီး ဖုန်းများဖြစ်ခဲ့ကြသော Nokia နှင့် Blackberrry တို့က ၎င်းတို့၏ ဖုန်းသစ်များကို ပြသခဲ့ကြသည်။ Nokia က သူ၏အမှတ်တံဆိပ်ဖြစ်ခဲ့သော 3310 ဖုန်းများကို အသစ်တစ်ဖန် ထုတ်လုပ် ပြသခဲ့ပြီး Android စနစ်သုံး ဖုန်းသုံးမျိုးကို လည်း ပြသခဲ့သည်။ Blackberry ကလည်း သူ၏ သင်္ကေတဖြစ်သော ခလုတ်များ ပါဝင် သည့် ဖုန်းတစ်မျိုးဖြစ်သော Key One ကို ပွဲထုတ်ခဲ့သည်။ ၁၉၉၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကမ္ဘာ့ထိပ်တန်း မိုဘိုင်းဖုန်းကုမ္ပဏီဖြစ်ခဲ့သော Nokia သည် ၂၀၁၉ ခုနှစ်အကုန်တွင် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်၏ ငါးရာခိုင်နှုန်းရရှိနိုင်ကြောင်း CSS ၏ သုတေသနတာဝန်ခံ ဘင်ဝုဒ်က ပြောကြားခဲ့သည်။

ဆမ်ဆောင်းက MWC တွင် စမတ်ဖုန်းသစ်ကို မပြသခဲ့သော်လည်း သင်ပုန်း ကွန်ပျူတာသစ်နှစ်မျိုးကိုမူ ပြသခဲ့သည်။ စမတ်ဖုန်းရောင်းအားသည် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အထူးသဖြင့် အနောက်ဥရောပ နှင့် မြောက်အမေရိကတွင် ယခုနှစ်အတွင်း၌ အထွတ်အထိပ်သို့ ရောက်ဖွယ်ရှိသည်ဟု သုတေသနကုမ္ပဏီ CCS Insights က ခန့်မှန်းထားချိန်တွင် MWC ပြပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ၂၀၀၇ ခုနှစ်ကကဲ့သို့ iPhone ထွက်ပေါ်လာမှုမျိုး ကြီးမားသည့် အပြောင်းအလဲတစ်ခု မဖြစ်ပါက အနောက်ဥရောပနှင့် မြောက်အမေရိကတွင် ၂၀၁၇ ခုနှစ်နောက်ပိုင်း၌ စမတ်ဖုန်းရောင်းအား ကျဆင်းမည်ဟု မျှော်လင့်ကြောင်း MWC ၏ လေ့လာသုံးသပ်သူ ရာဒစ်ဘာဒရားက ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့စမတ်ဖန်းဈေး ကွက်သည် ၁ ဒသမ ၉၆ ဘီလျံရောင်းချခဲ့ရရာမှ ၂၀၁၉ ခုနှစ်တွင် ၂ ဒသမ ၃၅ ဘီလျံထိ ရောက်ရှိမည်ဟု CCS က ခန့်မှန်းထားသည်။

Credit : PyiMyanmarNew/


28 Feb 2017     1,335 Views




RELATED

Most Popular of Special or Others

Most Popular of NEWS