BEC-TERO TV

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အခွန်ထမ်းအနုပညာရှင်များစာရင်းတွင် ပြေတီဦး ထိပ်ဆုံးမှပါဝင်

28 Feb 2017     1,609 Views


ဖေဖော်ဝါရီ ၂၈ (ယနေ့)ထုတ် နိုင်ငံပိုင်သတင်းစာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အခွန်ဦးစီးဌါနမှူးရုံးအသီးသီး၌ ကျသင့်သည့်အခွန်များကို တာဝ်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အနုပညာရှင်များစာရင်းကို ပြည်တွင်းအခွန်ဦးစီးဌါနမှ အများပြည်သူသိရှိစေရန် ထုတ်ပြန်ဖော်ပြခဲ့ပြီး အဆိုပါစာရင်းတွင် အကယ်ဒမီပြေတီဦး ထိပ်ဆုံးမှ ပါဝင်သည်။
 
ထို့အပြင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အခွန်ပေးဆောင်ရန် ကျန်ရှိနေသေးသော အခြားအနုပညာရှင်များကိုလည်း သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌါနမှူးရုံးအသီးသီးတွင် ဘဏ္ဍာရေးနှစ်မကုန်မီ တာဝန်သိသိ အခွန်ထမ်းဆောင်ကြရန် နှိုးဆော်ထားသည်။
 အခွန်ထမ်းဆောင်ပြီးသော အနုပညာရှင်များ စာရင်းမှာဖော်ပြပါပုံအတိုင်းဖြစ်သည်။
 
 
source:myanmaralin

28 Feb 2017     1,609 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS