လှိုင်သာယာမီးလောင်ကျွမ်းမှုတွင် အမျိုးသမီးတစ်ဦး သေဆုံး
28 Feb 2017 1,387 Views

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျူးကျော်တဲများနှင့် တိုက်အိမ်တစ်လုံး လောင်ကျွမ်း ဆုံးရှုံးခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် မီးခိုးမွှန်၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၅ နာရီခွဲ့ခန့်တွင် လှိုင်သာယာမြို့နယ် ဒိုင်စုကျေးရွာရှိ ကျုးကျော်တဲတစ်ခုတွင် အမျိုးသားတစ်ဦးက ဆိုင်ကယ်ကာပရိုက်တာကို ဖြုတ်၍ ပြင်ဆင်နေချိန်တွင် ကာပရိုက်တာအတွင်းရှိ ဓါတ်ဆီနှင့် မီးဖိုမှမီးကူးပြီးမီးလောင်မှု စတင်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
မီးလောင်ကျွမ်းချိန် နာရီဝက်ခန့်သာ ကြာမြင့်ခဲ့သော်လည်း အနီးနားရှိ ကျူးကျော်တဲအလုံး ၅၀ နှင့် တစ်ထပ်တိုက်အိမ်တစ်လုံး လောင်ကျွမ်း ဆုံးရှုံးခဲ့ပြီး မီးစတင်လောင်ကျွမ်းသည့် ကျူးကျော်တဲရှိ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး မီးခိုးမွှန်ကာ သေဆုံးခဲ့ရခြင်းဖြစ်သည်။
အဆိုပါမီးလောင်ကျွမ်းမှုကို Level 3 အဆင့် သတ်မှတ်ပြီး မီးသတ်ယာဉ်၊ အထောက်အကူပြုယာဉ်၊ မိတ်ဖက်ယာဉ်၊ ကွပ်ကပ်မှုယာဉ် စုစုပေါင်း အစီး ၄၀ ကျော်ပါဝင် ငြိမ်းသတ်ခဲ့ရကြောင်း သိရှိရသည်။
Source: ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့