BEC-TERO TV

အကယ်ဒမီ လိုချင်ပါတယ်ဆိုတဲ့ ၀တ်မှုံရွှေရည်

27 Feb 2017     1,523 Views


အကယ်ဒမီ ပေးပွဲကြီးနီးကပ်လာသည်နှင့် ရုပ်၇ှင်သရုပ်ဆောင်တွေလဲ အကယ်ဒမီ အတွက် ရင်ခုန်မှုတွေလဲ ပိုပိုများလာကြပါပြီ။ ဒီနှစ်အတွက် ချစ်လှစွာသော အမုန်း ဇာတ်ကားနဲ့ တစ်ပြေးနေတဲ့ ၀တ်မှုန်ရွှေရည်က ဒါရိုက်တာဝိုင်းရိုက်ကူးပေးထားတဲ့ ချစ်လှစွာသော အမုန်းကားမှာ အမုန်းကာရိုက်တာကို ပုံဖော်ထားပြီး ပရိတ်သတ် တွေရဲ့ ချီးကျူးမှုတွေလဲ ရှိပါတယ် ။

ဝတ်မှုန်ရွှေရည်က သူမရဲ့ ခံစားချက်ကို လဲ အမှန်တိုင်းပြောရရင် အကယ်ဒမီ ပေးပွဲနီးလာတိုင်းတော့ ရင်ခုန်တယ် သရုပ်ဆောင်စလုပ်ထဲက အကယ်ဒမီပေးပွဲစတက်ဖြစ်တဲ့ နှစ်ထဲ့ကစတဲ့ ခံစားမှုပါ အကယ်ဒမီပွဲဆိုတာကလဲ တကယ့်ပွဲကြီးဆိုတော့  အနုပညာရှင်တိုင်း ရင်ခုန်တာမဆန်းလောက်ပါဘူးလို့ ပြောထားပါတယ် ။ အကယ်ဒမီက နတ်ကြီးတဲ့ အတွက် ကိုယ်ရဖို့တော့ အရမ်းကြီးရင်မခုန်ရဲပါဘူးလို့လဲပြောထားပါတယ် ။

အနုပညာတစ်ယောက်အနေနဲ့ အကယ်ဒမီ ကတော့ အမှန်တိုင်းဝန်ခံ ရရင်လိုချင်ပါတယ် ဒါပေမယ့် ငါရမှဖြစ်မယ်ဆိုတဲ့ စိတ်တော့ မရှိပါဘူး အကယ်ဒမီ ထပ်ရစေချင်တဲ့ ပရိတ်သတ်တွေကိုလဲ ကျေးဇူးတင်ပါတယ်လို့ ပြောထားပါတယ်။

Credit:Oasis


27 Feb 2017     1,523 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment