နိုင်ငံခြားသားများပါဝင်သော မူးယစ်ဂိုဏ်းအဖွဲ့အား ထုတ်ဖော်ဖမ်းဆီး
24 Feb 2017 1,513 Views

မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတားဆီးနှိပ်နင်းရေး တပ်ဖွဲ့ဝင်များက နိုင်ငံခြားသားများပါဝင်သော မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတစ်ခုကို ငွေကျပ်သန်းပေါင်း လေးသောင်ကျော် တ်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
.jpg)
အဆိုပါမူးယစ်ဂိုဏ်သည် မူးယစ်ဆေးဝါး အမြောက်အမြားကို အက်ဒမန်ပင်လယ်ပြင်မှတစ်ဆင့် နိုင်ငံတစ်ကာဈေးကွက်သို့တင်ပို့ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသဖြင့် စုံစမ်းထောက်လှမ်းမှုများ အချိန်ယူဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနစ် နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်းအပြည်ပြည်ဆိုင်ရာလေးဆိပ်၌ ရန်ကုန်-တရုတ် (တိုင်ပေ) လေယာဉ်ခရီးစဉ်ဖြင့် လိုက်ပါမည့်တရုတ်(တိုင်ပေ)နိုင်ငံသား CAI JENG ZE အား ကတ်တမင်း ၁၆၀ ဂရမ်နှင့်အတူ စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထို့နောက် အဆင့်ဆင့်ဆက်လက်ဖော်ထုတ်ခဲ့ရာ မူးယစ်ဆေးဝါးများ သိုလှောင်ရန် ငှားယမ်းထားသော သင်္ဃန်းကျွန်းမြို့နယ် ဆယ်သိမ်းရပ်ကွက်အတွင်းရှိ တိုက်ခန်းအတွင်းမှ ကတ်တမင်း ၆၂၂ ဒသမ ၃ ကီလိုနှင့် မူးယစ်ဆေးဝါးထုတ်ပိုးကရိယာများနှင့်အတူ တရုပ်(တိုင်ပေ) နိုင်ငံသား နှစ်ဦးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် စက်ဆန်းရပ်ကွက်တွင်လည်း ဟောင်ကောင်နိုင်ငံသား တစ်ဦး၊ တရုပ်(တိုင်ပေ) နိုင်ငံသား တစ်ဦးတို့ ကွန်တိန်နာမော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသော အိုက်စ် ၁၁၁၀ ကီလိုတို့အား သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ နိုင်ငံခြားသားများအား စီးပွးရေးဗီဇာဖြင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ရရန် ဆောင်ရွက်ပေးသောအမှုတွင် ပါဝင်ပက်သက်ခဲ့သည့် Lucky Pioneer Co.Ltd ဒါရိုက်တာရန်နိုင်ထွန်း၊ မူးယစ်ဆေးဝါးသယ်ဆောင်ရန် ပွဲစားအဖြစ်ဆောင်ရွက်သူ မထွန်းထွန်းဝင်းတို့အား တာချီလိတ်မြို့တွင် ဖမ်းဆီးရမိခဲ့သည်။
မူးယစ်ဆေးဝါးများကို အက်ဒမန်ပင်လယ်ပြင်တွင် စောင့်ဆိုင်းနေသော ပင်လယ်ကူးသင်္ဘောပေါ်သို့ ဖျာပုံဆိပ်ကမ်းမှ တစ်ဆင့် ငါးဖမ်းစက်လှေဖြင့် ပို့ဆောင်ပေးရန် စီစဉ်ဆောင်ရွက်ခဲ့သူ အောင်ကျော်မြင့်(ခ)ထန်လျပ်ခုပ် နေထိုင်ရာ မင်္ဂလာဒုံမြို့ ပတ္တမြားမြို့သစ်သို့ သွားရောက်ဖမ်းဆီခဲ့ရာ ထွက်ပေးတိမ်းရှောင်နေခဲ့ပြီး ၎င်း၏နေအိမ်အတွင်းမှ စိတ်ကြွရှုးသွပ်ဆေးပြား ၂၄၆၆၄၆၀ နှင့် ဘိန်းဖြူ ၆၈၆ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သည်။
နိုင်ငံခြားသားမျာအတွက် မူးယစ်ဆေးဝါးများ ရရှိအောင် ဆောင်ရွက်ပေးခဲ့သူ ရန်ခိုင်းကွဲ့နှင့် ဇနီး မရန်ရင်ဟွေ့တို့ကို လာရှိုးမြို့တွင် မူးယစ်ဆေးဝါး လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

မူးယစ်ဂိုဏ်းတွင်ပါဝင်ပက်သက်သော တရားခံများထဲတွင် ၉ ဦးကို ဖမ်းဆီးရမိထားပြီး ကျန်တရားခံများဖြစ်သည့် မြန်မာနိုင်ငံသား ၁၀ ဦးအပါအဝင် စုစုပေါင်း ၁၆ ဦး ထွက်ပြေးလွတ်မြောက်လျှက်ရှိပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းများတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
Ref:Myanmar alin