BEC-TERO TV

ဇွဲကပင်တောင်ထိပ်မှ ခုန်ချသူ ပြင်သစ်နိုင်ငံသားမှာ အသဲကွဲ၍ မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ခြင်းဖြစ်

20 Feb 2017     1,913 Views


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉-ဇွဲက ပင်တောင်ထိပ်မှခုန်ချ သူမှာ ပြင်သစ် နိုင်ငံ သားဖြစ်ပြီး ချစ်သူနှင့်လမ်းခွဲခဲ့ခြင်းကြောင့်ဖြစ်သော အသည်းကွဲ ဝေဒနာကြောင့် ကြိုတင်ကြံစည် အဆုံးစီရင်ခြင်းဖြစ်ကြောင်း သိရသည်။
 
တောင်ထိပ်ပေါ်မှ ခုန်ချသူမှာ ပြင်သစ်နိုင်ငံသား နော်မန်ဒင် (၃၇ နှစ်)ဖြစ်ပြီး ၎င်း၏ဘောင်းဘီအိတ် ထဲမှရသောစာတစ်စောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၏ ချိတ်ဆက်စုံစမ်းမှုအရ ချစ်သူနှင့် စကားများလမ်းခွဲခဲ့ခြင်းကြောင့် ကြိုတင်ကြံစည်အဆုံးစီရင်ခြင်းဟု ကောက် ချက်ချမိကြောင်း ထုံးအိုင်နယ်မြေ ရဲစခန်းမှ စခန်းမှူးရဲအုပ်ညီညီမိုးကပြောသည်။
 
" သူ့ကောင်မလေးနဲ့ စကားများ တယ်။ ရန်ဖြစ်တယ်။ လမ်းခွဲခဲ့တယ်။ အဲဒါကြောင့် စိတ်ညစ်လို့ တောင် ပေါ်တက်ပြီး ခုန်ချခဲ့တာပါ " ဟု ၎င်းက ပြောသည်။
 
အဆိုပါ ပြင်သစ်နိုင်ငံသားသည် ရန်ကုန်မှ ကျိုက်ထီးရိုးသို့ သွားရောက်ခဲ့ပြီး ကျိုက်ထီးရိုး မှတစ်ဆင့် ဘားအံမြို့သို့ ဖေဖော် ဝါရီ ၁၇ ရက် ညနေ ၄ နာရီခန့်က အဝေးပြေးမှန်လုံယာဉ်ဖြင့် ရောက်ရှိလာကြောင်း၊ ထိုမှတစ်ဆင့်ညနေ ၅ နာရီတွင် ဇွဲကပင်တောင်ခြေသို့ ရောက်ရှိ ခဲ့ကာ ည ၇ နာရီတွင် တောင်ထိပ်သို့ရောက်ရှိခဲ့ကြောင်း ထုံးအိုင်နယ်မြေရဲစခန်းရဲမှတ်တမ်း အရသိရသည်။
 
 
ထို့နောက် ည ၇ နာရီကျော် တွင် ဇွဲကပင်တောင်ထိပ်ရှိ ကရင် မောင်နှမနတ်ကွန်းခေါင်မိုးပေါ်မှနေ ၍ သုံးလှမ်းလှမ်းကာ ဒိုင်ပင်ထိုးခုန်ချခဲ့ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ရာ အနီး ဓာတ်ပုံရိုက်ကူးနေသည့် အင်္ဂလန် နိုင်ငံသားနှင့် အီတလီနိုင်ငံသူတို့၏ မျက်မြင်ပြောပြချက်အရ သိရသည်။
 
ပြင်သစ်နိုင်ငံသား၏အလောင်း ကို ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၆ နာရီကျော်တွင် ဇွဲကပင်တောင်ထိပ် ရှိ ခုန်ချခဲ့သည့်နေရာ မှ ပေ ၁၇၀ ခန့်အကွာ၌ သစ်ပင်တစ်ပင်နှင့်တွယ် ငြိနေသည်ကိုတွေ့ရှိခဲ့ကြောင်း၊ ည ၈ နာရီခန့်တွင်တောင်ပေါ်သို့ အလောင်းပြန်လည်ရောက်ရှိလာရာ ဦးခေါင်းပွင့်ထွက်၊ လည်ပင်းရိုးကျိုး၊ ညာဘက်ပေါင်ကျိုးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။
 
 
၎င်းင်း၏ဘောင်းဘီအိတ်ထဲမှရရှိ သောစာထဲတွင် အဖေနာမည်၊ သူ၏ အီးမေးလ်လိပ်စာ၊ သူငယ်ချင်းလိပ်စာ စသည်တို့ ရေးသားထားပြီး မြန်မာငွေကျပ် တစ်သိန်းသုံးသောင်းနှင့် ယူရိုငွေ ၅၀ တန် ခုနစ်ရွက်ကိုလည်း တွေ့ရှိကြောင်း သိရသည်။
 
တောင်ပေါ်မှခုန်မချမီ အရက် သေစာသောက်စားထားခြင်းမျိုးမရှိကြောင်း ရဲအုပ်ညီညီမိုးထံမှ သိရသည်။ သေဆုံးမှုနှင့် ပတ်သက်ပြီး ပြင်သစ်သံရုံး သို့ ဆက်သွယ်အကြောင်း ကြားထားပြီး အလောင်းအား ဘားအံပြည်သူဆေး ရုံကြီးသို့ ပို့ဆောင်ထားကာ ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသို့ပို့ဆောင်ခဲ့ကြောင်း  ဆက်လက်ပြောသည်။
 
"ဖေဖော်ဝါရီ ၁၈ ရက်နေ့က တစ်နေ့လုံးရှာတယ်။ ညနေလောက်မှ နိုင်ငံခြားသားအလောင်းကို တောင်အောက်ပေ ၁၇၀ လောက်မှာတွေ့ တယ်။ အလောင်းကသစ်ပင်ပေါ်မှာ မှောက်လျက်ကြီးဖြစ်နေတာကြောင့် တောင်ထိပ်ပေါ်ပြန်ရောက်ဖို့ အဖွဲ့ တွေပူးပေါင်းပြီး ခက်ခက်ခဲခဲကြိုးစား သယ်ယူခဲ့ရပါတယ်" ဟု ရှာဖွေရေး တွင်ပါဝင်ကူညီသူ ဒေသခံတစ်ဦး က ပြောသည်။
 
ကရင်ပြည်နယ် ဘားအံမြို့ ရှိ ဇွဲကပင်တောင်သည် ပေပေါင်း ၂၇၃၄ မြင့်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ထုံးအိုင် နယ်မြေရဲစခန်းမှ သေမှုသေခင်းအ မှတ်စဉ်(၁/၂၀၁၇)ဖြင့် အမှုဖွင့်ထား ကြောင်း သိရသည်။
 
Credit:ဒီမိုကရေစီတူဒေး

20 Feb 2017     1,913 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS