BEC-TERO TV

FDA ထောက်ခံချက်လိုင်စင်ရရန် ငွေကြေးလာဘ်ထိုးမှုများကို အရေးယူမည်

20 Feb 2017     1,347 Views


အစားအသောက်နှင့် ဆေးဝါးများ FDA ထောက်ခံ ချက်လိုင်စင်ရယူရန် ငွေကြေး လာဘ်ထိုးမှုများကို တိုင်ကြားပါ က တရားစွဲဆိုအရေးယူမည်ဖြစ် ပြီး ယင်းလုပ်ရပ်များကို လုံးဝ လက်ခံမည်မဟုတ်ကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားသည်။

‘‘ဆေးဝါးပဲဖြစ်ဖြစ်၊ အစား အသောက်ပဲဖြစ်ဖြစ် FDA လိုင် စင်ရအောင် ပိုက်ဆံပေးရတယ်၊ လာဘ်ထိုးရတယ်ဆိုရင် ချက်ချင်း ပြောပါ လုံးဝအရေးယူမယ်။ လုံးဝလက်မခံဘူး။ ကျွန်တော့်ဆီ ကို တိုက်ရိုက်တိုင်ကြားချင်တဲ့ အီးမေးလ်တွေ၊ ဖက်စ်တွေ ပေး ထားပြီးသားပါ။ အထောက် အထားနဲ့သာပြပါ။ ဒီကိစ္စကို အလုပ်မခံပါဘူး’’ဟု ၎င်းကဆိုသည်။

FDA က အစားအသောက်နှင့် ဆေးဝါးထောက်ခံချက်လိုင်စင် ချပေးရာတွင် အချိန်ကြန့်ကြာမှု များရှိနေသည်ဟု ပြောကြားမှုများ ကြောင့် FDA ၏ လုပ်ငန်းလည် ပတ်မှု ပုံစံကို ပြန်လည်စဉ်းစား သုံးသပ်မည်ဖြစ်ကြောင်း၊ သို့သော်အစားအသောက်၊ ဆေးဝါး များ၏ အရည်အသွေးပိုင်းနှင့် ပတ်သက်၍ လျှော့ချထုတ်လုပ် ခွင့်ပြုမည်မဟုတ်ဘဲ ဈေးကွက် ထောက်လှမ်းကြည့်ရှုခြင်းများကို အမြဲစောင့်ကြပ် ထိန်းသိမ်းနေ ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

‘‘ဆေးဝါးလိုင်စင်ချဖို့၊ အစားအသောက်လိုင်စင်ချဖို့ အရမ်းကြာတယ်ပြောကြတယ်။ ဘယ်လောက်အထိ လျှော့နိုင် မလဲ၊ လုပ်ငန်းလည်ပတ်မှုပုံစံကို ပြန်စဉ်းစားပေးမယ်။ ဒီနေရာမှာ ကြန့်ကြာနေရင် တစ်ပြည်လုံး အတိုင်းအတာနဲ့ မီးခိုးကြွက် လျှောက်သွားတယ်။ ဒါဟာ ကျန်း မာရေးနဲ့ဆိုင်သလို စီးပွားရေးနဲ့ လည်းဆိုင်တယ်။ နောက်တစ်ခု က ဈေးကွက်ထောက်လှမ်းရေးကို သေချာအလေးထားလုပ်တယ်။ လာစစ်တဲ့အခါ ဆေးပဲဖြစ်ဖြစ်၊ အစားအသောက်ပဲဖြစ်ဖြစ် အဲဒီ ကုန်ပစ္စည်းအရည်အသွေးက မြင့်နေတယ်၊ ပြန်ရောင်းတဲ့အခါ ကျ အရည်အသွေးမပြည့်ဘူး။ ဈေးကွက်ထောက်လှမ်းကြည့်လို့ ဒီလိုအရည်အသွေး မပြည့်မီတဲ့ ကုန်ပစ္စည်းကို လုံးဝအရေးယူ မယ်’’ဟု ဒေါက်တာမြင့်ထွေးက ပြောသည်။

FDA သို့ ထောက်ခံချက် လိုင်စင်ရယူရန် တင်ပြလာသော အချိုရည်ထုတ်သည့် ကုမ္ပဏီတစ် ခုက FDA မှ ဝန်ထမ်းနှင့်ပေါင်းပြီး အမှန်တကယ် ပါဝင်သည့် သကြားLevel အချိုးအစားကို လျှော့၍ ဖော်ပြကာ ထောက်ခံချက်ယူခဲ့ သော်လည်း ဈေးကွက်၌ ထောက် လှမ်းသည့်အခါ ကုန်ပစ္စည်း အရည်အသွေး မပြည့်မီသည့်ဖြစ် ရပ် ပေါ်ပေါက်ခဲ့ကြောင်း၊ ထို့ ကြောင့် တရားစွဲဆိုပြီး အရေးယူ ရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြခဲ့ကြောင်း သိရသည်။ FDA ၏ ထောက်ခံချက်များ ရယူရာတွင် ကုန်ပစ္စည်းအရည် အသွေးပိုင်းနှင့်ပတ်သက်၍ စစ် ဆေးနေမှုကြောင့် စောင့်ဆိုင်းရ သည့် အခြေအနေအပေါ် လုပ် ငန်းရှင်အချို့က ပွဲစားများအသုံး ပြုကာ လုပ်ငန်းလိုင်စင်ကျရန် နည်းလမ်းရှာဖွေနေမှုများရှိနေ၍ ကြားခံပွဲစား လုပ်ကိုင်နေသူများ ကို တွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) ညွှန် ကြားရေးမှူးချုပ် ဒေါက်တာသန်း ထွဋ်က ပြောကြားထားသည်။

‘‘FDA ပရဝဏ်အတွင်းမှာ ပွဲစားရှိတာ လက်မခံဘူး။ ရှိရင်၊ သိရင် သတင်းပေးကြပါ။ တိတိ ကျကျ အရေးယူပါမယ်’’ဟု ၎င်း က ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူ များ အစားအသောက် ဘေးအန္တ ရာယ် ကင်းရှင်းရေး ပြည်သူကို မျက်နှာပြုပြီး လုပ်ဆောင် မည်ဖြစ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နှီးနွှယ် အဖွဲ့အစည်းများ မြန်မာနိုင်ငံ စက်မှုလုပ်မှု ကုန်သည်အသင်း ချုပ်မှ လုပ်ငန်းရှင်များ၊ ပြည်နယ် နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ များက ပူးပေါင်းဆောင်ရွက်ပေး ကြရန် လိုအပ်ကြောင်း ပြောကြား သည်။

Credit : 7daydaily


20 Feb 2017     1,347 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS