လမ်းဘေးအပေါ့အလေး စွန့်ပစ်တဲ့စနစ် ပပျောက်ဖို့ ဆောင်ရွက်မည်
17 Feb 2017 1,408 Views

ကျေးလက်ဒေသတွေရဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် မိလ္လာစနစ် အဆင့်မြှင့်တင်တာကို အဓိကထား ဆောင်ရွက်မယ်လို့ သိရပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (မွေးရေကျေးလက်) ဒေါက်တာ ထွန်းလွင် က ‘အခုလဲ ဒီလုပ်ငန်းတွေကို လုပ်နေတာပါပဲ၊ ဒါပေမဲ့ ထိရောက်မှု မရှိဘူးပေါ့၊ ဒါကြောင့် ဒီလုပ်ငန်းတွေမှာ မဟာဗျူဟာချမှတ်ပြီး ဆောင်ရွက်ရတာပေါ့၊ အခု ပတ်ဝန်းကျင်သန့်ရှင်းရေး အပိုင်းမှာ ဆို ရင်လဲ မိလ္လာစနစ် အဆင့်မြှင့်တင်ရေးကို ထည့်သွင်းထားတယ်၊ တစ်ကိုယ်ရေသန့်ရှင်းရေး ပိုင်းမှာဆိုရင်လဲ မွေးကင်းစကလေးတွေရဲ့ မစင်တွေကို စနစ်တကျ စွန့်ပစ်ဖို့လဲ ပါတာပေါ့”လို့ ပြောပါတယ်။ အစိုးရက ကျေးလက်ဒေသ များ၊ ကျောင်းများနဲ့ ဆေးပေးခန်း များ ရေရရှိရေး၊ ပတ်ဝန်းကျင် သန့် ရှင်းရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်း ရေးဆိုင်ရာ မဟာဗျူဟာမှာ သည် မိလ္လာစနစ် အဆင့်မြှင့်ဖို့ ပါဝင်ပါတယ်။
သည်မဟာဗျူဟာရဲ့ ရည်ရွယ်ချက်ကတော့ လာမယ့် ၂၀၃၀ ပြည့် နှစ်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျေးလက်ဒေသများ ရေရရှိရေးနဲ့ ပတ် ဝန်းကျင်သန့်ရှင်ရေးဆိုင်ရာ အဆင့်မြင့်ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်ပြီး ပတ်ဝန်းကျင်မှာ အပေါ့ အလေးစွန့်တဲ့ ဓလေ့များ ပပျောက်သွားစေရန် ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ အလေ့အထ ကောင်းများ ကျင့်သုံး မှု တိုးတက်လာစေဖို့ နည်းလမ်း များ ချမှတ်နိုင်ရေးအတွက် ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ပတ်ဝန်းကျင် သန့် ရှင်းရေးအတွက် အိမ်သာများ ဆောင်လုပ်ကာ မိလ္လာစနစ် အဆင့်မြှင့်တင်တဲ့ မိရိုးဖလာနည်းလမ်း ဟာ ထင်ထင်ရှားရှား အကျိုးသက်ရောက်မှု မရှိသလို အိမ်သာ အသုံးပြုတဲ့ အလေ့အထကိုလည်း ထိန်း သိမ်းထားနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။ တခြားနိုင်ငံတွေမှာလည်း ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် မဟာဗျူဟာများရေးဆွဲရာမှာလည်း ပြည်သူတွေအနေနဲ့ အိမ်သာအသုံးပြုရန် လိုလိုလားလား တောင်းဆိုလာစေတဲ့ နည်းလမ်း တွေကို အဓိက ရေးဆွဲထားတယ်လို့ သိရပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျေးလက် ဒေသတွေရဲ့ ပတ်ဝန်းကျင်သန့် ရှင်းဖို့ အတွက် လက်ရှိအိမ်သာလုံလောက်မှုနဲ့ ဘေးကင်းမှုရှိမရှိကို ပြန်လည်သုံးသပ်ဖို့ လိုတယ်လို့ လည်း သည်မဟာဗျူဟာမှာ ဖော် ပြထားပါတယ်။ မိလ္လာစနစ် အဆင့်မြှင့်တင်ဖို့ အတွက် အစိုးရအနေနဲ့ လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကတော့ ရပ်ရွာလူထု ဦးဆောင်တဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးကဲ့သို့ သောနည်းလမ်းများဖြင့် အလေ့အထကို ပြောင်းလဲစေကာ ပတ်ဝန်း ကျင်မှာ အပေါ့အလေးစွန့်ခြင်းကို ပပျောက်အောင် ဆောင်ရွက်ခြင်းနဲ့ လူတန်းစားမရွေး ဝယ်ယူသုံးစွဲနိုင်ပြီး သဘာဝဘေးခံနိုင်တဲ့ သင့်တော်တဲ့ အိမ်သာပုံစံအမျိုးမျိုးကို အရောင်းမြှင့်တင်ခြင်းတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် အိမ်သာဆောက်လုပ်ဖို့ ခက်ခဲတဲ့ အိမ်ထောင်စုတွေအတွက် အိမ်သာဆောက်လုပ်နိုင်စေဖို့အတွက် ငွေကြေးထောက်ပံ့တဲ့ နည်းလမ်းတွေကို တိုးတက်လာစေခြင်းနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ အလေ့အထများကို နားလည်ဖို့ ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်မယ်လို့သိရပါတယ်။ လက်ရှိမှာ ကျေးလက်နေပြည် သူတွေရဲ့ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး မရှိခြင်းဟာ မွေးကင်းစကလေးတွေရဲ့ မစင်ကို စနစ်တကျ မစွန့်ပစ်ခြင်းဟာလည်း အဓိက အခန်း ကဏ္ဍမှာ ပါဝင်နေတယ်လို့ သိရပါ တယ်။ မွေးကင်းစကလေးတွေရဲ့ မစင်စွန့်ပစ်မှု အလေ့အထကို လေ့လာပြီး စနစ်တကျစွန့်ပစ်နိုင်တဲ့ နည်းလမ်းတွေကိုလည်း ဖော် ထုတ်မယ်လို့ သိရပါတယ်။
Credit : kumudranews