BEC-TERO TV

ထိုင်းရောက်မြန်မာလုပ်သားများ သက်သေခံလက်မှတ် ကြန့်ကြာနေ၍ အခက်တွေ့

17 Feb 2017     1,393 Views


ထိုင်းနိုင်ငံတွင် ပန်းရောင် ကတ်ကိုင်ဆောင်ထားသော မြန် မာလုပ်သားရှစ်သိန်းခန့်ရှိပြီး အ ဆိုပါကတ် ကိုင်ဆောင်ထားသူ များသည် ယခုနှစ်ဆန်းကစ၍ သက်တမ်းကုန်ဆုံးခဲ့ကာ မတ် လ၌ ပန်းရောင်ကတ်ကိုင်ဆောင် ထားသူအားလုံး သက်တမ်းကုန် ဆုံးကြမည်ဖြစ်ကြောင်း ထိုင်း ရောက် မြန်မာလုပ်သားများက ပြောသည်။ ထို့အပြင် ယခင်နှစ်များက လေးနှစ်သက်တမ်းစာအုပ်(ခရမ်း ရောင်)နှင့် ခြောက်နှစ်သက်တမ်း စာအုပ်(အနီရောင်)ကိုင်ဆောင် ထားသူများမှာလည်း တစ်နေ့ လျှင် စာအုပ်ရာနှင့်ချီ၍ သက်တမ်းကုန်ဆုံးနေကြောင်း ထိုင်းရောက် မြန်မာအလုပ်သမား များက ပြောသည်။ ထိုင်းနိုင်ငံတွင် လေးနှစ်နှင့် ခြောက်နှစ်စာအုပ် ကိုင်ဆောင် ထားသည့် မြန်မာလုပ်သားတစ် သန်းခွဲကျော်ရှိနေသည်။

ထို့ကြောင့် ပန်းရောင်ကတ် ကိုင်ဆောင်သူ ရှစ်သိန်းနှင့် လေး နှစ်နှင့်ခြောက်နှစ်စာအုပ်အသီး သီးကိုင်ဆောင်ထားသူ တစ်သန်း ခွဲ၊ စုစုပေါင်း မြန်မာလုပ်သားနှစ် သန်းခွဲခန့်သည် ကတ်သက်တမ်း များ ကုန်ဆုံးနေသဖြင့် ထိုင်းရဲတပ် ဖွဲ့ဖမ်းဆီးခြင်းမခံရစေရန် အပြင်သို့ မထွက်ရဲတော့ဘဲ အိမ်တွင်း အောင်းနေကြကြောင်း ထိုင်း ရောက် မြန်မာလုပ်သားများက ပြောသည်။ ပန်းရောင်ကတ်ကိုင်ဆောင် ထားသူများသည် ယင်းကတ်ပြု လုပ်ထားသည့် မြို့နယ်အတွင်း သာ နေထိုင်အလုပ်လုပ်ကိုင်ကြရ မည်ဖြစ်ပြီး နယ်ကျော်ဖြတ်သွား လာပါက ထိုင်းရဲတပ်ဖွဲ့၏ဖမ်းဆီး ခြင်း ခံရမည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အလုပ်ရှာရာတွင် လည်း ခက်ခဲကြောင်း ယင်းကတ် ကိုင်ဆောင်သော မြန်မာလုပ်သား က ပြောသည်။

‘‘ကျွန်တော့်မှာ ပန်းရောင် ကတ်သက်တမ်း ကျန်နေသေး တယ်။ ဒါပေမဲ့ ဒီပန်းရောင်ကတ် က ဘာမှ လုပ်မရဘူး။ ကျွန်တော် အခု မဟာချိုင်ကနေ ဘန်ကောက်ကို သွားမယ်ဆိုရင် အဖမ်းခံရ မယ်။ နောက်ပြီး မြန်မာပြည်အိမ် အလည်ပြန်လို့လည်း မရဘူး။ ကျွန်တော့်ထက် အခက်တွေ့နေ သူတွေက အခုလက်ရှိမှာ သက် တမ်းကုန်နေတဲ့သူတွေပဲ။ CI ထုတ်ပေးမယ့်နေ့ကိုသာ မျှော်နေ ကြတာ။ CI သာရရင် ဘာမှ မလို တော့ဘူး။ ရွာပြန်လည်းရတယ်။ အလုပ် ပြောင်းလုပ်လည်းရ တယ်။ အခုတော့ CI သံက ဘာမှ မကြားရဘူး’’ဟု

မဟာချိုင်မြို့တွင်အလုပ်လုပ်ကိုင်နေသော အသက် (၃၀)အရွယ် ကိုမင်းမင်းထိုက်က ပြောသည်။ ‘‘ပန်းရောင်သက်တမ်းက လည်း ကုန်နေပြီ။ ထုတ်ပေးမယ့် အသံကလည်း မကြားရသေးဘူး လေ။ သက်တမ်းကုန်နေတော့ အပြင်လည်း မထွက်ရဲဘူး။ နောက်ပြီး ကိုယ်ဝန်လည်းရှိနေ တော့ အလုပ်ရှင်ကလည်း အလုပ်မခိုင်းတော့ဘူး။ ဒုက္ခက တော် တော်လေးရောက်နေတယ်’’ဟု ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် ရှစ် နှစ်ကြာနေထိုင်လာသူ မစန်းစန်း အေးက ပြောသည်။ ၎င်းကဲ့သို့ ပန်းရောင်ကတ် သက်တမ်းကုန်နေသည့် အလုပ် လုပ်ဖော်သူငယ်ချင်း အများအ ပြားရှိနေကြောင်း မစန်းစန်းအေး က ဆက်လက်ပြောသည်။ ထိုအခက်အခဲများကို ဖြေ ရှင်းရန် ထိုင်းအစိုးရနှင့် မြန်မာအ စိုးရတို့ ညှိနှိုင်းရာ ပန်းရောင်ကတ် ကိုင်ဆောင်ထားသော မြန်မာလုပ်သားများအား CI လက်မှတ်ထုတ် ပေးရန် သဘောတူထားသည်။

သို့သော် ယင်းကတ်များကို ၂၀၁၆ စက်တင်ဘာကတည်းက ထုတ်ပေးရန် စီစဉ်ခဲ့ကြသော် လည်း အကြောင်းအမျိုးမျိုး ကြောင့် ယနေ့အချိန်ထိ ထုတ်ပေး နိုင်ခြင်းမရှိသေးပေ။CI စခန်းလေလံအောင်မြင် ထားသူများသည် စခန်းအတွက် မြန်မာအစိုးရထံ ကျပ်ငွေသိန်း ခုနစ်ရာ စပေါ်တင်ပေးရသည်။ CI စခန်းအတွက် ၂၀၁၆ စက်တင်ဘာကတည်းက ယင်းစခန်း များကို ငှားရမ်းပြီး ဝန်ထမ်းခြောက် ဦးလည်း ခန့်ထားသည်ကို တွေ့ရ သည်။

‘‘ဟိုရက်ထုတ်ပေးမယ်၊ ဒီ ရက်ထုတ်ပေးမယ်နဲ့ တော်တော် လေးကြာနေပြီ။ ကျွန်တော်တို့မှာ စခန်းအတွက် အဆောက်အအုံ ငှားထားရတယ်။ ဝန်ထမ်းတွေ အ ဆင်သင့်ခန့်ထားရတယ်။ လက် မှတ်ထုတ်ပေးဖို့အတွက် အဆင် သင့်ပြင်ထားရတာ တစ်နေ့တစ် နေ့ ကုန်ကျတဲ့စရိတ်တွေက မ နည်းဘူး။ အလုပ်သမားတွေမှာ လည်း တစ်နေ့တစ်နေ့ သက်တမ်းတွေက ကုန်နေကြပြီ။ သူတို့အ ပေါ်ပိုင်းမှာ ပြဿနာရှိနေရင် လည်း ဒီအလုပ်သမားတွေအ တွက်တော့ လုပ်ပေးရမှာပေါ့’’ ဟု

CI စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ ‘‘ထိုင်းအစိုးရဘက်ကတော့ အကုန်ပြီးသွားပြီ။ မြန်မာအစိုးရ ဘက်ကပဲ ကျန်တော့တာပေါ့။ ကျွန်တော်က မြေပြင်ဆင်းနေရတဲ့ သူဆိုတော့ အကုန်သိနေတယ် လေ။ မြန်မြန်ထုတ်ပေးစေချင်တာ ပေါ့’’ဟု ၎င်းက ဆိုသည်။ မြန်မာအလုပ်သမားဝန်ကြီး ဌာနသည် CI လက်မှတ်များကို ဇန်နဝါရီ ၁၆ ရက်၌ ထိုင်းနိုင်ငံ တစ်ဝန်း စခန်းခြောက်ခုဖွင့်လှစ် ကာ ထုတ်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။ ယင်းနှင့်ပတ်သက်ပြီး မြန်မာ အစိုးရဘက်က အထက်က ညွှန်ကြားချက်မလာသေး၍ ဖြစ် ကြောင်း အလုပ်သမားဝန်ကြီးဌာ န အမြဲတမ်းအတွင်းဝန် ဦးမျိုး အောင်က ပြောသည်။ မြန်မာလုပ်သားများအား အသစ်ထုတ်ပေးရန် ပြင်ဆင်နေ သည့် CI ကတ်များသည် လေးနှစ် သက်တမ်းရှိပြီး ဗီဇာ ၂ နှစ်ပါဝင် မည်ဖြစ်သည်။ မဲဆောက်၊ မယ်ဆိုင်၊ ရ နောင်း၊ ဘန်ကောက်တွင် စခန်း တစ်ခုစီနှင့် မဟာချိုင်မြို့များ၌ စခန်းနှစ်ခု စုစုပေါင်းလက်မှတ် ထုတ်ပေးမည့် စခန်းခြောက်ခုရှိ မည်ဖြစ်သည်။ CI များရရှိအောင် ပြုလုပ် ပေးမည်ဟု နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ထိုင်းနိုင်ငံ မဟာချိုင် မြို့၌ ရွှေ့ပြောင်းမြန်မာလုပ်သား များနှင့် ၂၀၁၆ ဇွန်လ ၂၃ ရက်က လာရောက်တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။

Credit : 7daydaily


17 Feb 2017     1,393 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS