NVC ကာဒ်ပြားကိုင်ဆောင်သော ဘင်္ဂါလီများကိုသာ နယ်စပ်ဖြတ်ကျော်ခွင့်ပြု
17 Feb 2017 1,518 Views

မြန်မာ-ဘင်္ဂလား ဒေ့ရှ်အဝင်၊အထွက် မောင်တော နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ် ထားပြီဖြစ်သော်လည်း နိုင်ငံသား စိစစ်ခံရမည့်ကတ်ပြား (NVC) သည် ဘင်္ဂါလီများသာ တစ်ရက်နှင့် ခုနစ်ရက်ဗီဇာများဖြင့် နယ်စပ် ဖြတ်ကျော်သွားလာခွင့်ပြု ထားကြောင်းသတင်းရရှိသည်။
မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တစ်ရက်နှင့် ခုနစ်ရက် ဗီဇာများဖြင့် နယ်စပ် ဖြတ်ကျော်သွားလာသူ အများစုသည် ဘင်္ဂါလီများဖြစ်ပြီးတိုင်းရင်းသားနှင့် ဟိန္ဒူလူမျိုးအချို့လည်း ရှိသည်။
‘‘လုံခြုံရေးအခြေအနေအရ NVC ကတ်ရှိသူတွေကိုသာ နယ် စပ်ဖြတ်ကျော်ခွင့်ပြုပါတယ်။ နယ်စပ်ဖြတ်ကျော်သွားလာမယ် ဆိုရင် NVC ကတ်လုပ်ရပါမယ်။ အဲဒီ NVC ကတ်နဲ့မှ နယ်စပ်ဖြတ် ကျော်ခွင့်ဗီဇာ လျှောက်လို့ရပါ တယ်’’ဟု မောင်တောခရိုင်လဝ က ဦးစီးဌာန အရာရှိတစ်ဦးက ပြောသည်။
မောင်တောနယ်စပ်ရှိ ဘင်္ဂါလီများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် ရုပ်ရည်သွင်ပြင်နှင့် ပြောစကားများ တူညီခြင်းကြောင့် လူဝင်၊ လူထွက် ရှုပ်ထွေးမှုမရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အစီအမံများပြုလုပ်ပေးရန်လိုအပ်ကြောင်း မောင်တောမြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။
မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်သို့ တစ်ရက်ဗီဇာဖြင့် နယ်စပ်ဖြတ်ကျော် သွားလာသူ များသည် တစ်နိုင်တစ်ပိုင် ကုန် သွယ်သူများဖြစ်ပြီး ခုနစ်ရက်ဗီဇာဖြင့် နယ်စပ်ဖြတ်ကျော်သွားလာ သူများမှာ အလည်အပတ်နှင့် ဆေးကုသမှုခံယူရန် သွားရောက် နေခြင်းဖြစ်သည်။
မောင်တောနယ်စပ်ဒေသ တွင် ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့်ရဲဌာနချုပ် နှင့် စခန်းနှစ်ခုကို အကာလ်မူလ် မူဂျာဟီဒင်န်အဖွဲ့နှင့် ဒေသတွင်း ရှိ အစွန်းရောက်သူများ အကြမ်း ဖက် စီးနင်းတိုက်ခိုက်မှုကြောင့် နယ်စပ် ဖြတ်ကျော်သွားလာခွင့်ကို လေးလကျော် ရပ်ဆိုင်းထားပြီး ဖေဖော်ဝါရီ ၁၂ ရက်က ပြန်လည်ခွင့်ပြုခဲ့သည်။
Credit:7DayDaily