ကားဈေးကွက် စတင်အသက်ဝင်စပြုလာ
16 Feb 2017 1,358 Views

အေးစက်နေခဲ့တဲ့ ကားဈေးကွက်က စီအိုင်အက်ဖ်တန်ဖိုးသတ်မှတ်ချက်တွေ ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း တဖြည်းဖြည်းအရောင်းအဝယ်ပြန်ရှိလာပါတယ်။ ကားသစ်ရော ကားဟောင်းပါ အရောင်းအဝယ် ရှိနေပြီး စလစ်ကပ်ကားတွေက ပိုပြီးအရောင်းအဝယ်ဖြစ်နေပါတယ်။‘လက်ရှိမှာ ကားတွေအရောင်းအဝယ်ပြန်ရှိလာပေမဲ့ ကားတင်သွင်းသူတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ကားအသစ်မတင်သွင်းကြသေးပါဘူး၊ ဘာကားသွင်းရမှန်းမသိ ဖြစ်သွားသလို ကားသွင်းလို့ တွက်ခြေမကိုက်တော့တာပါ၊ အဲဒါကြောင့် တင်သွင်းထားပြီး သားကားတွေနဲ့ အောက်ကားတွေ ဈေးမာနေပါ တယ်လို့ သီရိမင်္ဂလာ ကားရောင်းဝယ်ရေးစခန်းက ဝါရင့်ဝယ်ရောင်း ကိုမျိုးကိုကိုက ပြောပါတယ်။ နှစ်တိုင်းဖြစ်လေ့ရှိတာက လေးလပိုင်းကျော် သင်္ကြန်ပြီးတိုင်းကားဈေးတက်လေ့ရှိပါတယ်။ သည်နှစ်မှာက ဘတ်ဂျက်ပြောင်းတာနဲ့ အခွန်ကောက်ခံတဲ့ စနစ်တွေဖြစ်တဲ့ ကြိုတင်ဝင်ငွေခွန်နဲ့ အထူးကုန်စည် ခွန်ကောက်ခံမယ့် အပြောင်းအလဲတွေကြောင့် ကားဈေးနှုန်းတွေ သေချာပေါက်ဈေးတက်မှာဖြစ်တယ်။
အဲဒါကြောင့်လည်း လိုအပ်လို့ကားဝယ်ဝယ်တဲ့သူတွေ ဈေးကွက်ထဲပြန်ရောက်လာပါတယ်။ ရန်ကုန်လိုင်စင်ကား အဝယ်များနေပြီး နယ်ကဝယ်လက်တွေကပါ နယ်လိုင်စင်ကားမဝယ်ဘဲ ရန်ကုန်လိုင်စင်ကား လိုက်ဝယ်နေကြတာပါ။ အဲဒါကြောင့် ရန်ကုန်လိုင်စင်ကားတွေက ကျပ်သိန်း ၁၅၀ အထက်အထိ မြင့်တက်နေ ပါတယ်။ လက်ရှိ ၂၀၁၇ ကားတင်သွင်းခွင့်မူဝါဒအရ ကားတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က တင်သွင်းလို့တွက်ခြေ မကိုက်တဲ့အနေအထား ဖြစ်နေတယ်။ ၂၀၁၅ မော်ဒယ်အထက် ဖရီးပါမစ်ကားတင်သွင်းရင် ဘယ်မောင်းပဲ တင်သွင်းခွင့် ရှိပါတယ်။ ရန်ကုန်လိုင်စင်လည်းမရပါဘူး။ ၂၀၁၅ မော်ဒယ်အထက်ဖြစ်လို့ ကားတွေအဆင့် မြင့်သလို ဈေးလည်းမြင့်နေတာပါ။ ၂၀၁၁ ကနေ ၂၀၁၄ မော်ဒယ်အထိကိုတော့ စလစ်ကပ်ရတော့မှာဖြစ်တယ်။ ဖရီးပါမစ်ကားအမျိုးအစားကို စလစ်ကပ်ရင် နောက်ထပ် စလစ်ဖိုး ကျပ်သိန်း ၁၀ဝ ကျော်ထပ်ထည့်ရမှာဖြစ်လို့ ဖရီးပါမစ်ကားတင်သွင်းဖို့ ကခက်ခဲ သွားပါတယ်။ စလစ်ကပ်ကားတင်သွင်းရင် စလစ်ကပ်ကားတင်သွင်းရင်လည်း အရင်းအနှီးက ပိုများလာပါတယ်။ ၂၀၁၁ မော်ဒယ်အထက်သာတင်သွင်းခွင့်ရှိလို့ ဈေးနှုန်းမြင့်မားလာတယ်။
စီအိုင်အက်ဖ် တန်ဖိုးမြင့်လို့ အ ခွန်နှုန်းထားမြင့်လာသလို အထူးကုန်စည်ခွန်နဲ့ ကြိုတင်ဝင်ငွေခွန်တွေကြောင့် အခွန်နှုန်းထားတွေပိုမြင့် လာပါတယ်။ စလစ်ကပ်ရတာဖြစ်လို့ စလစ်ဈေးနှုန်း ကြီးမြင့်သလောက် ဈေးနှုန်းမြင့်တက်နေမှာဖြစ်တယ်။ စီအိုင်အက်ဖ်တန်ဖိုး အနည်းဆုံးကားတင်သွင်းရင်တောင် အရင်းက ကျပ်သိန်း ၃၀ဝ ကျော် နေပါတယ်။ ဥပမာ ၂၀၁၁ တိုယိုတာဝှစ်ရှ်ကို တင်သွင်းရင် စီအိုင်အက်ဖ် ၉၀ဝ၀ ကျော်ပါတယ်။ လူကြိုက်များတဲ့အတွက် ဂျပန်လေလံ ဈေးကလည်း မြင့်တက်နိုင်ပါသေးတယ်။ အဲသည်လိုပဲ အမေရိကန်ဒေါ်လာဈေးမြင့်တက် နေရင် ဈေးက ပိုမြင့်သွားနိုင်ပါသေးတယ်။ အဲဒါကြောင့် သိန်း ၃၃၀ ကျော်ရင်းတာ ဂရိတ်နိမ့်ပဲရနိုင်ပါတယ်။ ဂရိတ်မြင့်ရင် ကျပ်သိန်း ၃၆၀ ကျော်ပါတယ်။
သာမန်လူတွေ ကားဝယ်စီးဖို့ဆိုတာ ၂၀၁၁ မော်ဒယ်အထက် မဖြစ်နိုင်တော့လို့ တင်သွင်းထားပြီးသား အနိမ့်ကားတွေထဲကပဲ ရွေးချယ်ရတော့မှာဖြစ်တယ်။ အဲသည်အတွက် ဘရန်းနယူးစီးတဲ့လူတန်းစားနဲ့ နံပါတ်ဟောင်းစီးတဲ့ လူတန်းစားကွဲပြားသွားမှာဖြစ်တယ်။ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ တင်သွင်းတာက ဘယ်မောင်းဘရန်းနယူးပါ။ ကားအသစ်တွေဖြစ်လို့ မြို့ရဲ့ဂုဏ် ကိုလည်းတိုးမြင့်စေတယ်။ နယ်လိုင်စင်နဲ့ နယ်မှာပဲစီးဖို့ကမသင့်တော်ပါဘူး။ ရန်ကုန်လိုင်စင်ရချင်ရင် စလစ်ကပ်ရမယ် ဆိုတာကလည်း မဖြစ်သင့်ပါဘူး။ အဲဒါကြောင့်၂၀၁၅ မော်ဒယ်အထက်တင်သွင်းရင်တော့ ရန်ကုန် လိုင်စင်ပြန်လည်ချထားပေးသင့်တယ်လို့ ကားတင်သွင်းရောင်းချသူတွေက ဆန္ဒပြုပါတယ်။
Credit : kumudranews