BEC-TERO TV

ဆိပ်ကမ်း၌ ထုတ်ယူခြင်းမရှိသော ကားစီးရေ နှစ်ထောင်ကျော် လေလံတင်မည့် သတင်းမှာ မမှန်ကန်

16 Feb 2017     1,416 Views


ဆိပ်ကမ်း၌ လာရောက်ထုတ်ယူခြင်းမရှိသော မော်တော်ကား အစီးရေ ၂၀၀၀ ကျော်ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က လေလံတင်ရောင်းချမည်ဆိုသော သတင်းမှာ မှန်ကန်မှုမရှိကြောင်း အဆိုပါအဖွဲ့မှ သတင်းထုတ်ပြန်လိုက်သည်။
 
ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပြည်တွင်းမီဒီယာတစ်ခုမှ တစ်နှစ်ကျော်သည်အထိ ဆိပ်ကမ်းတွင် လာရောက်ထုတ်ယူခြင်းမရှိသည့် ကားအစီးရေ ၂၀၀၀ ကို ပထမအသုတ်အဖြစ် လေလံတင်ရောင်းချမည်ဟု ရေးသားဖော်ပြခဲ့သော သတင်းမှာ မမှန်ကန်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
 
သီလဝါဆိပ်ကမ်းတွင် အချိန်ကာလ တစ်နှစ်ကျော်ကြာမြင့်သည်အထိ လာရောက်ထုတ်ယူခြင်းမရှိသော မော်တော်ယာဉ်များကို အသိပေးထုတ်ပြန်ထားသော ဥပဒေအရ နိုင်ငံပိုင်အဖြစ် သိမ်းယူခဲ့ခြင်း ဖြစ်ပြီး လေလံတင်ရောင်ချမည်ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း ပြောဆိုခဲ့သည်။
ဆိပ်ကမ်းတွင် လာရောက်ထုတ်ယူခြင်းမပြုသော ကားအများစုမှာ မော်ဒယ်နှစ်သတ်မှတ်ချက် ကွဲလွဲခြင်း၊ ကားအရောင်းစင်တာလုပ်ငန်း ရပ်ဆိုင်းလိုက်ခြင်းတို့ကြောင့် ဖြစ်ကြောင်း သတင်းရရှိသည်။
 
Source:မြစ်မခ
 

16 Feb 2017     1,416 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS