ဆိုင်ခန်းလခမပေးလို့ မီးဖြတ်ခံရတဲ့ Red Link ကုမ္ပဏီက မြန်မာပလာဇာကို မီးဖြတ်လို့ ဆန္ဒပြ
14 Feb 2017 1,600 Views

မြန်မာပလာဇာ ဒုတိယ ထပ်ရှိ Red Link ဆိုင်ခန်းတွင် လျှပ်စစ်မီးမရရှိသဖြင့် ဖေဖော် ဝါရီ ၁၃ ရက်တွင် ယင်းဆိုင်ဝန် ထမ်းများက ပလာဇာတွင်းရှိ ၎င်း တို့၏ ဆိုင်ခန်းရှေ့၌ ဆန္ဒဖော် ထုတ်ခဲ့ကြသည်။

Red Link ဆိုင်ခန်းက မြန်မာပလာဇာကို စီမံခန့်ခွဲသည့် HAGL ကုမ္ပဏီသို့ ဆိုင်ခန်းငှားခ ငါးလ စာပေးအပ်ရန် ကျန်ရှိနေရာ မြန်မာပလာဇာဘက်က သတိပေး ပြောကြားသော်လည်း လာရောက်ပေးဆောင်ခြင်းမရှိသဖြင့် ဖေဖော်ဝါရီ ၁၃ ရက် နံနက်က စတင်၍ အဆိုပါ Red Link ဆိုင်ခန်းအား လျှပ်စစ်မီး ဖြတ်တောက်ခဲ့ ကြောင်း မြန်မာပလာဇာ HAGL ကုမ္ပဏီ PR မန်နေဂျာ မဇင်မာ သက်မွန်က ပြောသည်။
‘‘ဆိုင်ခန်းတွေ စငှားကတည်းက နှစ်ဦးသဘောတူဥပဒေအရ စာချုပ်စာတမ်းနဲ့ ငှားခဲ့တာဖြစ်ပါ တယ်။ မတရားသဖြင့်နဲ့လည်း ဒီ လျှပ်စစ်မီးကို ဖြတ်ခဲ့တာ မဟုတ် ဘူး။ ဒီဆိုင်ခန်းအတွက် Pay-ment ပေးရမှာကို ပြောတာ အ ကြိမ်ပေါင်းများစွာ ပြောထားပြီး ပြီ။ Notice လည်း ပေးခဲ့တယ်။ ဒါပေမဲ့ ငါးလလောက် Payment မပေးတဲ့အတွက်ကြောင့် လျှပ်စစ် မီးကို ဖြတ်ခဲ့တာပါ။ ဒီဆိုင်မှ မဟုတ်ဘူး။ လျှပ်စစ်မီတာရုံးမှာ မီတာခ မဆောင်တဲ့အခါ Late Reply မလာရင် Notice ပေး တယ်။ အစိုးရ လုပ်ထုံးလုပ်နည်း အတိုင်းလိုပါပဲ’’ဟု ၎င်းက ပြော သည်။
ယခုကိစ္စနှင့်ပတ်သက်၍ HAGL မြန်မာကုမ္ပဏီနှင့် အခြား ဆိုင်ခန်းရှင်အချို့၏ လုပ်ငန်း များ ထိခိုက်နစ်နာခဲ့သည့်အ တွက် တရားဥပဒေလမ်းကြောင်း အတိုင်း ဆက်လက်ဖြေရှင်းသွား မည်ဟု HAGL မြန်မာကုမ္ပဏီမှ သတင်းထုတ်ပြန်ခဲ့သည်။
မီးဖြတ်သဖြင့် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁၁ နာရီခန့်ကစ၍ Red Link ဆိုင်ခန်းရှိ ဝန်ထမ်းဦး ရေ ၂၀ ခန့်က ဆိုင်ခန်းရှေ့၌ ‘HAGL မတရားဘူး’ဟု ရေးသား ထားသည့် စာရွက်များကိုင် ဆောင်၍ မတရားခံရကြောင်း ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ Red Link ဆိုင်ခန်းရှိ တာဝန်ရှိသူထံ မေးမြန်းရာ ပြန် လည်ဖြေကြားခြင်းမရှိဘဲ တရား ဥပဒေအရ ရှေ့နေများဖြင့်သာ ယင်းကိစ္စကို ဖြေရှင်းမည်ဟု ပြော ကြားသည်။
Red Link ဆိုင်ဝန်ထမ်းများ က ဆန္ဒထုတ်ဖော်မှု ဖြစ်ပွားခဲ့ သဖြင့် မြန်မာပလာဇာမှ စက်လှေကားတစ်ခုကို ခေတ္တပိတ်ထားပြီး လုံခြုံရေးဝန်ထမ်းများဖြင့် ပိတ်ဆို့ တားဆီးမှု ပြုလုပ်ခဲ့သဖြင့် ယင်း ဆိုင်အနီးရှိ Tony Tun Tun ဆံပင်ညှပ်ဆိုင်၊ အင်းဝစာအုပ် ဆိုင်၊ Sony Showroom နှင့် Kid Plus စသည့်အရောင်းဆိုင်ခန်း ၁၀ ခန်းကျော်လည်း ဈေးဝယ်လာ သူများ နည်းပါးသည်ကို တွေ့ရှိရ သည်။
အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ Red Link မှ တာဝန် ရှိသူနှင့် မြန်မာပလာဇာရှိ တာဝန် ရှိသူတို့ ဆွေးနွေးရာ ယင်းနေ့ ညနေအထိ အဆင်ပြေမှုမရှိသေး ကြောင်း သိရသည်။
Red Link သည် အင်တာ နက်ချိတ်ဆက်ပေးသည့် ဝန် ဆောင်မှုလုပ်ငန်းဖြစ်သည်။
ထို့အပြင် ဖေဖော်ဝါရီ ၈ ရက် ညကလည်း မြန်မာပလာ ဇာ ဒုတိယထပ်ရှိ We Link အင် တာနက်ဆိုင်ခန်းကလည်း ကွန်ပျူ တာသုံးလုံး ခိုးယူခံရပြီး ယနေ့အချိန်အထိ ပလာဇာတာဝန်ရှိသူများ ဘက်က ပြန်လည်ဖြေရှင်းပေးမှုမရှိသေးကြောင်း ယင်းဆိုင်မှ တာဝန်ခံ မချမ်းမြေ့သူက ပြော သည်။ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာပလာဇာ HAGL ကုမ္ပဏီ ဘက်က ဆိုင်ခန်းအတွင်း ပျောက် ဆုံးခဲ့ခြင်းဖြစ်၍ လုံခြုံရေးအရ CCTV များ ပြန်လည်ကြည့်ရှုကာ တာဝန်ကျလုံခြုံရေးဝန်ထမ်းများ ကို စစ်ဆေးအရေးယူပေးမည်ဟု ပြောကြားသည်။
The HAGL မြန်မာပလာဇာ ကို ဗီယက်နမ်အခြေစိုက် Hoang Anh Gia Lai က ပိုင်ဆိုင်ပြီး ၂၀၁၆ အတွင်း ဖွင့်လှစ်ခဲ့ကာ စား သောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်နှင့် အလှအပဖက်ရှင်အပါ အဝင် ဆိုင်ခန်းများရှိရာ စင်တာ တစ်ခုဖြစ်သည်။
Credit:7DayDaily