BEC-TERO TV

ဗယ်လင်းတိုင်းအမီ ချစ်သူနှင့်ပေါင်းဖက်ရန် ကြိုးစားရာ မအောင်မြင့်သဖြင့် မိမိကိုယ်ကို အဆုံးစီရင်

13 Feb 2017     1,529 Views


ဖေဖော်ဝါရီလ ၁၀ ရက်နေ့က သမီးရည်းစားနှစ်ဦး ချိန်းတွေ့ခဲ့ပြီးနောက် ကောင်လေးက ခိုးပြေးကြမည်ဟု ပြောဆိုရာ မိန်းကလေးမှ ငြင်းဆန်ခဲ့သဖြင့် မိမိကိုယ်ကို ကြိုးဆွဲချကာ အဆုံးစီရင်မှုတစ်ခု ထားဝယ်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
 
ဖြစ်စဉ်မှာ အသက် ၂၂ နှစ်အရွယ် အမျိုးသားက သူ၏ ရည်းစားဖြစ်သူ မိန်းကလေးအား ဆိုင်ကယ်နှင့် ခေါ်ဆောင်ကာ ထားဝယ်မြို့ ကံပေါက်ဓါတ်ငွေ့ပိုက်လိုင်းအနီးတွင် ချိန်းတွေ့ခဲ့ကြပြီးနောက် ကောင်လေးက ခိုးပြေးကြရန် ပြောဆိုခဲ့ရာ မိန်းကလေးမှ အသက်ငယ်သေးသဖြင့် ခိုးရာမလိုက်နိုင်ကြောင်း ငြင်းဆန်ခဲ့ပြီး ကောင်လေးကို ထားခဲ့ကာ လမ်းလျှောက်၍ တစ်ယောက်ထဲ အိမ်ပြန်လာခဲ့သည်။
 
ချိန်တွေ့သောနေရာနှင့် ပေ ၃၀၀ ခန့်အကွာအရောက်တွင် ချစ်သူကောင်လေးက သူမအား ဖုန်းဆက်ပြီး သူကြိုးဆွဲချသေးဆုံးသွားသည့်အကြောင်းအား သူ၏မိသားစုအား မှာကြားပေးရန် ပြောဆိုခဲ့သည်၊ ထို့ကြောင့် မိန်းကလေးမှာ ချိန်းတွေ့ရာနေရာသို့ အမြန်ပြန်ပြေးကာ တားမြစ်ရန် သွားခဲ့ရာ သစ်ပင်၌ လုံချည်ကွင်းနှင့် ကြိုးဆွဲချသေဆုံးနေခဲ့ကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
 
အဆိုပါအမှုအား ကံပေါက်နယ်မြေရဲစခန်းက သွားရောက်စစ်ဆေးခဲ့ပြီးနောက် ကြိုးဆွဲချရန် အသုံးပြုခဲ့သော ပုဆိုးမှာ အိမ်မှထွက်လာစဉ်ထဲက အပိုယူဆောင်လာခဲ့ခြင်းဖြစ်ပြီး ကြိုးဆွဲချအဆုံးစီရင်ရန် ကြိုတင်ကြံစည်ခြင်းဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့ပြီးနောက် အဆိုပါ ကြိုးဆွဲချ သေဆုံးမှုကို ကံပေါက်နယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၇) ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
 
Source:DaweiWatch 

13 Feb 2017     1,529 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS