BEC-TERO TV

အခွန်ရှောင်သူဖော်ထုတ်ပေးဖို့ လူထုကိုဆုကြေးနဲ့ ဆွဲဆောင်မည်

10 Feb 2017     1,377 Views


၂၀၁၇ ခုနှစ် အခွန်အကောက်ဥပဒေမှာဝန်ထမ်းတွေကို လုပ်ငန်းတာဝန်ကျေပွန်တဲ့ အခွန်ဝန်ထမ်းနဲ့ အခွန်မပေးဆောင်သူကို သတင်းပေးသူနဲ့ ရှာဖွေ ဖမ်းဆီးပေးသူကို ဆုကြေး ချီးမြှင့်ပေးဖို့ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များရရှိပိုင်ဆိုင်ထားခြင်းအတွက် အထူးကုန် စည်ခွန်ဥပဒေအရတပ်ရိုက်တဲ့ ဒဏ်ငွေကောက်ခံရရှိမှုရဲ့ ၂၀ ရာခိုင်နှုန်းကိုသတင်းပေးအားလည်း ကောင်း ၃၀ ရာခိုင်နှုန်းကိုရှာဖွေဖမ်းဆီးတဲ့ အဖွဲ့အားလည်းကောင်း ဆုကြေးအဖြစ်ချီးမြှင့်ရမည်လို့ ၂၀၁၇ ခုနှစ် အခွန်အကောက်ဥပဒေကြမ်းမှာ ပါဝင်ပါတယ်။ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအဖွဲ့ဝင်မော်လိုက်မဲ ဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်းက ပြည်သူတွေ ကလဲ တာဝန်သိစိတ်ရှိမှ ပြီးတော့ ပြည်သူတွေရဲ့လုံခြုံမှုကိုလဲပေးနိုင်မှ ဒီဟာက အောင်မြင်မှာ၊  လူထုကလဲ သူတို့ရဲ့အသက် အန္တရာယ်နဲ့ယှဉ်လာရင် လုံခြုံမှုမရှိဘူးလို့ သူတို့စိတ်ထဲမှာ ခံစားရရင် ဥပဒေက ဥပဒေအတိုင်းပဲဖြစ်နေလိမ့်မယ်၊ အကောင်အထည်မဖော်နိုင်ဘူးပေါ့လို့ ဆိုပါတယ်။

ဥပဒေအသက်ဝင်ဖို့ သက်ဆိုင်ရာအစိုးရတွေအနေနဲ့ သတင်းပေးသူ၊ ဖော်ထုတ်ပေးသူတွေကို ထိရောက်တဲ့ အကာအကွယ်တွေပေးနိုင်မှ အောင်မြင်မှာဖြစ်လို့ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ပူး ပေါင်းပါဝင်မှုကလည်း လိုအပ်တယ်လို့သိရပါတယ်။ နောက်တစ်ခုက အခွန်ဥပဒေကြမ်းဆွဲရာမှာ ကုန်သွယ်ခွန်ရော၊ ဝင်ငွေခွန်ရော၊ အထူးကုန် စည်ခွန်ရော အာလုံးအပါအဝင်ဆိုရင် ဝန်ထမ်းတွေက ထိထိရောက်ရောက်အလုပ်လုပ်နိုင်ဖို့ အတွက် ဆုကြေးငွေတစ်ခု ကိုပေးပြီး ရေရှည်အတွက်ဆွဲဆောင်တဲ့ နည်းလမ်းဖြစ်တဲ့ အခွန်ဝန်ထမ်းကို ဆုကြေးငွေပေးဖို့ ကိစ္စကိုထည့်သွင်းထားတယ်လို့သိရပါတယ်။ သည်အချက်အတွက် မူလ ဥပဒေကြမ်းမှာတော့ ပြည်တွင်းအခွန်များဦးစီးဌာနက တာဝန်ယူ ကောက်ခံတဲ့အခွန်အကောက်လျာထားချက်ရဲ့ တစ်ရာခိုင်နှုန်းကို ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေမှာ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ အသုံးစရိတ်အဖြစ်ခွင့်ပြုပေးဖို့လို့ ပါဝင် ပေမဲ့ သုံးစွဲခွင့်ပမာဏကိုလွှတ်တော်ကော်မတီနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတို့ကြား ဆွေးနွေးချက် တွေအရပြင်ဆင်လိုက်တယ်လို့သိရပါတယ်။

‘ဒီနေ့ ပြင်လိုက်တယ်ပေါ့နော်၊ အဲဒီမှာတော့ ရာခိုင်နှုန်းအမောင့်တစ်ခုကိုမထည့်ထားဘဲနဲ့ နိုင်ငံတော်က အခွန်နဲ့ပတ်သက်ပြီးတော့မှ ထိထိရောက်ရောက်အောင်အောင်မြင်မြင်ဆာင်ရွက် နိုင်ဖို့ဆိုပြီးတော့မှာ ဆုချီးမြှင့်ငွေကို နိုင်ငံတော်က အသိအမှတ်ပြု ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ပေးဖို့တော့ ဥပဒေကြမ်းမှာထည့်ဆွဲထားပါတယ်လို့ ဒေါ်ချိုချိုဝင်းကဆိုပါတယ်။

‘သူတို့ mindset ပြောင်းလဲလာဖို့ကို အချိန်ကာလတစ်ခုတော့ပေးမယ်၊ သူတို့လိုအပ်ချက်ကိုလဲ ဖြည့်ဆည်းပေးဖို့ကြိုးစားမယ်၊သူတို့ကလဲ ပြောင်းလဲဖို့ကြိုးစားမယ်ဆိုရင် အတူတူလက်တွဲပြီးတော့ သွားကြမယ်ဆိုတဲ့ စိတ်တစ်ခုပေါ့၊ ဒီအပေါ်မှာမှ သူတို့မပြောင်းလဲနိုင်ဘူးဆိုရင် တရားဥပဒေအရ ဖြေရှင်းသွားမှာပါလို့ ဒေါ်ချိုချိုဝင်းက ဆိုပါတယ်။ ချီးမြှင့်မှုမှာ ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ပေးဆောင်သူများဥပဒေနှင့်အညီခံစားနိုင် သော အခွန်ဆိုင်ရာသက်သာခွင့်၊ သက်သာခွင့်များနှင့်အညီအခွန်ကောက်ခံရာတွင် တွက်ချက်ခွင့် ပြုခြင်း၊ အခွန်ဆိုင်ရာတာဝန်ကျေပွန်သည့် အခွန်ဝန်ထမ်းများ၊ အခွန်ထမ်းပြည်သူများအားအသိအ မှတ်ပြုခြင်း၊ ထိုက်သင့်သော ချီးမြှင့်မှုများနှင့် စီမံဆောင်ရွက်ခြင်းပြုလုပ်ပေးရမည်လို့ မူလဥပဒေကြမ်းမှာ ပါဝင်ပါတယ်။

အခွန်ဝန်ထမ်းကိုချီးမြှင့်မယ်ဆိုတာနဲ့ပတ်သက်လို့တော့ လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာ လည်း သဘောထားကွဲလွဲသူတွေရှိနေပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ ဒေါ်ချိုချိုဝင်းက လစာဆိုတာကတော့ ဘယ်လိုမှ အဆင်မပြေဘူးဆိုတာ အားလုံးလဲ သိပြီးသားပါ၊ အချို့ကလဲ ကြံ့ကြံ့ခံကြတယ်၊ ကြံ့ကြံ့မခံ နိုင်တဲ့သူတွေကျတော့လဲ ဒီလို တွေလုပ်ကြတယ်၊ ဒါကြောင့်မို့လို့လဲ ဆုချီးမြှင့်ငွေကိုထည့်ပေးထားတာလို့ ရှင်းပြပါတယ်။ တရားဥပဒေစိုးမိုးမှုအောက်မှာ အခွန်ကိုနိုင်နိုင်နင်းနင်း ကောက်ခံနိုင်ဖို့လိုနေတာလည်းဖြစ်ပါတယ်။ ဝင်ငွေခွန်၊ စည်းကြပ်ခွန်လွတ်ကင်းသူတွေ များစွာရှိနေပါတယ်။ ဒါတွေကို စနစ်တကျဥပဒေနဲ့အညီကောက်ခံဖို့ကို အခွန်ဌာနက ဝန်ထမ်းတွေအနေနဲ့ပူးပေါင်း ပါဝင်ဆောင်ရွက်လာအောင်စည်းရုံးနိုင်ဖို့လိုအပ်တယ်လို့ သိရပါတယ်။

Credit : kumudranews


10 Feb 2017     1,377 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS