BEC-TERO TV

မန္တလေးရှိ ဟိုတယ်များ နိုင်ငံခြားသားတည်းခိုမှု အကြောင်းကြားခြင်းရှိ ၊မရှိ

10 Feb 2017     1,363 Views


မန္တလေးမြို့ရှိ ဟိုတယ် များတွင် နိုင်ငံခြားသားတည်းခိုမှု နှင့်ပတ်သက်၍ စနစ်တကျ အကြောင်းကြားထားခြင်း ရှိ၊ မရှိ သက်ဆိုင်ရာက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ အောင်မြေသာစံမြို့နယ် ရှိ ဟိုတယ်သုံးလုံးကို ဖေဖော်ဝါရီ ၅ ရက်က ရှောင်တခင် ဝင် ရောက် စစ်ဆေးခဲ့ရာ ဟိုတယ် တစ်ခုသာ နိုင်ငံခြားသားများ ရောက်ရှိတည်းခိုနေမှုကို Form -C ဖြင့် အကြောင်းကြားထားပြီး ကျန်ဟိုတယ် နှစ်ခုက ယင်းသို့ အကြောင်းကြားထားခြင်းမရှိ၍ ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်မည်ဟု မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရ ရှိသည်။ ဟိုတယ်များတွင် နိုင်ငံခြား သားများ လာရောက်တည်းခိုခြင်း နှင့်ပတ်သက်၍ အသိပေးဟော ပြောပွဲများ၊ သတိပေးခြင်းများ ပြုလုပ်ပြီးဖြစ်၍ ရှောင်တခင် စစ်ဆေးအရေးယူခြင်းများကို ဖေဖော်ဝါရီလဆန်းတွင် စတင် ပြုလုပ်နေပြီဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးဝင်း မြင့်က ပြောသည်။

ယခင်က ဟိုတယ်၊ မိုတယ် နှင့် တည်းခိုခန်းများတွင် နိုင်ငံခြား သားများ ရောက်ရှိတည်းခိုမှုကို သက်ဆိုင်ရာမြို့နယ် လဝကသို့ အကြောင်းကြားခြင်းမရှိ၍ ပြစ်မှု တစ်စုံတစ်ရာ ဖြစ်ပွားမှသာ စစ် ဆေးတွေ့ရှိရကြောင်း တိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီး ဌာနမှ သိရသည်။ ဟိုတယ်သို့ နိုင်ငံခြားသား များ လာရောက်တည်းခိုခြင်းကို ၂၄ နာရီအတွင်း အကြောင်းကြား ခြင်းမရှိပါက ပိုင်ရှင်(သို့) မန် နေဂျာကို ၁၉၄၈ နိုင်ငံသားများ မှတ်ပုံတင်ရေးနည်းဥပဒေအပိုဒ် ၁၄(၆) ကျူးလွန်ဖောက်ဖျက် သဖြင့် ပုဒ်မ ၅(၁)ဖြင့် တရား စွဲဆို အရေးယူရမည်ဖြစ်သည်။ အဆိုပါ ပုဒ်မ ၅(၁)ကို ဖောက်ဖျက်ကျူးလွန်မှု ထင်ရှား ပါက ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ကျခံနိုင်ကြောင်း သိရ သည်။ မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၆ နှစ်ကုန်အထိ ဟိုတယ် အလုံးပေါင်း ၁၈၉ လုံး ဖွင့်လှစ် ခွင့်ပြုထားသည်။

Credit : 7daydaily


10 Feb 2017     1,363 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS