ပြိုင်ပွဲအတွက်ခွဲစိတ်မှုတွေ လုပ်မယ့် ဇွန်သံစဉ်
09 Feb 2017 1,651 Views

အလှမယ်ဇွန်သံစဉ်ဟာ Miss Universe Myanmar 2017 Winner ဆုရှင်တစ်ဦးဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ပြုလုပ်မယ့် Miss Universe 2017 မှာ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ဖို့ အတွက်လိုအပ်တဲ့ ခွဲစိတ်မှုတွေ လုပ်မယ်လို့ ပြောထားပါတယ် ။
ပြိုင်ပွဲအတွက် အဓိက ပြင်ဆင်မှုအနေနဲ့ သူမရဲ့ မျက်နှာကို ပရိသတ်တွေစိတ်ကြိုက်ပြုပြင်ပြီး ပြောင်းလဲလို့ ရတဲ့ သွား ကနေစပြီး အခြားအစိတ်အပိုင်းတွေကိုလဲ ပြုပြင်ဖို့ ဆုံးဖြတ်ထားတယ်လို့လည်း သိရပါတယ်။ သွားရောက်ယှဉ်ပြိုင်ရမယ့် Miss Universe 2017 ပြိုင်ပွဲအတွက် အကောင်းဆုံးဖြစ်အောင် လေ့လာစရာတွေ သင်ယူစရာတွေကို သင်ယူနေပြီး အခုချိန်ကစလို့ အသေးစိတ်ပြင်ဆင်မှုတွေလုပ်နေတယ်လို့လည်း သိရပါတယ်။
ဒီလိုခွဲစိတ်မှုဟာလည်း ပြိုင်ပွဲအတွက် ဘာအနှောင့်အယှက်မှ ဖြစ်စေမှာမဟုတ်သလို နိုင်ငံတကာက အလှမယ်တွေလည်း ခွဲစိတ်ပြုပြင်ထားတာ ဖြစ်တယ်လို့လဲပြောထားပါတယ် ။ အရှေ့က စီနီယာအမတွေက အကောင်းဆုံးလမ်းကို ဖောက်ခဲ့တဲ့အတွက် အကောင်းဆုံး ကြိုးစားသွားမှာပါလို့ ပြောထားပါတယ် ။ လက်ရှိမှာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေပြီး သူမအတွက် လုပ်ကွက်ရမယ့် ဇာတ်ကားတွေရှိရင် ရိုက်ကူးသွားမှာ ဖြစ်ပြီး အဓိက တော့ ပြိုင်ပွဲအတွက် ဦးစားပေးလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Credit:Duwun