BEC-TERO TV

Valentine’s Day မှာ မိန်းကလေးတွေ သတိထားသင့်တဲ့ အချက် ၇ ချက်

08 Feb 2017     1,551 Views


(၁) ကိုယ်နဲ့ အပြင်မှာတစ်ခါမှ မတွေ့ဘူးတဲ့ သူနဲ့ ဒီလိုနေ့ မျိုးမှာတွေ့ဖို့ စီစဉ်တာက ရင်ခုန်စရာကောင်းပါလိမ့်မယ်။ ဒါပေမဲ့ အန္တရာယ်များလွန်းတာကြောင့် ဘယ်တော့မှ မလုပ်ပါနဲ့ ။

(၂) ကိုယ့်ချစ်သူက ကိုယ်နဲ့ ထပ်တူ ချစ်သူများနေ့ အတွက် ရင်ခုန်ကြိုတင်ပြင်ဆင်ပေးလိမ့်မယ်လို့ မမျှော်မှန်းထားပါနဲ့ ။ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင် ကိုယ်ပဲ စိတ်ထိခိုက်ရပါလိမ့်မယ်။

(၃) ရင်းနှီးကျွမ်းဝင်ပြီးသားသူတွေနဲ့ ဆိုရင်တောင် ကိုယ်အကျွမ်းတ၀င်ရှိနေတဲ့နေရာ တွေကလွဲလို့ တခြားနယ်ကျော်ပြီးမသွားပါနဲ့ ။ သတိဆိုတာ ပိုတယ်လို့ မရှိပါဘူး။

(၄) Valentine Day မှာ ချစ်သူနဲ့ သွားတွေ့တာပဲဖြစ်ဖြစ်၊ အခုမှ Propose လုပ်တာခံရဖို့ သွားတာပဲ ဖြစ်ဖြစ် ခေတ်ရှေ့ပြေးလွန်းတဲ့ အ၀တ်အစားဝတ်တာမျိုးကို ရှောင်ပါ။ ကိုယ်ဘယ်လောက် ဂရုစိုက်ဆင်ခြင်တတ်သလဲဆိုတာကို သူသိအောင်ပြပါ။

(၅) ကိုယ့်ချစ်သူအတွက် လက်ဆောင်ပေးဖို့ မမေ့ပါနဲ့။ ကိုယ်က မိန်းကလေးမို့ လက်ဆောင်ရသင့်တယ်ဆိုရင် ကိုယ့်ချစ်သူကိုလည်း လက်ဆောင်ပြန်ပေးရပါမယ်။

(၆) အရက်၊ ဘီယာ မူးယစ်ရီဝေစေတာတွေကို သူ့ကိုလည်း ပေးမသောက်ပါနဲ့ ၊ ကိုယ်လည်း လိုက်လျောပြီး မသောက်မိပါစေနဲ့ ။

(၇) အရေးကြီးဆုံးကတော့ အဲဒီနေ့ မှာ ကိုယ့်ချစ်သူကို လမ်းခွဲဖို့ စကားမပြောဖို့ ပါပဲ။ (ဘယ်သူက ဒီလိုမိန်းကလေးကို ဆက်ကြိုးစားချင်တော့မှာပါလဲ)

Credit : T-club Myanmar


08 Feb 2017     1,551 Views




RELATED

Most Popular of Special or Others

Most Popular of Life Style