ဘေးကင်းလုံခြုံသည့် စားကုန်များဖြစ်ရန် နိုင်ငံတော်အဆင့် စီမံချက် ရေးဆွဲဖော်ဆောင်မည်
08 Feb 2017 1,410 Views

‘‘မြန်မာနိုင်ငံမှာ စားသောက် ကုန်နဲ့ပတ်သက်လို့ အန္တရာယ်ရှိတဲ့ အဆင့်ကိုရောက်နေပါပြီ။ ရိုးရာ မုန့်ဟင်းခါး အစားအစာမှာလည်း တာရှည်ခံဆေးတွေပါနေတယ်။ ငှက်ပျောသီး၊သရက်သီးတွေက အစ မှည့်ဆေးတွေနဲ့ ဓာတုဆေး ၀ါးဓာတ်ကြွင်းတွေပါနေတာပါ။ အကင်ဆိုင်တွေက အသားတွေက ဆိုးဆေးတွေနဲ့ နီရဲနေတာတွေ၊ တရုတ်၊ ထိုင်းတို့က၀င်လာတဲ့ အာဟာရတန်ဖိုးနည်းတဲ့ အစား အစာတွေကို ကလေးတွေ မက် မက်စက်စက်နဲ့ စားနေကြတယ်။ ဒါတွေက အနာဂတ်ကလေးတွေ အတွက် အန္တရာယ်တွေဖြစ်တယ်။ ဒါကြောင့် ဘေးကင်းလုံခြုံတဲ့ စား ကုန်တွေဖြစ်ဖို့ နိုင်ငံတော်အဆင့် စီမံချက်တစ်ရပ် ရေးဆွဲအကောင် အထည်ဖော်ဖို့ လုပ်ပါမယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့က ပြည်သူ့ လွှတ်တော်မှာလည်း အတည်ပြု ပြီးသွားပါပြီ’’ဟု
သနပ်ပင် မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးမြင့်ဦးကဆိုသည်။ ကျောင်းမုန့်ဈေးတန်းများ အ ပါအ၀င် မြန်မာနိုင်ငံတစ်ဝန်းရှိ ဈေးကွက်အတွင်း ကျန်းမာရေးနှင့် မညီညွတ်သည့် ဓာတုဆိုးဆေးပါစားသောက်ကုန်များ စားသောက်ဖွယ်ရာများ ရောင်းချနေခြင်းကို ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ရန် တာဝန်ရှိသည့် ဌာနဆိုင်ရာများစုပေါင်းပါဝင်သော နိုင်ငံတော်အဆင့်မီ စီမံချက်တစ်ရပ်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဖေဖော်ဝါရီ ၂ ရက်တွင် ဒုတိယအကြိမ်ပြည်သူ့ လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး၌ ရွှေဘိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်အေဇင်လတ်က တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက ထောက်ခံဆွေးနွေးခဲ့သဖြင့် လွှတ်တော်ကအတည်ပြုပေးခဲ့သည်။
ဘေးကင်းလုံခြုံသည့် စား သောက်ကုန်များဖြစ်လာစေရန် နိုင်ငံတော်အဆင့်စီမံချက်တစ်ရပ် ရေးဆွဲအကောင်အထည်ဖော်ရာ ၌ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တစ်ခုတည်းမဟုတ်ဘဲ နှီး နွှယ်နေသော ၀န်ကြီးဌာနများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ ပြည်သူများ၏ ပါဝင်မှုသည်လည်း အရေးကြီးကြောင်း ထောက်ခံ ဆွေးနွေးသည့် လွှတ်တော်ကိုယ် စားလှယ် ၁၅ ဦးတွင် ပါဝင်သော လွှတ်တော်ကိုယ်စားလှယ် ဦးမြင့် ဦးက ဆိုသည်။ ‘‘ဒီကိစ္စကို ဖြေရှင်းဖို့ဆိုရင် FDA ဌာနတစ်ခုတည်းက တာဝန် ရှိသလိုဖြစ်နေတယ်။ အမှန်က ကုန်သွယ်ရေး၊ ပြည်ထဲရေး၊ ပညာ ရေးစတဲ့ ဆက်နွှယ်နေတဲ့ဝန်ကြီး ဌာနတွေအားလုံး ပါဝင်ရပါမယ်။ နောက် လူမှုအဖွဲ့အစည်းတွေ၊ လူ ထုလူတန်းစားအားလုံးပါဝင်လာ ရင် မအောင်မြင်စရာမရှိပါဘူး။
နိုင်ငံတော်အဆင့် စီမံချက်က အ မြန်ဆုံးအကောင်အထည်ဖော်နိုင် လေ ပြည်သူ့အတွက် အကျိုးရှိလေ ပါပဲ’’ဟု လွှတ်တော်ကိုယ်စား လှယ် ဦးမြင့်ဦးကဆိုသည်။ ထို့အပြင် ၂၀၁၄ မတ်လက ပြဋ္ဌာန်းခဲ့သည့် စားသုံးသူကာကွယ် ရေးဥပဒေကို ယခုအချိန်တွင် ပြင် ဆင်ရေးဆွဲလျက်ရှိပြီး လွှတ်တော် ၌ အတည်ပြုပြီးပါက စားသုံးသူ ကာကွယ်ရေးအပိုင်းတွင် အာဏာ စက်ပိုပြီးရှိလာမည်ဟု မြန်မာနိုင်ငံ စားသုံးသူများ သမဂ္ဂနာယက၊ မန္တ လေးတိုင်းဒေသကြီး စာသုံးသူအ ငြင်းပွားမှု ဖြေရှင်းမှုအဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာအောင်မြင့်က ပြော ကြားသည်။
Credit : 7daydaily