ကျောက်ထုတ်လုပ်ငန်းလိုင်စင်ကိစ္စ မကျေနပ်၍ အုပ်ချုပ်ရေးမှူးရုံးကို ခေါင်းနှင့်ပြေးဆောင့်ခဲ့သူအား အမှုဖွင့်
08 Feb 2017 1,357 Views
မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ ကျောက်ထုတ်လုပ်ငန်း ကုမ္ပဏီတစ်ခုဖြစ်သည့် “Long Life Aggregate Mining Co.Ltd” ကို ဒေသခံများကန့်ကွက်နေသည့်ကြားမှ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်သက်တမ်းတိုးပေးခဲ့သည့် ကိစ္စကို မကျေနပ်၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ပြတင်းပေါက်တစ်ခုအား ခေါင်းဖြင့်ပြေးဆောင့်ခဲ့သူ ကိုဇော်ဇော်ထွေးအား ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။
ကိုဇော်ဇော်ထွေးသည် ဖေဖော်ဝါရီ ၃ ရက် ညနေ ၃ နာရီကျော်က မွန်ပြည်နယ် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းရောက်ရှိနေသည့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ တံခါး တစ်ခုကို ခေါင်းဖြင့် ပြေးဆောင့်ခဲ့ရာ တံခါးမှ မှန်တစ်ချပ် ကွဲခဲ့ သည်။ ထိုမှန်ကွဲသွားသဖြင့် ကာ လတန်ဖိုး ငွေခြောက်ရာကျပ် ဆုံး ရှုံးခဲ့ရာ ပြည်သူပိုင်ပစ္စည်း ကာ ကွယ်ရေးဥပဒေပုဒ်မ ၆(၁) အရ အရေးယူပေးရန် ဒုမြို့နယ် အုပ် ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်က ပေါင်ရဲစခန်းတွင်ဖြင့် အမှုဖွင့်ခဲ့ ခြင်းဖြစ်ကြောင်း ပေါင်မြို့မရဲစ ခန်းမှ သိရသည်။
အဆိုပါဒေသသို့ Long Life ကုမ္ပဏီ စတင်လုပ်ကိုင်သည့် အချိန်ကစပြီး သောက်သုံးရေ၊ လယ်ယာချောင်း မြောင်းပျက်စီးစေခြင်း၊ ဥယျာဉ်ခြံ မြေပျက်စီးစေခြင်း စသည့်ပြဿ နာများဖြစ်လာသည့်အတွက် ကျောက်ထုတ်လုပ်ရေးလုပ်ကိုင် ခွင့်နှင့် ပတ်သက်၍ ရပ်တန့်ရန် ကိုဇော် ဇော်ထွေးက ဦးဆောင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
Ref:7Day
-------------------------------------------
လှုမှုကွန်ယက်ပေါ်တွင် အတည်မပြုနိုင်သော ပြောကြားချက်တစ်ခုအရ ကုမ္ပဏီအား သက်တမ်းတိုးပေးသော ကိစ္စအား မကျေနပ်ပါက တိုင်နှင့်ခေါင်းနှင့် ပြေးဆောင့်သေဟု တာဝန်ရှိသူ အကြီးအကဲတစ်ဦးက ပြောကြားခဲ့သဖြင့် ယခုကဲ့သို့ ပြေးဆောင့်ခဲ့ကြောင်းလည်း သတင်းပျံ့နှံ့ခဲ့သည်။