BEC-TERO TV

အမြန်လမ်းကားမီးလောင် လူ(၈)ဦး သေဆုံးခဲ့ရမှုတွင် လွတ်မြောက်ခဲ့သူမှာ အောင်ခန့်တစ်ဦးတည်း မဟုတ်ကြောင်း သံသယဖြစ်ဖွယ် ဗီဒီယိုထွက်ရှိလာ

08 Feb 2017     2,055 Views


ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၄ မိုင် ၂ ဖာလုံတွင် Hi-Ace အမျိုးအစား အန်စာတုံးကားတစ်စီး မီးလောင်မှုဖြစ်ကာ ယာဉ်ပေါ်ပါလာသူ အမျိုးသမီး (၇)ဦးနှင့် အမျိုးသား (၁)ဦး စုစုပေါင်း (၈)ဦး မီးလောင်သေဆုံးခဲ့ရပြီး အောင်ခန့်ဆိုသည့် အမျိုးသားမှာ အသက်မသေပဲ တစ်ဦးတည်း လွတ်မြောက်ခဲ့သည်။
 
 
 
လွတ်မြောက်လာသူ အောင်ခန့်မှာ ယာဉ်မောင်းသူမှာ သူမဟုတ်ကြောင်း ဖုံးကွယ်ထွက်ဆိုခဲ့ပြီးမှ နောက်ပိုင်တွင် ကားကို သူမောင်းနှင်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး အဆိုပါအမှုကို စီအိုင်ဒီမှ စုံစမ်းစစ်ဆေးလျှက်ရှိနေဆဲဖြစ်သည်။ 
ယခုတစ်လောတွင် ကားမီးလောင်မှုမှု လွတ်မြောက်လာခဲ့သူမှာ အေင်ခန့်တစ်ဦးတည်း မဟုတ်ကြောင်း ဗီဒီယိုတစ်ခုတွင် တွေ့ရှိခဲ့ရကြောင်း မျက်မြင်သက်သေနှင့် ဓါတ်ပုံသက်သေအချို့ ဆက်လက် ထွက်ပေါ်လာခဲ့ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်လာသည်။
 

08 Feb 2017     2,055 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS