အများပိုင်ကုမ္ပဏီတွင် ဘတ်စ်ကားများထည့်သွင်းခွင့်ရရန် အမှတ်ပေးစနစ်ဖြင့် ဆုံးဖြတ်မည်
08 Feb 2017 1,394 Views

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ဘတ်စ်ယာဉ်လိုင်းအချင်းချင်း အပြိုင်အဆိုင် မောင်းနှင်မှုများကြောင့် စမ်းသပ်ကာလ ၃ လနောက်ပိုင်းတွင် အများပိုင်ကုမ္ပဏီ၌ ဘတ်စ်ကားများ ထည့်သွင်းခွင့်ပြုရန် ယာဉ်ပိုင်ရှင်နှင့် ကုမ္ပဏီများအပေါ်တွင် အမှတ်ပေးစနစ်ဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုနှင့် ဇန်နဝါရီ ၁၆ ရက်နေ့က စတင်ကာ YBS စနစ်အသစ်နှင့် ဘတ်စ်ကားများ စုပေါင်းပြေးဆွဲခဲ့ကြရာ နောက်ပိုင်းတွင် ကုမ္ပဏီမတူတဲ့ ဘတ်စ်ကားများအချင်းချင်း ယခင်ပုံစံအတိုင်း အလုအယက် ပြိုင်မောင်းတာကို တွေ့ရှိခဲ့ရတဲ့အတွက်
အမှတ်ပေးဇယားသတ်မှတ်ချက်အတိုင်း စည်းကမ်းပိုင်းဆိုင်ရာ ထိန်းသိမ်းမှုတွေကို ဆောင်ရွက်ပြီးနောက် ရရှိလာသည့် အမှတ်ပေးစနစ် ရလာဒ်အတိုင်း ဆုံးဖြတ်သွားမည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ်ကဲမှုအာဿာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားခဲ့သည်။
လက်ရှိ YBS ဘတ်စကားစနစ်၏ ယာဉ်လိုင်းပေါင်း (၇၉)ခုတွင် ဘတ်စ်ကားကုမ္ပဏီ (၂၁)ခုက စုပေါင်းပါဝင်ပြေးဆွဲလျှက်ရှိကြောင်း သိရှိရသည်။
Source:မြစ်မခ