မန္တလေးဈေးချိုတွင် စာအုပ်ဈေးတန်းဖွင့်ရန် စီစဉ်နေ
07 Feb 2017 1,459 Views

မန္တလေးဈေးချိုတော် တတိယထပ်တွင် ရှော့ပင်းစင်တာ များ၊ စာအုပ်ဈေးတန်းများအပါ အဝင် အခြားဆိုင်ခန်းသစ်များ ထပ်မံဖွင့်လှစ်ရန် စီမံချက်ရေးဆွဲ ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။ မန္တလေးဈေးချို တတိယ ထပ်သည် ဆိုင်ခန်းအလွတ် များ ပြားနေပြီး ဈေးဝယ်သူနည်းပါး ကာ စည်ကားမှုမရှိသဖြင့် ရှော့ပင်းစင်တာနှင့် စာအုပ်ဈေးတန်း များ ဖွင့်လှစ်ရန် လုပ်ငန်းရှင်များ နှင့် ညှိနှိုင်းနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် တာဝန်ရှိသူအချို့ က ပြောသည်။
‘‘အပေါ်ထပ်တွေကို စည် ကားလာအောင် လုပ်ငန်းရှင်တွေ နဲ့ ဖိတ်ခေါ်ချိတ်ဆက်ပြီးလုပ်မယ်။ ဆိုင်လွတ်နေရာတွေကို အလုပ် ဖြစ်သွားအောင် ပြန်လုပ်မယ်’’ဟု
မန္တလေးမြို့တော် စည်ပင်သာယာ ရေး ကော်မတီဝင် ဦးကျော်ဆန်း မြင့်က ပြောကြားသည်။ အဆိုပါ စီမံချက်ဆောင်ရွက် မည်ဆိုပါက ဈေးချိုတော်သို့ လာ ရောက်သည့်ယာဉ်များ ဝင်ထွက် သွားလာမှု အဆင်ပြေရန် လိုအပ် မည်ဖြစ်၍ ပထမဆုံးအနေဖြင့် ဝင်လမ်းထွက်လမ်းများကောင်း အောင် စတင်ဆောင်ရွက်မည်ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။ ဈေးချိုတော်တတိယထပ် တွင် ဈေးရုံရှစ်ရုံရှိပြီး လက်ရှိ၌ လေးရုံခန့်သာ လည်ပတ်နေကာ ကျန်ဆိုင်ခန်းများသည် လုပ်ငန်း လည်ပတ်မှုမရှိဘဲ ကုန်လှောင်ရုံ သဘောမျိုး အသုံးပြုထား ကြောင်း၊ ရှော့ပင်းစင်တာဖွင့်မည် ဆိုပါက လက်လီဈေးကွက်အ တွက် စည်ကားလာနိုင်ကြောင်း၊ ဈေးချိုစည်ကားရန် စက်လှေကား များ၊ ဈေးချိုဝင်လမ်းထွက်လမ်း နှင့် ကားရပ်နားရန် နေရာများ ဖန် တီးပေးရန်လိုအပ်ကြောင်း အဆင့်မြင့်ဈေးချိုတော် ဈေးအကျိုးတော် ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမင်းမင်းက ပြောကြားသည်။
‘‘မန္တလေးမြို့ရဲ့ မြို့လယ် ကောင်နေရာဆိုတော့ တကယ် အသုံးချတတ်မယ်ဆိုရင် အများ ကြီး အသုံးကျတာပေါ့’’ဟု ဦးမင်း မင်းက ပြောကြားသည်။ ဈေးချိုတော်တွင် ဆိုင်ခန်း ရှင်အချို့သည် ကုန်ပစ္စည်းများစနစ်တကျနေရာချထားမှုမရှိ သဖြင့် ဝင်လမ်းထွက်လမ်းများ မကြာခဏပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည်ဟု ဈေးချိုသို့ ဈေးဝယ် လာရောက်သူအချို့က ဆိုသည်။ မန္တလေးဈေးချိုတော်ဝန်း ကျင်တွင် ယာဉ်ကြောပိတ်ဆို့မှုမရှိ စေရန် တစ်တန်အောက် ယာဉ်များကို ဝင်ပေါက်များ လုံလောက်စွာချန်၍ စနစ်တကျအပ်နှံခြင်း၊ ကုန်တင်ကုန်ချလုပ်ရန် သီးသန့်သတ်မှတ်ပေးခြင်း၊ ကုန်ပို့ကုန် သယ်အလုပ်သမားများ၏ ဆိုင်ကယ်များ၊ ဈေးထဲသို့ ခေတ္တအဝင်အထွက်ပြုမည့် ဆိုင်ကယ်များ ကိုလည်း ခေတ္တရပ်နားရန် နေရာများ သတ်မှတ်ပေးခြင်းများ ဆောင်ရွက်ရန်စီစဉ်ထားကြောင်း သတင်းရရှိသည်။
Credit : 7daydaily