ပဲသစ်ပေါ်ချိန်တွင် အိန္ဒိယကုန်သည်များက ဈေးလျှော့ဝယ်ယူခြင်းကြောင့် တောင်သူများ အခက်တွေ့
07 Feb 2017 1,598 Views

ဆောင်းရာသီစိုက်ပျိုး သည့် မတ်ပဲနှင့် ပဲစင်းငုံအသစ် ပေါ်ချိန်တွင် အိန္ဒိယကုန်သည်များက ဈေးချဝယ်ယူနေခြင်းကြောင့် ပြည်တွင်းပဲဈေးကွက်တွင် ဈေးကျဆင်းလာပြီး တောင်သူများ အခက်ကြုံနေကြောင်း သတင်း ရရှိသည်။ မတ်ပဲနှင့် ပဲစင်းငုံကို စတင် စိုက်ပျိုးချိန်က တစ်တင်းလျှင် ကျပ်ငါးသောင်းခန့် ဈေးဖွင့်ရောင်း ချပြီး လက်ရှိ ပဲသစ်ပေါ်ချိန်၌ မတ်ပဲတစ်တင်းလျှင် ကျပ်သုံး သောင်းအောက်ဈေးရရှိကာ ပဲစင်းငုံတစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲခန့်သာဈေးရရှိသဖြင့် တောင်သူ များ ဆုံးရှုံးမှု ကြုံနေရသည်ဟု လွတ်လပ်သော တောင်သူလယ် သမားအသင်းချုပ်ဥက္ကဋ္ဌ ဦးသိန်း အောင်က ပြောသည်။
‘‘တောင်သူလယ်သမားတွေ က ဒီလိုပဲ အမြဲခံနေရတာပဲ’’ဟု ဓနုဖြူမြို့နယ်တွင် လယ်ဧက ၅၀ ကျော်ကို ကိုယ်တိုင်ဦးဆောင်လုပ် ကိုင်နေသူ ဦးသိန်းအောင်က ပြောကြားသည်။ မတ်ပဲနှင့် ပဲစင်းငုံအသစ်ပေါ် ချိန်တွင် ပြည်တွင်းဈေးကွက်၌ မတ်ပဲတစ်တန်လျှင် ကျပ်ကိုးသိန်း နှစ်သောင်းခွဲ၊ ပဲစင်းငုံတစ်တန် လျှင် ကျပ် ခုနစ်သိန်းခုနစ်သောင်း ခန့်သို့ ဈေးကျလာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပဲကုန်သည် တစ်ဦးက ပြောသည်။
‘‘ဒီနိုင်ငံမှာ ပဲသစ်ပေါ်ချိန်ဆို တာကို သိလို့ အိန္ဒိယက ကုန်သည် တွေက ဈေးချဝယ်တာရယ်၊ အိန္ဒိ ယမှာလည်း ပဲဈေးက ကျနေတာ ရယ်ကြာင့် ပြည်တွင်းမှာပါ ဈေး ကျဆင်းလာတာပါ’’ဟု
မြန်မာနိုင် ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။ ယခုနှစ်တွင် အိန္ဒိယသို့ တင် ပို့နေသည့် ပဲနှစ်မျိုးဖြစ်သော မတ် ပဲနှင့် ပဲစင်းငုံမှာ ဈေးကျနေသော် လည်း ဥရောပနိုင်ငံများအပါအ ဝင် အခြားသောနိုင်ငံများသို့ တင် ပို့သည့် ပဲတီစိမ်း(ခရမ်းရွှေဝါ) က ဈေးကောင်းရရှိပြီး လက်ရှိတွင် တစ်တန်လျှင် ကျပ် တစ်ဆယ့်သုံး သိန်းခန့်ဈေးရှိနေသည်။
Credit : 7daydaily