BEC-TERO TV

မန္တလေးမဟာမုနိဘုရားကြီးပွဲတော်ကို ရုံဇာတ်ပွဲများအပါအဝင် ဗလာဇာတ်များဖြင့် ကျင်းပမည်

06 Feb 2017     1,564 Views


မန္တလေး မဟာမုနိဘုရားကြီးပွဲတော်ကို ယခင်နှစ်များနှင့်မတူ ရုံဇာတ်ပွဲ၊ ဗလာဇာတ်ပွဲ၊ မြန်မာ့ရိုးရာလက်ဝှေ့ပွဲ၊ ခြင်းပွဲများဖြင့် ၁၁ ရက်တိုင် ကျင်းပမည်ဟု သတင်းရရှိသည်။ နှစ်စဉ်တပို့တွဲလတွင် ကျင်း ပနေကျဖြစ်သော မန္တလေးမဟာ မုနိဘုရားကြီးပွဲ၌ ယခင်နှစ်များ က ဗလာဇာတ်များဖြင့်သာ ကျင်း ပခဲ့သော်လည်း ယခုနှစ်က စတင် ကာ ရုံဇာတ်တစ်ဖွဲ့ဖြစ်သော ရွှေ မန်းသဘင် တင်မောင်ဆန်းမင်းဝင်းအဖွဲ့က ကပြဖျော်ဖြေမည်ဖြစ်ပြီး ရုံဇာတ်အပြင် မန္တလေးမြို့ရှိ ဗလာဇာတ်ပွဲများလည်း ဖျော်ဖြေမည်ဟု မဟာမုနိဘုရားဂေါပ ကအဖွဲ့က ပြောကြားသည်။

ပျော်ပွဲရွှင်ပွဲအတွက် ဘုရား ကြီးဘဏ္ဍာငွေများထဲမှ အသုံးပြု မည်မဟုတ်ဘဲ ပွဲတော်ကို ကန် ထရိုက်ပေးကာ ကျင်းပစေခြင်း ဖြစ်ကြောင်း၊ ကန်ထရိုက်က ဘုရားကြီးဂေါပကအား ကျပ်ခုနစ်သိန်း လှူဒါန်းထားကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့က ပြောကြားသည်။

‘‘မြို့လယ်ကောင်ဘုရားကြီး ပွဲမှာ စည်စည်ကားကား ဖြစ်စေ ချင်လို့ ကန်ထရိုက်တွေနဲ့ချိတ်ပြီး ထည့်လိုက်တာပါ’’ဟု အတွင်းရေး မှူး ဦးကျော်ကျော်ဦးက ပြောကြားသည်။

ဖျော်ဖြေပွဲများကို ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်မည်ဖြစ်ပြီး အရှေ့ ၄၅ တာ ကွင်း၌ ဇာတ်ပွဲဖျော်ဖြေမှုများကိုလည်းကောင်း၊ အနောက် ၄၅ တာကွင်းတွင် မြန်မာ့ရိုးရာလက်ဝှေ့ပွဲများနှင့် ခြင်းပွဲများကိုလည်းကောင်း ကျင်းပမည်ဟု ဘုရားကြီးဂေါပကအဖွဲ့ က ပြောကြားသည်။ မန္တလေးမဟာမုနိဘုရားကြီး သည် နှစ်စဉ်တပို့တွဲလဆန်းတွင် ပဋ္ဌာန်းပွဲ၊ စာရေးတံမဲနှင့် ဆွမ်းကြီး လောင်းပွဲ၊ တရားပွဲများဖြင့် စည် ကားစွာ ကျင်းပလေ့ရှိသည်။ ယခု နှစ်ကျင်းပမည့် စာရေးတံမဲနှင့် ဆွမ်းကြီးလောင်းပွဲတွင် သံဃာ တစ်ပါးအား အနည်းဆုံး ငွေကျပ် ငါးသောင်း လှူဒါန်းမည်ဖြစ်ပြီး အောင်ဘာလေမဲအဖြစ် ကျပ်ဆယ်သိန်း၊ ငါးသိန်း၊ သုံးသိန်း၊ နှစ်သိန်း၊ တစ်သိန်းဆုများလည်းမဲဖောက်ကာ သံဃာတော်များအား လှူဒါန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Credit : 7daydaily


06 Feb 2017     1,564 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS