တစ်ကိုယ်တော်အခွေထွက်ရှိမည့် ဇော်ဝင်းထွဋ် ဖေဖော်ဝါရီ (၁၉)ရက်နေ့မှာ ရော့ခ်တေးဂီတအဖွဲ့ (၈)ခုနှင့်အတူ ပြည်သူ့ရင်ပြင်တွင် ဖျော်ဖြေမည်
05 Feb 2017 2,029 Views

နိုင်ငံကျော်အဆိုတော်ကြီးများဖြစ်ကြသည့် ကျားပေါက်၊ ဝေလ၊ ဂျီလတ်၊ သာဒီးလူတို့ အပါအဝင် ကိုယ်ပိုင် ရော့ခ်ဂီတ တီးဝိုင်း (၈)ခုတို့က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ (၁၉)ရက်နေ့တွင် ဖျော်ဖြေတီးခတ်သွားမည်ဖြစ်ပြီး အဆိုပါပွဲတွင် ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ် လည်း ဝင်ရောက်ဖျော်ဖြေမည့်ဖြစ်ကြောင်း သိရှိရသည်။
ဇော်ဝင်းထွဋ်က သူရဲ့ တစ်ကိုယ်တော်အခွေထွက်ရှိရန် ပြင်ဆင်နေပြီး အဆိုပါအဖွေတွင် ဆောင်းဦးလှိုင် ရေးသားသော သီးချင်းများပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။ လတ်တလောတွင် ပရဟိတရှိုးပွဲများတွင် မေတ္တာဖြင့် လိုက်လံကူညီသီဆိုပေးလျှက်ရှိပြီး ဖေဖေါ်ဝါရီ ၁၉ ရက်နေ့ ပြည်သူရင်ပြင်တွင် ဝင်ရောက်ဖျော်ဖြေမည်ဖြစ်သည်။
တစ်ကိုယ်တော်အခွေရဲ့ ခေါင်းစီးကို ဆောင်ဦးလှိုင် ရေးစပ်ပေးထားသည့် “ကောင်းသောသတင်း ကောင်းသောသီချင်း” အမည်ပေးဖို့ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
Ref:အိုအေစစ်