BEC-TERO TV

စာအိတ်ဗုံးအန္တရာယ်သတိပြုရန် ပြည့်သူ့လွှတ်တော်တွင် တပ်လှန့်ညွှန်ကြား

03 Feb 2017     1,452 Views


လူတွေကို ပြင်းထန်စွာ ဒဏ်ရာရရှိအောင်၊ သေဆုံးအောင် စီမံပြုလုပ်ထားတဲ့ ဗုံးအမျိုးအစားတစ်မျိုးဖြစ်တဲ့ စာအိတ်ဗုံး သတိပေးချက်တစ်ရပ်ကို ပြည်သူ့လွှတ်တော်မှာ ထုတ်ပြန်ထားတယ်လို့ ပြည်သူ့လွှတ်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးဦးကိုကိုနိုင်ကပြောပါတယ်။
 
 
စာအိတ်ဗုံးဆိုတာ သာမာန်စာအိတ်(ဒါမှမဟုတ်)ပါဆယ်ထုတ်ကိုစာတိုက်မှသော်လည်းကောင်း၊ကြားခံပေးပို့သူထံကနေ လက်ခံရရှိတဲ့အခါမှာသော် လည်းကောင်း၊ ဖွင့်ဖောက်တဲ့ အခါမှာသော်လည်းကောင်း ပေါက်ကွဲမှုဖြစ်ပေါ်စေပြီး စာအိတ်(ဒါမှမဟုတ်)ပါဆယ်ထုတ်ဖွင့်သူကို ပြင်းထန်စွာ ဒဏ်ရာရရှိအောင်၊သေဆုံးအောင် စီမံပြုလုပ်ထားတဲ့ ဗုံးအမျိုးအစားဖြစ်တယ်လို့သိရပါတယ်အဲဒီထုတ်ပြန်ချက်ကိုလွန်ခဲ့တဲ့တစ်ပတ်လောက်ကစတင်ကာထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီလိုထုတ်ပြန်ရတာကလည်းနိုင်ငံတကာမှာလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ အကြမ်းဖက်မှုတွေများစွာဖြစ်ပေါ်နေတဲ့အတွက် ပြည်သူ့လွှတ်တော်ဝန်ထမ်းတွေကို လုံခြုံရေးအသိရှိစေဖို့ ထုတ်ပြန်တာဖြစ်တယ်လို့ ဦးကိုကိုနိုင်ကပြောပါတယ်။ စာအိတ်ဗုံးကို ယမ်းဘီးလူး ၊ စနက်တံ၊ စွမ်းအင်ရရှိမှု၊ ခလုတ်ပိုင်း စတဲ့အမျိုးအစားတွေကို အသုံးပြုပြီး တည်ဆောက်လေ့ရှိတယ်လို့ လည်းသိရပါတယ်။ လက်ရှိအနေအထားအရ ပြည်သူ့လွှတ်တော်မှာသံသယဖြစ်ဖွယ် အနေအထားမရှိပေမယ့် ရုံးဌာနရဲ့သဘောတရားအရ ပုံစံမျိုးစုံနဲ့စာတွေဝင်တာရှိတဲ့အတွက် ရောက်ရှိလာတဲ့ စာအိတ်တွေကို ဂရုတစိုက် စစ်ဆေးတတ်စေဖို့အတွက် အခုလို ထုတ်ပြန်ရတာဖြစ်တယ်လို့လည်းဦးကိုကိုနိုင်ကပြောဆိုပါတယ်။
 
အခုထုတ်ပြန်ချက်ကို လွှတ်တော်ကော်မတီ အားလုံးကို အသိပေးထားပြီး ဖြစ်ပေါ်လာနိုင်တဲ့နည်းလမ်းတွေကိုလည်း လွှတ်တော်အတွင်းရှိ ဝန်ထမ်းတွေပိုမိုသိရှိ အောင်ဆောင်ရွက်ထားတယ်လို့သိရပါတယ်။အခုနောက်ပိုင်း နေပြည်တော်မှာ လုံခြုံရေးအင်အားတွေကိုလည်း တိုးမြှင့်ထားတယ်လို့ သိရပါတယ်။ (၁၉၇၀)ပြည့်နှစ် ကာလ တွေမှာကမ္ဘာတစ်ဝှမ်းလုံးရှိအစ္စရေးနဲ့အမေရိကန်နိုင်ငံတကာ သံတမန်အဖွဲ့အစည်းတွေကို စာအိတ်ဗုံးများစွာ ပေးပို့ခဲ့ကြပြီးအဲဒီစာအိတ်ဗုံးတွေဟာ ကမ္ဘာ့နေရာအနှံ့အပြားက ပေးပို့ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
 
credit:Central News Bureau

03 Feb 2017     1,452 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS