BEC-TERO TV

မရမ်းကုန်းမီးလောင်မှု ငြိမ်းသတ်နိုင်ပြီးနောက် အလောင်းတစ်လောင်းတွေ့ရှိ

03 Feb 2017     1,427 Views


ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်မြို့နယ်၊ ၆ ရပ်ကွက်၊ ဇေယျာခေမာလမ်း၊ ရဲဘော်ဟောင်း မှတ်တိုင်အနီးတွင် ဖေဖေါ်ဝါရီ ၂ ရက် မနေ့ည ၉ နာရီ ၄၀ မိနစ်အချိန်ခန့်က မီးလောင်ကျွမ်းခဲ့ရာ ည ၁၀ နာရီခွဲအချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌါနမှ သိရှိခဲ့ရသည်။
 
 
 
မီးငြိမ်းသတ်ခဲ့ပြီးနောက် မီးလောင်ပြင်ကို ရှင်းလင်းရာတွင် အမျိုးသားအလောင်း တစ်လောင်းကို တွေ့ရှိခဲ့ရသည်။ မီးလောင်မှုကြောင့် အိမ်ခြေ ၅၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။
 
Credit:Eleven
 

03 Feb 2017     1,427 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS