Apple ထုတ်ခဲ့သမျှ Plus Model တွေထဲမှာ IPhone 7 Plus က ရေပန်းအစားဆုံးဖြစ်လာ
02 Feb 2017 1,308 Views
ပြီးခဲ့တဲ့ (၂၀၁၆) ခုနှစ် စက်တင်ဘာလအတွင်းက (၄.၇)လက်မ iPhone 7 နဲ့ အတူမိတ်ဆက်ခဲ့တဲ့ (၅.၅)လက်မ iPhone 7 Plus ဟာ Apple ထုတ်လုပ်ဖူးခဲ့မျှ Plus model တွေထဲမှာ လူကြိုက်အများဆုံးနဲ့ ရေပန်းအစားဆုံးဖြစ်တယ်လို့ Apple ရဲ့ CEO ဖြစ်သူ Tim Cook ရဲ့ ပြောကြားချက်အရ သိရပါတယ်။ iPhone 7 Plus ဟာ (၂၀၁၄) ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ iPhone 6 Plus နဲ့ (၂၀၁၅) ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ iPhone 6s Plus တွေထက် ကို လူကြိုက်များရေပန်းစားလျက်ရှိနေတာဖြစ်ပြီး အခုလို လူကြိုက်များရတဲ့ အကြောင်းအရင်းတွေထဲမှာ dual camera ပါဝင်တဲ့အချက်က အဓိက အချက်တစ်ခုဖြစ်တယ်လို့ လည်း သိရပါတယ်။ iPhone 7 Plus မှာပါဝင်တဲ့ standard wide-angle lens နဲ့ 56mm telephoto lens တွေက ဓာတ်ပုံတွေရဲ့ အရည်အသွေးကို ပိုမိုကောင်းမွန်စေတာဖြစ်ပါတယ်။
“Portrait” mode ကိုရိုက်ကူးပေးနိုင်တဲ့ 56mm lens က လူကြိုက်များတဲ့ နောက်ခံဝေဝါးစေတဲ့ Bokeh Effect နဲ့ အရည်အသွေးမြင့် DSLR-style ပုံရိပ်တွေကို ဖန်တီးပေးနိုင်ပါတယ်။ စမတ်ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်ကူးမှုတွေများလာတာနဲ့ အမျှ စမတ်ဖုန်းသူစွဲသူအများစုကလည်း ကင်မရာအရည်အသွေးကောင်းမွန်တဲ့ စမတ်ဖုန်းတွေကို ပိုမိုစိတ်ဝင်စားလာကြလာတာကြတဲ့အတွက် ငွေကြေးတတ်နိုင်တဲ့ စမတ်ဖုန်း အသုံးပြုသူတွေနဲ့ Apple ပရိသတ်တွေကြားမှာ ကင်မရာအရည်အသွေး အထူးကောင်းမွန်တဲ့ iPhone 7 Plus ဟာ အခုကဲ့သို အလွန်ရေပန်းစားလာခြင်းဖြစ်ကြောင်း လေလာသူတွေက သုံးသပ်လျက်ရှိကြပါတယ်။
Credit “digitaltimes”