BEC-TERO TV

ပိုးဟပ် နဲ့ ရောဂါများ

02 Feb 2017     1,834 Views


ကမ္ဘာမှာ ပိုးဟပ်ဖြစ်လာတာ နှစ်သန်းပေါင်း ၂၉၅-၄၅၄ ရှိပေမဲ့ သူတို့ အသွင်သဏ္ဌာန်က ပြောင်းသွားတယ်လို့ မရှိဘူး။ မျောက်လိုကနေ လူဖြစ်လာတယ်။ ပိုးဟပ်အမျိုးအစား များတယ်။ သြစတေးလျမျိုးက ၉ cm ရှည်ပြီး၊ ၃ဝ grams လေးတယ်။ ၃ မီလီမီတာလောက်သာ ပရွက်ဆိတ်သာသာ ရှည်တဲ့ မြောက်အမေရိကန်မျိုးက အသေးဆုံး ဖြစ်တယ်။ အတောင် အကားဆုံးက တောင်အမေရိကန်မျိုး ၇ လက္မ အထိ ရှိတယ်။ Hissing noise, Chirping noise လို အသံထွက်နိုင်တယ်။ အဆူညံဆုံးက Madagascar က ပိုးဟပ်တွေဘဲ။ သူတို့မှာ အဆုပ်မပါဘူး။ အမက တသက်မှာတခါသာ မိတ်လိုက်ပြီး၊ ၈ ဥအုတယ်။ ညမှာသာ လှုတ်ရှားကြတယ်။ ပူတာ စိုတာ ကြိုက်တယ်။ ခြောက်တဲ့နေရာကြိုက်တဲ့ အကောင်လဲ ရှိပါတယ်။ ပိုးဟပ်တွေနဲ့ ဆက်စပ်နေတဲ့ရောဂါ ခန့်မှန်းခြေ အမျိုးပေါင်း ၅ဝ လောက်ရှိနိုင်တယ်လို့ Terminix International က ပိုးမွှားပညာရှင် Stoy Hedges က ပြောထားတယ်။
 
Auburn University က entomology လက်ထောက်ပါမောက္ခ Dr. Xing Ping Hu ပြောတာက ရောဂါတွေ သယ်ဆောင် ပေးနေတာ သေခြာတယ်။ ဗက်တီးရီးယား ၃၂ မျိုး (Salmonella, Staphylococcus, Streptococcus)၊ (ဖန်းဂတ်) လို ၁၇ မျိုး၊ (ပရိုတိုဇိုးဝါး) ၃ မျိုး၊ (ဗိုင်းရပ်စ်) ၂ မျိုးပါတယ်။ ရောဂါတွေက အဆိုးကြီးတွေတော့ မဟုတ်ပါ။ ကူးစက်ရင်တော့ မြန်တယ်။ ရောဂါတွေကတော့ Dysentery ဝမ်းကိုက်၊ Typhoid တိုက်ဖွိုက်၊ Poliomyelitis သူငယ်နာ-အကြောသေ၊ Diarrhea, Gastroenteritis အစာလမ်းရောင်-ဝမ်းပျက်၊ Food poisoning အစာဆိပ်သင့်၊ TB တီဘီ၊ Cholera ကာလဝမ်း၊ Leprosy အနာကြီး၊ Hepatitis အသဲရောင်၊ Bubonic plague အကျိတ်ပလိပ်၊ Urinary ဆီးလမ်းပိုးဝင်ခြင်း၊ Allergic (အလာဂျီ) နဲ့ Asthma ပန်းနာလူနာ ၅ဝ% က ဒီအကောင်နဲ့ မတည့်ဘူး။ ခြင်တွေ မှက်တွေလိုတော့ ရောဂါပိုးတွေကို သူတို့ကနေ တိုက်ရိုက် သယ်ပို့ပြီး လူတွေကို ကူးစက်စေတာတော့ မဟုတ်ပါ။
 
ဒီအကောင်တွေက ညစ်ပတ်တဲ့၊ မသန့်တဲ့နေရာတွေလဲ လျှောက်သွားနေတာမို့ သူတို့ကိုယ်မှာ မလိုလားအပ်တာတွေ ပေကျံနေတယ်။ အစားအသောက်တွေကို ပိုးဟပ်ရဲ့ သွားရည်၊ မစင်တွေကနေ မသန့်တာတွေ ကူးစက်ပေလာစေတယ်။ ပိုးဟပ်ကို လူတွေ မကြိုက်ကြ၊ မခံနိုင်ကြတာက Smell ဆိုးဝါးလွန်းတဲ့အနံ့ ဖြစ်မယ်။ ဆိုးတဲ့ အနံ့က သူတို့ရဲ့ Antenna နှာမောင်းလို နေရာက လာတာပါ။ ပိုးဟပ်တွေက အသက်ပြင်းတယ် ပြောရမယ်၊ သူတို့ သက်တမ်း ၁ နှစ်သာရှိပေမဲ့ ရေမသောက်ဘဲ ၂ ပါတ်၊ စားစရာမရှိဘဲ ၁-၃ လ အထိ ရှင်နိုင်တယ်။ ခေါင်းပြတ် သွားတာတောင် ၁ ပါတ်ကြာ အသက်ရှင်နေနိုင်တယ်။ ဓါတ်ရောင်ခြည်ကို အတော်ခံနိုင်တယ်။ အနုမြူစစ်ပွဲဖြစ်ရင် လူတွေသေပြီး၊ ဒီအကောင်တွေ ကျန်နေမယ်တဲ့။ Fruit fly တွေလောက်တော့ မခံနိုင်ပါ။
 
Dr. တင့်ဆွေ

02 Feb 2017     1,834 Views




RELATED

Most Popular of Special or Others

Most Popular of Life Style