BEC-TERO TV

နောက်ကွယ်က သံသယရှိသူတွေကိုဖမ်းမိတယ်ဆိုတာမဟုတ်လို့ ရဲမှူးကြီးအတည်ပြု

01 Feb 2017     1,409 Views


တရားလွှတ်တော်ရှေ့နေဦးကိုနီကိုလုပ်ကြံသတ်ဖြတ်ခဲ့သူ ရဲ့ နောက်ကွယ်က ခိုင်းစေသူ ကွင်းဆက်တရားခံတစ်ဦးအဖြစ် သံသယရှိခံရသူ ဦးမြင့်ဆွေနဲ့ အပေါင်းအပါတွေ ကို ဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းဟာ မမှန်ကန်ဘူးလို့ ကရင်ပြည်နယ် ပြည်နယ်မှူး ရဲမှူးကြီးကြည်လင်းက အတည်ပြုပြောပါတယ်။

ရဲမှူးကြီးကြည်လင်းက “ဦးကြည်လင်း( သေနတ်သမား) နဲ့ပတ်သတ်ပြီး နောက်ထပ်တရားခံတွေ ဖမ်းမိတာမဟုတ်သေးပါဘူး” လို့ပြောပါတယ်။ သူက”တစ်ယောက်မှကို မမိသေးတာပါ”လို့ဆက်ပြောပါတယ်။ ဒီနေ့မနက်ပိုင်းမှာ လူမူကွန်ယက်စာမျက်နှာမှာ သေနတ်သမားကြည်လင်းရဲ့နောက်ကွယ်ကခိုင်းစေခဲ့သူတွေ ဖမ်းမိတယ်ဆိုတဲ့သတင်းဟာပြန့်နှံနေပြီး လူအများအပြားကလည်းစိတ်ဝင်စားနေကြပါတယ်။

သေနတ်သမားဦးကြည်လင်းဟာ ဦးကိုနီကိုသတ်ဖြတ်ဖို့ ခိုင်းစေခဲ့သူဟာမဲဆောက်မှာနေထိုင်သူ ဦးမြင့်ဆွေဖြစ်ကြောင်းရဲတပ်ဖွဲ့ကိုထွက်ဆိုထားပါတယ်။ ထွက်ဆိုချက်အရ နောက်ကွယ်စေခိုင်းသူ ဦးမြင့်ဆွေဆိုသူမှာ မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး တောင်ဘက်မုခ်မှာ ပန်းပုကြေးသွန်းလုပ်ငန်းလုပ်ကိုင်သူခဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်။ ၂၀၁၆ခုနှစ်ဇူလိုင်လမှာမဲဆောက်မြို့မှာအခြေချနေထိုင်နေပြီးဦးကြည်လင်းနဲ့တွေ့ဆုံခဲ့ရတယ်လို့သိရပါတယ်။ တရားလွတ်တော်ရှေ့နေကိုလုပ်ကြံသတ်ဖြတ်ခဲ့သူ ဦးကြည်လင်းဟာနောက်ကွယ်ကစေခိုင်းသူဆီက ကားတစ်စီးရမယ်ဆိုတဲ့သဘောတူညီချက် နဲ့သတ်ဖြတ်ခဲ့တယ်လို့ဝန်ခံခဲ့ကြောင်း ရဲတပ်ဖွဲ့က စစ်ကြောမေးမြန်းချက်ထဲမှာ ဖော်ပြထားပါတယ်။

အဆိုပါစစ်ကြောမေးမြန်းချက်ဟာ ဇန်န၀ါရီ ၃၀ရက်နေ့ ည သန်းခေါင်ကျော်မှာဖေ့ဘုတ်လူမှုစာမျက်နှာက စတင်ပြန့်နှံခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ကတော့သတင်းအပြန်အလှန်ပေးပို့တဲ့ ဗိုက်ဗာဟက်ခံရကာ အချက်အလက်များပေါက်ကြားခဲ့တယ်လို့ သတင်းမီဒီယာများကို ဖြေဆိုထားပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာသေနတ်သမားဦးကြည်လင်းကို နောက်ကွယ်ကစေခိုင်းသူဦးမြင့်ဆွေ တို့ဟာရန်ကုန်မြို့မှာတွေ့ဆုံခဲ့တယ်။ ဒါ့အပြင် ဦးကိုနီကိုသတ်ဖြတ်ပေးရင် ကားတစ်စီးပေးမယ်ဆိုတဲ့ သဘောတူညီချက်ပါရခဲ့တယ်လို့ ထွက်ဆိုချက်ထဲမှာဖော်ပြထားပါတယ်။ ဖေ့ဘုတ်စာမျက်နှာမှာပြန့်နှံနေတဲ့ သေနတ်သမားဦးကြည်လင်းရဲ့ထွက်ဆိုချက်မှာ စုစုပေါင်း စာမျက်နှာ ၆မျက်နှာရှိပေမယ့် စာမျက်နှာ၂ရွက်ခန့်ပျောက်ဆုံးနေတာကိုတွေ့ရပါတယ်။

ပျောက်ဆုံးနေတဲ့စာမျက်နှာ ၄ နဲ့၅ ကြောင့် ဦးကြည်လင်းနဲ့ ဦးမြင့်ဆွေကြား သဘောတူညီမှုကို အသေးစိတ်မသိရတော့ဘဲစာမျက်နှာ ၆မှာဖော်ပြထားချက်အရ ဦးကြည်လင်းဟာ လေဆိပ်ရှေ့ဆင်ဝင် ပလက်ဖောင်းမှာရပ်နေကာ ကလေးချီထားတဲ့ တရားလွတ်တော်ရှေ့နေဦိးကိုနီရဲ့ အနောက်တည့်တည့် တစ်ထွာခန့်ကပ်ကာ သေနတ်နဲ့တစ်ချက်ပစ်ခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။ ဦးကိုနီလုပ်ကြံခံရတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ရဲတပ်ဖွဲ့က တစ်စုံတရာ တရားဝင်သတင်း ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ နိုင်ငံတော်သမ္မတရုံးကတော့ ကျုးလွန်သူများနဲ့ပတ်သတ်တဲ့ အချက်အလက်တွေ တွေ့ရင် ရဲတပ်ဖွဲ့ကိုအမြန်ဆုံးအကြောင်းကြားပေးဖို့  ကြေညာထားပါတယ်။

Credit : kumudranews


01 Feb 2017     1,409 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS