လာမည့်ပညာသင်နှစ်အတွက် မူလတန်းပြ နေ့စား လပေးဆရာဦးရေ ငါးသောင်းခန့် ခေါ်ယူရန် စီစဉ်
01 Feb 2017 1,525 Views

၂၀၁၇-၁၈ ပညာသင်နှစ် တွင် အခြေခံပညာမူလတန်း ကျောင်းများအတွက် လိုအပ်သည့်မူလတန်းပြရာထူးအတွက် နေ့စားလပေးဆရာများကို လာမည့် မတ်လ ကုန်မှသာခေါ်ယူမည်ဖြစ်ပြီး နေ့ စားလပေး ခေါ်ယူချိန်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်ပညာရေးမှူးရုံးများမှတစ်ဆင့် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။
‘‘အရေအတွက်အားဖြင့် ငါး သောင်းလောက်လျာထားတယ်။ အဲဒီထက်ပိုချင်လည်း ပိုသွားနိုင် တယ်။ လိုအပ်ချက်အပေါ်မူတည် ပြီး ခန့်အပ်ရမှာပါ’’ဟု ပညာရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုးဝင်းက ပြောသည်။
လာမည့် ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်း များ၌ ကျောင်းအုပ်ကြီးတစ်ဦးနှင့် လက်ထောက် လေးဦး ခန့်ထားရမည့် ဖွဲ့စည်းပုံတိုးချဲ့ခန့်ထားရမည့် အစီအစဉ်များကြောင့် နေ့စားလပေး မူလတန်းဆရာများ ခန့်အပ်ရန် တာဝန်ရှိသူများနှင့် ညှိနှိုင်းရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဆရာလိုအပ်ချက်များ ဖြည့်ဆည်းရာတွင် ဆရာအပြောင်းအရွှေ့ကို စတင်ပြုလုပ်မည်ဖြစ်ပြီး ရာထူးတိုးကို ဆက်လက်ပြုလုပ်မည်ဖြစ်ကာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဒေသလိုအပ်ချက်ပေါ်မူတည်၍ ရာထူးတိုးအစီအစဉ်သည် အပြောင်းအလဲရှိနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
၂၀၁၆-၁၇ ပညာသင်နှစ် အတွက် နေ့စားလပေးမူလတန်း ပြများကို အခြေခံပညာဦးစီးဌာန က ၂၀၁၆ ဧပြီ ၁ ရက်တွင် စတင် ခေါ်ယူပြီး ယင်းပညာသင်နှစ်အ တွက် တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် နေ့စားလပေးမူလတန်းပြဆရာ နှစ်သောင်းကျော်ခန့်ထားခဲ့ကြောင်း အခြေခံပညာဦးစီးဌာန စာရင်းများအရ သိရသည်။ လက်ရှိတွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာမူလတန်းကျောင်း ၄၃,၉၃၀ ၌ မူလတန်းပြဆရာ၊ ဆရာမ တစ်သိန်းသုံးသောင်း ကျော် ခန့်အပ်ထားကြောင်း သိရသည်။
Credit : 7daydaily