သွားဖြစ်ဖုံးရောဂါဖြစ်ပွားမှု သည်မြန်မာတွင် ၁၇ ရာခိုင်နှုန်းရှိတယ်ဟုဆို
01 Feb 2017 1,330 Views

သွားဖုံးရောဂါသည် သွားမသန့်ရှင်းမှုကြောင့်ဖြစ်ပွားပြီး ကျေး လက်ဒေသများ၌ ယင်းရောဂါဖြစ် ပွားမှုများကို တွေ့နေရကြောင်း မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာ ဝန်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာမြင့်ထိန် က ပြောသည်။
‘‘နယ်တွေမှာ သွားဖုံးရောဂါ ဖြစ်တာမျိုးတွေ တွေ့နေရပါ တယ်။ နောက်တစ်ခုက သွားဖုံး ရောဂါဖြစ်တာကနေ ပါးရောင် ရောဂါတွေဖြစ်သွားတာ၊ ကြီးမား သွားတာမျိုးတွေရှိတယ်။ အဓိက ကျွန်တော်တို့မြင်တာက ပညာပေး အစီအစဉ် အားနည်းနေလို့ ကျေး လက်နေ ပြည်သူတွေက မရဘူး လို့မြင်တယ်’’ဟု ၎င်းက ပြော ကြားသည်။
သွားတိုက်ဆေးမကောင်း မွန်ခြင်း၊ သွားတိုက်နည်းမမှန်ကန် ခြင်းတို့ကြောင့် သွားဖုံးမသန့်ရှင်းရာမှတစ်ဆင့် သွားဖုံးများ ရောင်ရမ်းကာ နောက်ဆက်တွဲဆိုးကျိုးအဖြစ် ဆိုးရွားသော သွားဖုံးရောဂါများ ဖြစ်ပေါ်ခံစားရခြင်းဖြစ်သည်။ ‘‘သွားဖုံးရောဂါက အဓိကက တော့ သွားတိုက်နည်းမှန်ဖို့ အရေး ကြီးတာပေါ့။ သွားပွတ်တံလည်း ကောင်းရမယ်။ သွားတိုက်ဆေး လည်းကောင်းရမယ်။ သူကလည်း မှန်မှန်သွားတိုက်ရမယ်။ ဒါတွေစုံ သွားရင် သွားဖုံးရောဂါဖြစ်နိုင်ခြေ နည်းပါတယ်။ အဲဒီအတွက်ကို တော်တော်လေးကို ဇောင်းပေးပြီး ပညာပေးရတာတွေရှိပါတယ်’’ဟု ဒေါက်တာမြင့်ထိန်က ပြောသည်။
သွားဖုံးရောဂါမဖြစ်ပွားစေ ရန် တစ်နေ့လျှင် အနည်းဆုံးသွား နှစ်ကြိမ်တိုက်ခြင်း၊ ခံတွင်းအားကောင်းစေမည့် သွားတိုက်ဆေးအသုံးပြုခြင်းတို့ဖြင့် ယင်းရောဂါမဖြစ်ပွားစေရန် ကာကွယ်နိုင်ကြောင်း သွားနှင့်ခံတွင်းကုဆရာဝန်ကြီးများက အကြံပြုသည်။ မြန်မာနိုင်ငံတွင် သွားနှင့် ပတ်သက်၍ အဖြစ်အများဆုံးမှာသွားပိုးစားခြင်းနှင့် သွားဖုံးရောဂါ များဖြစ်ကြောင်း မြန်မာနိုင်ငံသွား နှင့် ခံတွင်းဆရာဝန်များအသင်းမှ သိရသည်။
Credit : 7daydaily