အများပိုင်ဘတ်စ်ကားကုမ္ပဏီများ၏ လက်ရှိအခြေအနေကို ဘ၀င်မကျကြောင်း ဦးဖြိုးမင်းသိန်းပြောကြား
31 Jan 2017 1,483 Views

ရန်ကုန်မြို့ MICT Parkတွင် ဇန်န၀ါရီ ၂၈ရက်က ပြုလုပ်သည့် ဘားကမ့်ရန်ကုန်၌ လူငယ်များနှင့်တွေ့ဆုံစဉ် အများပိုင်ဘတ်စ်ကားများ စုပေါင်းပြေးဆွဲသည့်စနစ်အပေါ်မေးမြန်းချက်ကို ဖြေကြားရာ၌ ၀န်ကြီးချုပ်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့သည် အများပိုင်ဘတ်စ် ကားလိုင်းပြေးဆွဲခြင်းလုပ်ငန်း၌ ပါဝင်လုပ်ကိုင်ရန် ကုမ္ပဏီရှစ်ခုကို စုပေါင်းဖွဲ့စည်းထားပြီး ယင်းကုမ္ပဏီအဖွဲ့အစည်းများသည် ယခင်ကတည်းက ဘတ်စ်ကားပြေးဆွဲမှုလုပ်ကိုင်ခဲ့သူများဖြစ်သည်ဟု ဆိုသည်။ လက်ရှိတွင် မည်သည့်ကုမ္ပဏီများက စည်းကမ်းချိုးဖောက်မှုများရှိနေသည်ကိုမူ ၀န်ကြီးချုပ်က ပြောကြားခဲ့ခြင်းမရှိပေ။
‘‘ဒီကုမ္ပဏီတွေရဲ့ဖြစ်နေတဲ့ အခြေအနေကိုလည်း ကျွန်တော် တို့ လုံးဝဘ၀င်မကျဘူး။ သူတို့က ယာဉ်နံပါတ် ငါးလိုင်းရတယ်။ မင်း တို့လာဝင်ကြဆိုပြီးတော့ လိုင်းပိုင် လုပ်ထားတာ။ ဘတ်စ်ကားလိုင်း တွေကလည်း တစ်ဦးချင်းစီလုပ် ထားတာကြောင့် ရှုံးတဲ့လိုင်းဆိုရင် မပြေးချင်ကြဘူး။ ရှုံးမယ့်အချိန်ဆို ရင်မလာချင်ဘူး။ ဒီအခြေအနေ အားလုံးကို ပြင်ဖို့ပြင်ဆင်ထား တယ်’’ဟု ဦးဖြိုးမင်းသိန်းကပြော သည်။
‘‘၀န်ကြီးချုပ်ကတော့ ဘယ် လိုသတင်းအချက်အလက်ရလို့ ပြောတာလဲမသိဘူး။ ကျွန်တော် တို့သိရသလောက်အခုချထားပေး တဲ့လမ်းကြောင်း ၇၀ကျော်စလုံးက ရှုံးတယ်ဆိုတာမျိုးမကြားမိ ဘူး။ အဆင်ပြေနေကြတယ်။ ပုံမှန် လည်းပြေးဆွဲနေကြတာပဲ။ ဒါနဲ့ ပတ်သက်လို့ မှတ်ချက်လည်းပေး စရာမရှိပါဘူး’’ဟု ကုန်းဘောင်ရန် ကုန်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။
လက်ရှိပြေးဆွဲနေသော ဘတ်စ်ကားအချို့သည် ခရီးသည် ရနိုင်မည့်အချိန်များတွင်သာပြေး ဆွဲလိုနေကြပြီးခရီးစဉ်မဆုံးမီပြန် လှည့်သွားသည့်ဖြစ်စဉ်များရှိနေ ၍ နည်းပညာအကူအညီရယူပြီးစနစ်တကျထိန်းချုပ်သွားရန် ပြင်ဆင်နေကြောင်း ၀န်ကြီးချုပ်က ဆက်လက်ပြောကြားသည်။ ‘‘လမ်းမဘေးမှာ ရပ်ထားတဲ့ အခြေအနေကို စနစ်တကျဖြစ်ဖို့၊ ဘတ်စ်ကားတွေကိုလည်း တ ကယ့်ကိုအဆင့်မြှင့်တင်ဖို့ဘတ်စ် ကားတွေအားလုံးကို အော်ပရေ တာအဖွဲ့က ထိန်းချုပ်ပြီးတော့ နောက်ကြောင်းပြန်ပြန်ကွေ့နေ တာကို အခုတွေ့ရပါလိမ့်မယ်။ ရှေ့မှာ လူမရနိုင်ဘူးဆိုရင် နောက် ကို ပြန်လှည့်ကွေ့လို့မရဘူး။ကား ကိုဘာကြောင့် ပြန်ကွေ့တာလဲဆို တာ ထိန်းချုပ်စင်တာကနေ လှမ်း မေးနိုင်ဖို့ မီးပွိုင့်တွေကိုစနစ်တကျ ပြင်မယ်။ အဲဒီအခြေအနေအား လုံးဟာ နောက်ခြောက်လအတွင်း မှာ အကုန်ပြီးစီးသွားမယ်’’ဟု ဦး ဖြိုးမင်းသိန်းကဆိုသည်။
ထို့အပြင် အများပိုင်ဘတ်စ်ကားများပြေးဆွဲနေမှုကို ပြည်ပနိုင်ငံနှစ်နိုင်ငံ၏ အကူအညီဖြင့် ပြန်လည်လေ့လာဆန်းစစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ ‘‘ဒီစနစ်အသားကျပြီဆိုရင် နိုင်ငံနှစ်ခုကို လေ့လာစေဖို့ ကျွန် တော်တို့ ဆွေးနွေးနေပါတယ်။ တစ်ခုက ဆွီဒင်ကပါ။ ဒီစနစ်က တကယ်လူထုအတွက်အကျိုးရှိရဲ့ လားလေ့လာဆန်းစစ်မှုတစ်ခု လုပ်မယ်။ တစ်ခုက ဂျပန်ကJICAရဲ့ အစီအစဉ်နဲ့ လေ့လာဆန်းစစ် ဖို့ လုပ်နေပါတယ်။ ကျွန်တော်တို့ မှာရှိတဲ့ ပညာရှင်တွေနဲ့ ရေရှည် အတွက် ပြင်ဆင်ပြီး ဆွဲထား တယ်။ သူတို့ကို ကျွန်တော်တို့ထပ် ပြီးလေ့လာခိုင်းမယ်။ ပြောတာကို ကျွန်တော်တို့ နားထောင်မယ်’’ဟု ဦးဖြိုးမင်းသိန်းကပြောသည်။
အများပိုင်ဘတ်စ်ကား စုပေါင်းပြေးဆွဲသည့်စနစ်ကို ဇန်န၀ါရီ ၁၆ရက်ကစတင်ခဲ့ပြီး နှစ်ပတ်ကျော်လာသည်အထိ ခရီးသွားအချို့မှာ အခက်အခဲရှိနေသေးကြောင်း ဆိုသည်။ ‘‘ရုံးတက်ရုံးဆင်းချိန်တွေမှာ ကားကျပ်တာတွေ၊ ကားစီးရေကျဲ တာတွေက အခုထိကို ရှိနေတုန်း ပဲ’’ဟု ကျောက်တံတားမြို့နယ်ရှိ အီလက်ထရွန်နစ်ကုမ္ပဏီတစ်ခုမှဝန်ထမ်းကိုဇာနည်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က ယခုအချိန်သည်စနစ်ကို စတင်ပြောင်းလဲသည့်ကာလဖြစ်၍ တစ်နှစ်အတွင်း နိုင်ငံတကာအဆင့်ရောက်ရှိမည်ဟု ကြွေးကြော်ထားသည်။
Credit : 7daydaily