FDA ထောက်ခံချက်မရှိ ဈေးကွက်ဖြန့်နေသည့် သောက်ရေသန့် ခြောက်မျိုးကို တရားစွဲဆို
30 Jan 2017 1,351 Views

ဈေးကွက်အတွင်း FDA (အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဌာန)၏ ထောက်ခံချက်မရှိဘဲ ရောင်းချနေသော သောက်ရေသန့်ခြောက်မျိုးကို တရားစွဲဆိုထားကာ အရည်အသွေးမပြည့်မီသည့် သောက်ရေသန့်များကိုလည်း အရှိန်အ ဟုန်မြှင့်စစ်ဆေးပြီး ဆက်လက်တရားစွဲဆိုမည်ဟု FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောသည်။
‘‘လတ်တလောတော့ခြောက်မျိုးကို တရားစွဲလိုက်ပြီ။ ထောက်ခံချက်လည်းမရှိ၊ စစ်ကြည့်တော့လည်း အရည်အသွေးကလည်း မကောင်းဘူး။ ဒါကြောင့် တရားဝင်တရားစွဲဆို ဆောင်ရွက်ပြီးပါပြီ။ အခု ကျွန်တော်တို့ တရားဥပဒေအရ တရားစွဲဆိုတာတွေလုပ်ပါပြီ။ တရားဝင်လည်း ကြေညာပါပြီ။ ရေသန့်တွေ ထုတ်ခွင့်မရှိဘဲထုတ်ရင် တရားစွဲပါမယ်။ ကျွန်တော့်တာဝန်က တရားစွဲဖို့ပါ။ အခုမှ တရားစွဲတာလားလို့ မေးရင်မဟုတ်ပါဘူး။ အခုတော့ပိုပြီး တရားစွဲမယ်လို့ ပြောတာဖြစ်ပါတယ်။ အခုတော့ ပိုပြီးအရှိန်အဟုန်မြှင့်ထိန်း ကျောင်းပါတယ်’’ဟု ဒေါက်တာ သန်းထွဋ်က ပြောသည်။
လက်ရှိတွင် တရားစွဲဆိုခံ ထားရသော သောက်ရေသန့် ခြောက်မျိုးကို မရမ်းကုန်း၊ လှိုင်၊ ဒဂုံအရှေ့၊ တောင်ဥက္ကလာပ၊သင်္ဃန်းကျွန်းနှင့် တိုက်ကြီးမြို့နယ် တို့မှ ထုတ်လုပ်ပြီး မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန(FDA)၏ ထောက်ခံချက်မရှိဘဲ ဈေးကွက်၌ ဖြန့်ဖြူးရောင်းချနေခြင်းကြောင့် ယခုကဲ့သို့ တရားစွဲဆိုထားခြင်းဖြစ်သည်။
‘‘ပြီးခဲ့တဲ့လက ဆာဗေးဆင်း တဲ့အခါမှာ တရားမ၀င်ထုတ်လုပ် နေတဲ့ ရေသန့်တွေတွေ့ခဲ့တယ်။ ဆိုင်တွေကို ဓာတ်ပုံရိုက်တယ်။ ပြေစာစာရွက်ယူပြီးတော့ အဲဒီ သောက်ရေသန့်တွေကို ဓာတ်ခွဲ ကြည့်တဲ့အခါကျတော့ ပိုးပေါင်း သောင်းခြောက်ထောင်ရှိတယ်။ အက်စစ်ဓာတ်တွေများနေတယ်။ ဘယ်လိုမှ လက်ခံလို့မရတဲ့ လူရဲ့မစင်ထဲမှာတွေ့ရတဲ့ ပိုးမျိုးတွေ့ရတယ်။ သာမန်တွေ့ရတဲ့ ဗက်တီးရီးယားပိုးပမာဏကလည်း ပါဝင်သင့်တဲ့စံသတ်မှတ်ချက်ထက် ပိုနေတာတွေ့ရတယ်’’ ဟု ဒေါက်တာသန်းထွဋ်က ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့်FDA က ထောက်ခံချက်ပေးထား သော သောက်ရေသန့်အမျိုးအ စားပေါင်း ၉၇၄ခုရှိပြီး FDA ထောက်ခံချက်ရယူ၍ စက်မှုဝန် ကြီးဌာနနှင့်စည်ပင်တို့က ထုတ်လုပ်ခွင့်လိုင်စင်ချထားပေးခြင်း ဖြစ်သည်။ ထုတ်လုပ်ခွင့် ထောက်ခံချက်သက်တမ်းကို ၂ နှစ် ချပေးထားသော်လည်း သတ်မှတ်ချက်နှင့် မကိုက်ညီပါက ခြောက်လ၊တစ်နှစ်နှင့် ရာသက်ပန်ထုတ်လုပ်ခွင့်လုပ်ငန်း ပိတ်သိမ်းသည်အထိ အရေးယူခြင်းများဆောင်ရွက်နေပြီး သက်တမ်းတိုးနေစဉ်အတွင်း၌လည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းမပြုရန် FDA က တားမြစ်ထားသည်။
‘‘ရှောင်တခင်ရယ်လို့တော့ မဟုတ်ဘူး။ ဒီကနေ့ အကြောင်း ကြားစာလေး အရင်လာတယ်။ လာပြီးတော့ ဘယ်နေ့မှာလာပါ မယ်ဆိုပြီး အကြောင်းကြားပေး ထားပါတယ်။ လာစစ်တဲ့အခါမှာ တော့ ညွှန်ကြားရေးမှူးဆရာဝန်မ ကလာစစ်တယ်။ လိုအပ်ချက်တွေ ပြောသွားတယ်။ ကျွန်မတို့အနေနဲ့ က FDAက လမ်းညွှန်တဲ့အတိုင်း လုပ်ဆောင်ပါမယ်။ လောလော ဆယ်တော့ လုပ်ငန်းထောက်ခံ ချက်တင်ထားတုန်းပဲ။ ဈေးကွက် ထဲ မဖြန့်ရသေးပါဘူး’’ဟုထောက် ခံချက် စောင့်ဆိုင်းနေသည့် Power 97 သောက်ရေသန့်လုပ်ငန်းရှင်ဒေါ် ၀င်းဝင်းမော်က ပြောသည်။
Credit : 7daydaily