လင်မယား အတူတူသောက်စားပြီး အချင်းများရာမှ ဇနီးဖြစ်သူအား ဓားဖြင့် ခုတ်သတ်
28 Jan 2017 1,377 Views

မွန်ပြည်နယ်၊ ရေးမြို့ လမိုင်းနယ်မြေရဲစခန်းပိုင် ဝယ်ဖယ်ကျေးရွာ တောင်ခြေအနီး ရာဘာထင်းခြံအတွင်း ဇန်နဝါရီ၂၇ ရက်နေ့ ည ၇ နာရီလောက်က မီးသွေးဖုတ်ရာ အလုပ်လုပ်တဲ့ အလုပ်သမား မင်းသူနဲ့ ဇနီး မလှရီတို့ စကားများရန်ဖြစ်မိရာမှာ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။
အခင်းဖြစ်တဲ့နေ့က လင်မယားနှစ်ဦးလုံး အရက်သေစာ အတူသောက်စားထားကြကာ မီးသွေးအိတ် မီးလောင်တဲ့ကိစ္စ စကားပြောဆိုရာနေ စကားများရန်ဖြစ်ကြပြီး မင်းသူက ဇနီးဖြစ်သူအား ထင်းခုတ်ဓားနဲ့ ခုတ်ခဲ့ရာ မလှရီ၏ ဦးခေါင်းနောက်ဘက်ကို ခုတ်မိပြီး ဓားဒဏ်ရာဖြင့်လဲကျသေဆုံးခဲ့သည်။ ပြစ်မှုကျူးလွန်ခဲ့သူ မင်းသူက အချင်းဖြစ်ပွားခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။
ထွက်ပြေးတိမ်းရှောင်သွားတဲ့ မင်းသူကို ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးရာမှာ ဇန်နဝါရီ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ် အချိန်တွင် နှစ်ကရင်ကျေးရွာ ဘူတာအနီး ရထားသံလမ်းအကူးမှာ ပြန်လည်ဖမ်းဆီးနိုင်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပက်သက်၍ ရဲအုပ်လင်းသူဇော်က တရားလိုပြုလုပ်တိုင်တန်းကာ လမိုင်းနယ်မြေ ရဲစခန်း (ပ)၁၅/၂၀၁၇ ရာဇာသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားရှိပြီး မင်းသူအား အသေးစိတ်စစ်ဆေးနေကြောင်း သတင်းရရှိသည်။
Credit:DVB