BEC-TERO TV

အရွဲ့တိုက်ပြီး ထုတ်လုပ်လိုက်တဲ့ ပေါင်တစ်သန်းတန် ဒိန်ခဲလက်ပတ်နာရီ

26 Jan 2017     1,322 Views


ရာနှုန်းပြည့်နီးပါး ဒိန်ခဲဖြင့်ပြုလုပ်ထားပြီး ပေါင်တစ်သန်း (ဒေါ်လာ  ၁၂၃၆၈၇၈)တန် ဒိန်ခဲ(cheese) လက်ပတ်နာရီကို ဆွစ်ဇာလန် နာရီအမှတ်တံဆိပ် H. Moser က ဖန်တီးထုတ်လုပ်လိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာ အသစ်ထုတ်ပြန်လိုက်တဲ့ ဥပဒေကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ချိစ်လက်ပတ်နာရီကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 
 
ဥပဒေသစ်အရ ကုန်ထုတ်လုပ်သူတွေအနေနဲ့ ထုတ်ကုန်ပစ္စည်းတိုင်းမှာ ဒေသထွက် ပြည်တွင်းကုန်ကြမ်းပစ္စည်း ၆၀ရာခိုင်နှုန်း မဖြစ်မနေ ထည့်သွင်းအသုံးပြုရမယ်ဆိုတဲ့အချက်ကို အရွဲ့တိုက်ဆန္ဒပြတဲ့အနေနဲ့ ဆွစ်ချိစ် ၉၅ ရာခိုင်နှုန်း အသုံးပြုထားတဲ့ အရည်အသွေးမြင့်  ဒိန်ခဲလက်ပတ်နာရီကို ထုတ်လုပ်ပြခဲ့တာ ဖြစ်ပါတယ်။ ကုန်ပစ္စည်းအရည်အသွေး မှန်ကန်ကောင်းမွန်တဲ့ ဆွစ်ထုတ်အမှတ်တံဆိပ်တွေက ပြည်တွင်းထုတ်ကုန်တွေချည်းနဲ့ ဖန်တီးထုတ်လုပ်ရမယ်ဆိုတာ အဓိပ္ပာယ်မရှိဘူးဆိုတာကို ဒီချိစ်နာရီနဲ့ သက်သေပြလိုက်တာ ဖြစ်ပါတယ်။ ဒီလက်ပတ်နာရီမှာ လက်ပတ်ကြိုးကို နွားသားရေနဲ့ပြုလုပ်ထားပြီး ဒိုင်ခွက်ကိုတော့ အနီရောင် ပြုလုပ်ထားပါတယ်။ ဒိုင်ခွက်ပတ်လည်ကို ဒိန်ခဲတွေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ 
အထူးပေါင်းသတ် စီမံထုတ်လုပ်ထားတာကြောင့် ဒိန်ခဲလက်ပတ်နာရီက အနံ့အသက်မထွက်စေဘူးလို့ သိရပါ တယ်။ ဒီနာရီကိုရောင်းချရတဲ့ငွေ ကို  ဆွစ်နာရီထုတ်လုပ်သူများအသင်းအတွက် ရန်ပုံငွေအဖြစ် လှူဒါန်းသွားမယ်လို့ သိရပါတယ်။
 
Credit:ပြည်မြန်မာ

26 Jan 2017     1,322 Views




RELATED

Most Popular of Special or Others

Most Popular of NEWS