ငယ်ရည်းစား တွေမို့ ပြန်တွဲ တာပါ ဆိုတဲ့ ၀ိုင်းစု
26 Jan 2017 1,363 Views
ဝေဖန်မှု များစွာ ထွက်ပေါ်နေတဲ့ အောင်လ နဲ့ ၀ိုင်းစု ခိုင်သိန်း တို့ အတွဲ ဟာ အခု ဆိုရင် Relationship ပါ တင်လိုက်ပါပြီ ။ ထွေထွေထူးထူးမဟုတ်ပါဘူး ဒီအတိုင်းပဲ Relationship တင်လိုက်တဲ့သဘောပါ။ ၀ိုင်းစု ဖုံးကွယ်ထားတာ ဘာမှ မရှိပါဘူး အိမ်ထောင်ကွဲတယ်ဆိုရင်လဲ ကွဲ တယ် page တွေက အရေးအသားကြောင့် နားလည်မှုတွေ လွဲ ခဲ့ တာပါ အစတည်းက ပရိတ်သတ်ကို ဘာမှ မလိမ်ထားပါဘူး ။
အောင်လ နဲ့ က အစောကြီးထဲ က ငယ်ရည်းစားတွေ ပါ ။ အကြောင်းကြောင်းကြောင့် လမ်းခွဲ ပေးလိုက်ရတာပါ ။အခုချိန်မှာ နှစ်ယောက်လုံး အနှောင်အဖွဲ့ မရှိတော့ တဲ့ အတွက် ပြန်တွဲ ဖြစ်ကြတာပါ ။ရှေ့တံခါးတစ်ချပ် ကို ပိတ်ပြီး နောက်တံခါးတစ်ချပ်ကို ဖွင့် တာပါ ပေါက်ကရ လုပ်တာလဲ မဟုတ်ပါဘူး ။ ဝေဖန် မှုတွေကို လဲ နားလည် ပါတယ် ။
ရွေးချယ်ထားတဲ့  သူနဲ့ ဘ၀ တစ်သက်လုံး သာသာယာယာ လက်တွဲ သွားမှာပါ ။ ပြန်တွဲ ဖြစ်တာက အဓိက အချစ်ပါ သူကလဲ ၀ိုင်းစု ကို တကယ်ချစ်တယ် ၀ိုင်းစု ကလဲ ချစ်တယ် ဒါ့ကြောင့် ပြန်လက်တွဲ ဖြစ်ကြတာပါ ။ ချစ်ရင် ဘာမဆိုနားလည် နိုင်ပါတယ် ။
ရင်ဘတ်မှာ အောင်လ နာမည် ကို ထိုးထားရတာက အရင်က စိတ်မကူးဖြစ် ပါဘူး တကယ်ချစ်လို့ သူ့ နာမည် ကိုယ့် နာမည် အသီးသီးထိုးဖြစ်သွားကြတာပါ ။ အရင်ကတော့ ကလေးမွေးမှ ကလေးနာမည် ထိုးမယ်လို့ စိတ်ကူး ထားခဲ့ တာပါ ။ ပေါ်ပင် လုပ်တာလဲ မဟုတ်သလို တကယ်ချစ်ကြလို့ ပါ လို့ ပြောသွားခဲ့ ပါတယ်။
Credit:phothutaw