BEC-TERO TV

ရန်ကုန်တွင် ၂၀၁၆ အတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၁၉ ဦးရှိခဲ့

25 Jan 2017     1,398 Views


၂၀၁၆ တွင် သွေးလွန်တုပ် ကွေးရောဂါ ၂,၁၈၅ ဦးဖြစ်ပွားပြီး ယင်းရောဂါကြောင့် ၁၉ ဦးသေ ဆုံးကာ လက်ရှိအချိန်ထိ သွေး လွန်တုပ်ကွေးဆက်လက်ဖြစ်ပွား မှုရှိနေသေးကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က ပြောသည်။

‘‘အမှန်ဆိုဒီအချိန်က တဖြည်းဖြည်းနည်းသွားရမယ့်အချိန်။ အောက်တိုဘာမှာ နှစ်ရာကျော် ဖြစ်တယ်။ နိုဝင်ဘာမှာ ငါးရာကျော်နဲ့ ဒီဇင်ဘာမှာကျတော့လည်း ငါးရာကျော်နဲ့ ဖြစ်ပွားနှုန်းက သိသိသာသာ တက်လာတယ်။ အဲဒီလိုဖြစ်တဲ့အတွက်ကြောင့် ဒီဇန်န၀ါရီတို့ဘာတို့လည်း ဆက်တိုက်ဖြစ်နေတာပေါ့။ သွေးလွန်တုပ် ကွေးတက်နေတာက ရာသီဥတုနဲ့လည်း ဆိုင်တာပေါ့။ အခုဆိုနေပူတယ်။ ပြီးရင် မိုးရွာချင်ရွာချလိုက်ရော။ ခြင်ရဲ့ သဘောသဘာဝအရ ပေါက်ဖွားဖို့ဆိုရင် ပူအိုက်ပြီး စိုစွတ်တဲ့ ရာသီဥတုမျိုးကို ပိုကြိုက်တာ။ ခြင် ပေါက်ပြီးတဲ့အခါ လူတွေရဲ့နေ ထိုင်မှုပေါ့။ လူတွေအများကြီးပဲ ရန်ကုန်တိုင်းမှာ စုနေတယ်။ နောက်တစ်ခါ ရေတွေသိုလှောင် ထားတယ်။ ဒီလိုခြင်ကလည်း ပေါက်ဖွား၊ ရာသီဥတုကြောင့်ရော၊ လူဦးရေထူထပ်တာရောကြောင့် ပေါ့’’ ဟု ဒေါက်တာအေးမွန်မွန် ကျော်က ပြောသည်။

၂၀၁၅ က ရန်ကုန်တိုင်းတွင် စုစုပေါင်းလူဦးရေ ၄,၀၀၀ ကျော်သွေးလွန်တုပ်ကွေးရောဂါ ဖြစ် ပွား၍ ၂၂ ဦးသေဆုံးပြီး ၂၀၁၆ ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူမှာ ၂,၁၈၅ ဦးသာရှိသော်လည်း သေဆုံးသူဦး ၁၉ ဦးရှိခဲ့ခြင်းကြောင့် ၂၀၁၅ နှင့် နှိုင်းယှဉ်ပါက သေဆုံးသူဦးရေ များပြားခဲ့သည်။ ယင်းသေဆုံးသူများတွင် ကလေးငယ်များသာမက လူကြီးများပါ ပါဝင်နေကြောင်း ဒေါက်တာအေးမွန်မွန်ကျော်က ပြောကြားသည်။

‘‘၁၉ ဦးသေတဲ့အထဲမှာ ကလေးတွေအပြင် လူကြီးတွေပါ လာတယ်။ အသက်(၁၆)နှစ်ကနေ (၂၀)အရွယ် လူကြီးတွေပါဖြစ် လာတယ်။ ဒါကြောင့် လူကြီးတွေ အနေနဲ့လည်း သွေးလွန်တုပ်ကွေး လက္ခဏာမျိုးဖြစ်တာနဲ့ ဒါဟာသွေးလွန်တုပ်ကွေးများလားဆိုပြီး ကိုယ်တိုင်စဉ်းစားဖို့ အရမ်းအရေးကြီး သွားပြီ။ ဘာကြောင့်လဲဆိုတော့ ကလေးတွေဆိုရင် ဒီလက္ခဏာပြပြီဆိုတာနဲ့ ချက်ချင်းဆေးရုံပြေး ကြတယ်။ ဒါပေမဲ့ လူကြီးတွေမှာကျတော့ မဖြစ်လောက်ပါဘူးဆို ပြီး မစဉ်းစားမိဘူးပေါ့။ ဒါပေမဲ့ အခုလူကြီးတွေမှာ စဉ်းစားသင့်တဲ့အ ရာထဲမှာပါနေပြီ။ ဒါကသေလဲ သေစေနိုင်တဲ့အတွက် အရေးကြီးတဲ့ ရောဂါပါ။ ပြီးတော့ဖုံးသွန်လဲစစ် လိုလောက်လမ်းနှိမ်နှင်းရေးလုပ် ငန်းတွေမှာ ပြည်သူလူထုပူးပေါင်း ပါဝင်မှုက အရမ်းအရေးကြီးပါ တယ်’’ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် မြို့ နယ်တိုင်းတွင် တစ်ပတ်လျှင် တစ် ရက်နှုန်းဖြင့် လောက်လမ်းနှိမ်နှင်း ခြင်းအပြင် နိုဝင်ဘာကစတင်၍ လ တစ်လလျှင် တစ်ပတ်နှုန်းဖြင့် ခြင် လောက်လမ်းနှိမ်နင်းရေးရက် သတ္တပတ်အဖြစ် သတ်မှတ်ဆောင် ရွက်နေကြောင်း သိရသည်။ 

Credit : 7daydaily


25 Jan 2017     1,398 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS