BEC-TERO TV

ကျပ်ငါးရာတန်ထီလက်မှတ်ဈေးတင်ရောင်းလျှင် အမည်ပျက်စာရင်းသွင်းပြီး ထီစာအုပ်ဝယ်ယူခွင့်ရုပ်သိမ်းမည်

24 Jan 2017     1,460 Views


ကျပ် ၅၀၀ တန် ထီလက် မှတ်များကို သတ်မှတ်ဈေးထက် ပို၍ ရောင်းချပါက ထီအရောင်း ကိုယ်စားလှယ်များကို အမည် ပျက်စာရင်း သတ်မှတ်ကာ လစဉ် ထီစာအုပ်ဝယ်ယူခွင့် ရုပ်သိမ်းခြင်း၊ ပေးသွင်းထားသည့် အာမ ခံငွေအား နိုင်ငံတော်ဘဏ္ဍာအ ဖြစ် သိမ်းယူခြင်းတို့ ပြုလုပ်မည် ဖြစ်ကြောင်း အောင်ဘာလေသိန်း ဆုဌာနခွဲက သတိပေးကြေညာ သည်။ အဆိုပါ ထီဝယ်ယူရောင်းချ ခြင်းအတွက် ပဋိညာဉ်စာချုပ်ချုပ် ဆိုရာ၌လည်း သတ်မှတ်ဈေးနှုန်း ထက်ပို၍ ရောင်းချပါက အရေး ယူခံရမည်ဆိုသည့် အချက်ကို ထည့်သွင်းထားပြီး ဇန်နဝါရီ ၂၃ ရက်က သတင်းကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် ထပ်မံဖော်ပြ ထားခြင်းဖြစ်သည်။

‘‘ထီသတ်မှတ်ဈေးထက် ပို ရောင်းတယ်ဆိုတဲ့ တိုင်ကြားချက် ရရင် အားချင်း စုံစမ်းဖော်ထုတ် အရေးယူသွားမှာ ဖြစ်သလို ဌာန ကလည်း ပုံမှန်စောင့်ကြည့်နေမှာ ဖြစ်ပါတယ်’’ဟု အောင်ဘာလေ သိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြော သည်။

ကျပ် ၅၀၀ တန် အောင်ဘာ လေထီသည် အမြင့်ဆုံးကျပ်သိန်း တစ်သောင်းအထိ ဖွင့်လှစ်မည် ဖြစ်၍ ထီဝယ်ယူကံစမ်းရန်နှင့် ကိုယ်စားလှယ်ယူ၍ ရောင်းချရန် စိတ်ဝင်စားမှုများ မြင့်တက်နေ သည်။ ယင်းထီလက်မှတ်အား ဝယ် ယူရောင်းချလိုသူများကို စက်တင်ဘာမှ စ၍ လျှောက်လွှာလက်ခံ ခဲ့ရာ လျှောက်ထားသူဦးရေ ၂၁,၀၀၀ ကျော် ရှိခဲ့ပြီး ၎င်းတို့က ထီစာအုပ်ပေါင်း သိန်း ၄၀၀ ကျော်၊ ထီလက်မှတ်ပေါင်း သိန်း ၄,၅၀၀ ခန့် လျှောက်ထားခဲ့ကြ ကြောင်း အောင်ဘာလေသိန်းဆု ဌာနခွဲ၏ကြေညာချက်၌ ဖော်ပြ ထားသည်။ ထိုသို့ လျှောက်ထားသူများ တွင် အမှန်တကယ်ထီရောင်းချ ခြင်းမပြုလုပ်မည့်သူများ ပါဝင်နေ ၍ ပြန်လည်စိစစ်ခဲ့ရကြောင်း ဦးထွန်းထွန်းအောင်က ပြောသည်။

‘‘ခေါ်စစ်တဲ့အခါမှာ တခြား တစ်ယောက်က သူတို့မှတ်ပုံတင် နဲ့ လျှောက်ခိုင်းလို့ လျှောက်ရတာ ဆိုတာမျိုးတွေ ထွက်လာတယ်။ အဲဒီလို လူမျိုးတွေကို လျှောက် ထားမှုကနေ ပြန်ပယ်ဖျက်ရတာ ပေါ့’’ဟု ၎င်းက ပြောသည်။

လက်ရှိတွင် လျှောက်ထားသူဦးရေမှာ တစ်သောင်းခန့်သာ ရှိတော့ပြီး ထီစာအုပ်ပေါင်း သိန်း ၁၅၀ ခန့်၊ ထီလက်မှတ်ပေါင်း သိန်း ၁,၆၀၀ ခန့်သာ စာရင်းကျန် ရှိတော့ကြောင်း သိရသည်။ ထိုသို့စာရင်းကျန်ရှိသူများ ထဲမှ ကျပ် ၅၀၀ တန် အောင်ဘာ လေထီအား ကိုယ်စားလှယ်ယူ ရောင်းချရန် လျှောက်ထားသော ထီပုံမှန်ကံစမ်းသည့် အရေအ တွက် နည်းပါးသော ကချင်၊ က ယား၊ ချင်း၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ်များကို လျှောက် ထားသည့် စောင်ရေ အရေအ တွက် အပြည့်ရောင်းချပေးမည် ဖြစ်ပြီး ကျန်ဒေသမှ ကိုယ်စား လှယ်လျှောက်ထားသူများကို လျှောက်ထားသည့်အရေအတွက် ၏ထက်ဝက်သာ ရောင်းချပေး မည်ဟု သတင်းရရှိသည်။

အောင်ဘာလေသိန်းဆုဌာန သည် ကျပ် ၅၀၀ တန်ထီအား အက္ခရာ ၅၂ လုံး ထုတ်လုပ်မည် ဖြစ်ပြီး ကိုယ်စားလှယ်ရောင်းချ မည့်သူများကို အက္ခရာအလုံးရေ ၃၀ အချိုးကျခွဲဝေရောင်းချ၍ အက္ခရာ ၂၂ လုံးကို အရန်ထီအဖြစ် ထားရှိမည်ဟု ဆိုသည်။ ဈေးကွက်တွင် ထီဈေးကြီး မြင့်ခြင်း ဖြစ်ပေါ်လာပါက အရန် ထီများကို ထုတ်၍ ရောင်းချခြင်း ဖြင့် ဈေးထိန်းညှိနိုင်ရန် ဖြစ် ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်း ထွဋ်က ပြောသည်။ ကျပ် ၅၀၀ တန် အောင်ဘာ လေထီကို မတ်လမှစ၍ ရောင်းချ ပေးမည်ဖြစ်ပြီး ထီလက်မှတ်များ စတင်ရိုက်နှိပ်နေပြီဖြစ်သည်။

Credit : 7daydaily


24 Jan 2017     1,460 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS