မြန်မာနယ်စပ်သို့ ထိုင်းခရီးသွားများ မသွားရန် ထိုင်းအစိုးရထုတ်ပြန်
23 Jan 2017 1,411 Views

- ထိုင်းခရီးသွား ၃၇ ဦး ပါဝင်သောအဖွဲ့ကို ကရင်နယ် ခြားစောင့်တပ်က ပြန်ပေးဆွဲမှုဖြစ်ပေါ်ပြီးနောက် ကန်ချနာဘူရီနှင့် ထိစပ်နေသော မြန်မာနယ်စပ်ဒေသသို့ မသွားလာကြရန် ထိုင်းအာဏာပိုင်များက စနေနေ့တွင် သတိပေးချက်ထုတ်ပြန်သည်။ ကရင်ပြည်နယ် ဘုရားသုံးဆူ ဒေသနယ်စပ်ကို ဖြတ်ကျော်လည် ပတ်သော ထိုင်းနိုင်ငံသားခရီး သွားအဖွဲ့ကို ဇန်နဝါရီ ၂၀ ရက် က ကရင်နယ်ခြားစောင့်တပ်က ပြန်ပေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖော်ပြသည်။ ဆန်ခလာဘူရီရဲတပ်ဖွဲ့မှ ရဲမှူးကြီး ကွမ်ချိုင်ဿးီးရာခူလ် ဦးဆောင်သော ထိုင်းအရာရှိများ၊ တော်ဝင်ထိုင်းတပ်မတော်နှင့် ဒေ သဆိုင်ရာ အာဏာပိုင်များ ပါဝင် သောစေ့စပ်ညှိနှိုင်းမှုများ ပြုလုပ် ပြီးနောက်တွင် ခရီးသွား ၃၇ ဦးကို ပြန်လွှတ်ပေးခဲ့သည်။
- သို့သော် နောက်ထပ် ပြန်ပေးဆွဲမှုအလား အလာကြောင့် ဘုရားသုံးဆူဒေသ ကို ရှောင်ကြရန် ထိုင်းနိုင်ငံသား များအား ထိုင်းအာဏာပိုင်များ က သတိပေးခဲ့သည်။ ဇန်နဝါရီ ၁၈ ရက်က ထိုင်း ရဲတပ်ဖွဲ့၏ လူကုန်ကူးမှု တိုက် ဖျက်ရေးဌာနသည် အသက်(၁၆) နှစ်မှ (၁၇)နှစ်ကြား လိင်အလုပ် သမားခြောက်ဦးနှင့် ထိုမိန်းက လေးများကို ဘုရားသုံးဆူမှနေ၍ ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင်လာသော ပွဲစားနှစ်ဦးတို့ကို ဖမ်း ဆီးခဲ့သည်။ ထိုသို့ ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်၍ နယ်ခြားစောင့်တပ် (BGF)က အမြတ်ထွက်နေသည် ဟု အာဏာပိုင်အဖွဲ့ သတင်း ရင်းမြစ်တစ်ဦးက ပြောသည်။ ယင်းဖမ်းဆီးမှုအပေါ် ပြန် လည် လက်တုံ့ပြန်သည့်အနေဖြင့် ပြန်ပေးဆွဲခြင်းဖြစ်သည်ဟု ဆို သည်။
- ထိုင်းခရီးသွားများကို ပြန် ပေးဆွဲထားစဉ်အတွင်း BGF သည်လူကုန်ကူးမှုဖြင့် အဖမ်းခံထားရ သည့် ကရင်လူမျိုးတစ်ဦးကို ပြန် လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ကဆိုသည်။ ကရင်နယ်ခြားစောင့်တပ် သည် တပ်မတော်ထိန်းချုပ်မှု အောက်ရှိ ကရင်လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည်။ ၎င်းတို့သည်ယခုအခါတွင် ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံအကြား နယ်စပ်တစ် လျှောက်ရှိ အဓိကနေရာအများအ ပြားကို ထိန်းချုပ်ထားပြီး မြန်မာ အစိုးရကို ဆန့်ကျင်သော အခြား ကရင်လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိ သည်။
Credit : 7daydaily