စော်ဘွားကြီးကုန်းမှတ်တိုင်မှာ ယာဉ်နောက်လိုက်နှစ်ဦးက ခရီးသည်အမျိုးသမီးကိုလက်သီးနဲ့ထိုး
18 Jan 2017 1,553 Views

အများပိုင် ယာဉ်လိုင်း(YBS) အမှတ် ၆ ရဲ့ယာဉ်နောက်လိုက်နှစ်ဦးက အင်းစိန်စော်ဘွားကြီးကုန်းမှတ်တိုင်မှာယာဉ်ပေါ်လိုက်ပါလာတဲ့ခရီးသည်အမျိုးသမီးကိုကားပေါ်မှဆင်းကာကိုယ်ထိလက်ရောက်ထိုးကြိတ်မှု သည်ကနေ့ မနက်ကိုးနာရီမှာဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ယာဉ်နောက်လိုက်နှစ်ဦးကို လွှတ်တော်ကိုယ်စားလှယ်များ၊ရဲတပ်ဖွဲ့များ၊ ယာဉ်ထိန်းများနဲ့ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ တယ်လို့ သိရပါတယ်။
“ဒါကတော့ ပြင်းပြင်းထန်ထန်စံပြအနေနဲ့ လုပ်မှာပါ။ ပြည်သူကိုစော်ကားတဲ့အပြုအမှုကို လုံးဝလက်မခံဘူး ။ ဒီလိုစနစ်ပြောင်းခေတ်ပြောင်းမှာဒီလိုမလုပ်ရဘူးလို့ပြောထားပါရဲ့နဲ့ ကျူးလွန်တာက အပြောင်းအလဲကို မလိုလားတဲ့သူဘဲ။အရင်ပုံစံမျိုးမကြိုက်တဲ့အတွက်ကြောင့် စခန်းကိုလည်းပြင်းပြင်းထန်ထန်အရေးယူဖို့ ပြောထားတယ်”လို့
အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ကပြောပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သတ်ပြီး ကျူးလွန်သူယာဉ်နောက်လိုက် နှစ်ယောက်ကို အင်းစိန်မြို့နယ် ရဲစခန်းမှာ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။အင်းစိန်ရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ စစ်ဆေးနေဆဲဖြစ်တယ်လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ အမှတ် (၆) အနီရောင်ယာဉ်လိုင်းဟာရွှေပြည်သာမြို့နယ် (ရုံးရှေ့မှတ်တိုင်)ကနေ ရဲဘော်ဟောင်း (မရမ်းကုန်းမြို့နယ်)ထိပြေးဆွဲတဲ့ယာဉ်လိုင်းတလိုင်းဖြစ်ပါတယ်။
Credit : kumudranews