BEC-TERO TV

အများပိုင်သယ်ယူပို့ဆောင်ရေးအတွက်ကျပ်ငွေ ၇၀ဘီလီယံအသုံးပြုဖို့  ကြိုးစားနေတယ်လို့

18 Jan 2017     1,334 Views


အများပိုင်သယ်ယူပို့ ဆောင်ရေးစနစ်ပြောင်းလဲရေးအတွက် ကျပ်ငွေ ၇၀ ဘီလီယံအသုံးပြုဖို့  ကြိုးစားနေတယ်လို့  ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ” ပြောင်းလဲဖို့  ၆၂ ခုနှစ် ကတည်က စခဲ့တာပါ။ကျွန်တော်တစ်ယောက်တည်း။ အစိုးရတစ်ဖွဲ့ တည်း၊ ရန်ကုန်အများပြည်သူသယ် ယူပို့ ဆောင်ရေးအာ ဏာပိုင်အဖွဲ့ တစ်ခု တည်းမလုပ်နိုင်ပါဘူး။ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် ကူညီမှုပါ ပါမယ်။ ဘယ်သူ့  ဘယ်သူမှ မနစ်နာဘဲ ကျွန်တော်တို့ ရဲ့ အပြောင်းအလဲမှာ အားလုံးပါဝင်နိုင်အောင် ကျွန်တော်တို့ အစိုးရအဖွဲ့ က ကြိုးစားနေပါတယ်” လို့  ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဝန်ကြီးချုပ်ငွေကျပ်၇၀ဘီလီယံကို ဘယ်ကို ခေါင်းစဉ်တွေနဲ့အသုံးပြုဖို့ရှိတယ်ဆိုတာကိုတော့ပြောဆိုသွားခြင်းမရှိပါဘူး။ အများပြည်သူသယ်ယူပို့ ဆောင်ရေးနစ်ပြောင်းလဲလိုက်တဲ့ ဒုတိယမြောက်နေ့ မှာ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းဟာ အလုံမြို့ နယ်သခင်မြပန်းခြံကားမှတ်တိုင်ကိုလာရောက်ကြည့်ရူ့ခဲ့ပါတယ်။ သခင်မြပန်ခြံကားမှတ်တိုင်မှာ ၀န်ကြီးချုပ်ဟာယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေနဲ့  တွေ့ ဆုံကာစကားပြောဆိုတဲ့အပြင် ခရီးသည်တွေနဲ့ လည်းတွေ့ ဆုံပြီး လိုင်းကားစီးတဲ့အခါမှာ ကြုံတွေ့ ရတဲ့ အခက်အခဲတွေကို မေးမြန်းတာတွေပါပြုလုပ်ခဲ့ပါတယ်။ ပြောင်းလဲလိုက်တဲ့ ဘတ်စ်ကားစုပေါင်းပြေးဆွဲတဲ့ စနစ်နဲ့ ပတ်သတ်ပြီး ပြည်သူလူထုအနေနဲ့  စိတ်ရှည်ပေးစေချင်ပြီး ပြုပြင်ပြောင်းလဲမှုကို အင်တိုက်အားတိုက်ပါဝင်ပေးမှုကို အထူးကျေးဇူးတင်တယ်လို့  ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

” ဒီနေ ရာမှာ ယာဉ်မောင်းပဲဖြစ်ဖြစ်၊ ယာဉ်နောက်လိုက်ပဲဖြစ်ဖြစ်။ နောက် ယာဉ်ကြီးကြပ်ပဲဖြစ်ဖြစ်၊ ယာဉ်ပိုင်ရှင် ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် သူတို့ တွေဟာ ကျွန်တော်တို့ နိုင်ငံသားတွေပဲဖြစ်ပါတယ်။ ဒါကို ကားတွေအကုန်ဝယ်ပြီး အရင်လူတွေ အကုန်လုံးထွက် ။ အစိုးရက ကားတွေကို ပုဂ္ဂလိက ပုံစံမျိုးနဲ့ ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေ ၊ မြို့ သူမြို့ သားတွေ စီးပွားပျက်သွားမှာပေါ့” လို့  ဦးဖြိုးမင်းသိန်းကဆက် ပြောပါတယ်။

သူက ” ဒီကာလ လေးအပေါ်မှာ စိတ်ရှည်သည်းခံပေးစေချင်တယ်။ သူတို့ ကိုလည်း စာနာရမယ်။ သူတို့ က အသေးစားအလတ်စားလုပ်ငန်းရှင်တွေ။ နောက်ပြီး သူတို့ က ကုမ္မဏီတစ်ခုတည်ထောင်ဖို့ တတ်သိပညာ မတတ်ဘူး။ဒါ့ကြောင့် ကျွန်တော်ကိုယ်တိုင်နေ့ တိုင်း သူတို့ ကို ညှိပေးနေတယ်။ အမြန်ဆုံးဖြစ်အောင် ဖေဖော်ဝါရီ/မတ်လလောက်မှာ တဆင့်တက်မယ်။ အဲဒီကနေ နောက်ထပ်သုံးလမှာ တဆင့်တက်မယ်။ ” လို့  ယာဉ်လိုင်းသစ်ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သတ်ပြီးပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က အများပြည်သူသယ်ယူပို့ ဆောင်ရေးစနစ်ကို အဆင့်ဆင့်ပြောင်းလဲနိုင်ဖို့  လေ့လာဆန်းစစ်မှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် သည်လအလယ်မှာ ပြုပြင်ပြောင်းလဲ လိုက်တဲ့ သယ်ယူပို့ ဆောင်ရေးစနစ်နဲ့ ပတ်သတ်ပြီး သုံးလလောက်ကြာရင် ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်မှာ ဖြစ်ပြီး ပြည်သူတွေက ပေးတဲ့ အကြံဥာဏ်တွေနဲ့  ပေါင်းစပ်ပြီး ပိုမိုကောင်းမွန်အောင် လုပ်မှာဖြစ်တယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ” လမ်းကြောင်းတွေ တအားထပ်တယ်။ ထပ်တဲ့အတွက် ယာဉ်ကြောပိတ်ဆို့ မှုတွေဖြစ်တယ်။ ထပ်တိုးဖို့  လိုတာတွေကို သေသေချာချာလေ့လာမှုတွေလုပ်မယ်။လုပ်ပြီးရင် ကျွန်တော်တို့ ပြုပြင် ပြောင်းလဲရေး လုပ်ပါမယ်။ ပြည်သူလူထုတွေက သဘောထားတစ်ခုပေးလာတယ်ပေါ့။ ဘယ်လမ်းကြောင်းကတော့ ရှိသင့်တယ်။ ဘယ်လမ်းကြောင်းက စီးတဲ့ သူမရှိဘူး ဖြုတ်လိုက်သင့်တယ်ဆိုတဲ့ အခြေအနေမျိုးတွေအပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ ပြုပြင်ပြောင်းလဲသွားမှာပါ ” လို့  ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

သည်ကနေ့ သခင်မြပန်းခြံမှတ်တိုင်မှာ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို အလုံမြို့ နယ်လွတ်တော်ကိုယ်စားလှယ်တွေက လမ်းကြောင်းအခြေအနေတွေနဲ့  ခရီးသည်တွေ စီးနင်းကြတဲ့ အခြေအနေတွေကို တင်ပြတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလကုန်မှစပြီး Traffic Control Centre ကနေ ယာဉ်စည်းကမ်းဖောက်ဖျက်မှုတွေကို ထိန်းချုပ်သွားမှာဖြစ်ပြီး စည်းကမ်းတွေနဲ့  တိတိကျကျဆောင်ရွက်မှာဖြစ်တယ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ဘတ်စ်ကားစီးတဲ့နေရာ ပိုက်ဆံကောက်တာနဲ့ ပတ်သတ်ပြီး ၀န်ဆောင်မှုကောင်းကောာင်းနဲ့  ပြည်သူလူထုရဲ့ ယုံကြည်မှုကို ရရှိအောင် လုပ်နိုင်ဖို့ လိုအပ်တယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

” ဒီလုပ်ငန်းက မမြတ်စရာအကြောင်းမရှိဘူး။ စီးမယ့်သူ နှစ်သန်းလောက်ရှိနေတဲ့ ဒီဈေးကွက်မှာ မမြတ်စရာအကြောင်းမရှိပါဘူး။ ၀န်ဆောင်မှုကောင်းကောာင်းနဲ့  ပြည်သူလူထုရဲ့ ယုံကြည်မှုကို ရရှိအောင် သေသေချာချာလုပ်နိုင်ဖို့ ပဲလိုတယ်။ ဒီသုံးလပြီးရင် ကျွန်တော်တို့ ကတ်စနစ်နဲ့ ပြောင်းပါမယ်။အဲဒီသုံးလရောက်ရင် စနိုင်ဖို့ အခုကတည်းက ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်။ ယုံကြည်စိတ်ချလောက်တဲ့ စနစ်မျိုးဖြစ်ဖို့ ပဲလိုပါတယ်” လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

အခုပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေအတွက် ယာဉ်စီးခတွေကို ပုံသေ ၃၀၀ ကျပ်မှ ၂၀၀ ကျပ်ကို ပြောင်းလဲကောက်ခံမှာဖြစ်ပြီး နောက်ပိုင်းမှာ မိုင်နှုန်းအလိုက် ကောက်ခံနိုင်အောင် ကတ်စနစ်ကို အသုးံပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ လိုင်းကားတွေအတွက် ငွေပေးချေမှုစနစ်ကို ပြောင်းလဲပြီးတဲ့ နောက်မှာ Water Taxi၊ ဈေးဝယ်စင်တာတွေ၊ Mini Martတွေမှာလည်း ကတ်စနစ်ကို အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Credit : kumudranews

photo : kumudranews


18 Jan 2017     1,334 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS