BEC-TERO TV

e-စီးကရက် ရုတ်တရက်ပေါက်ကွဲပြီး မီးလောင်ဒဏ်ရာ၇မှုဖြစ်ပွားခဲ့

17 Jan 2017     1,492 Views


အမေရိကန်ပြည်ထောင်စု Pocatello, Idaho မှာ နေထိုင်တဲ့ Andrew Hall လို့ အမည်ရတဲ့ အမျိုးသားဟာ e-စီးကရက် သုံးစွဲသူတစ်ယောက်ဖြစ်ပါတယ်။ သူအသုံးပြုတဲ့ e-စီးကရက်ဟာ ရုတ်တရက် ထပြီးပေါက်ကွဲခဲ့လို့ သွား(၇)ချောင်း ဆုံးရှုံးခဲ့ရသလို၊ ဒုတိယအဆင့်ရှိတဲ့ မီးလောင်မှုကိုလည်း ခံခဲ့ရပါတယ်။ အိပ်ခန်းတွင်း လက်ဆေးကြွေခွက်လည်း ကွဲခဲ့တယ်လို့ သိရပါတယ်။

Andrew ဟာ e-စီးကရက်ကို အသုံးပြုဖို့ ပါးစပ်ကိုတေ့ကာ ပြင်ဆင်နေစဉ်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ သူ့ကို အရေးပေါ်ဆေးရုံပို့ပေးခဲ့ရပြီး လက်ရှိအချိန်ထိတော့ အစားအစား မစားနိုင်သေးပါဘူး။ ဒေါက်တာတွေဟာ ပေါက်ကွဲမှုကြောင့် ပျက်စီးနေတဲ့ သွားတွေနဲ့ e-စီးကရက် Device အပိုင်းအစတွေကို ပါးစပ်ထဲကနေ ဖယ်ရှားပေးခဲ့ရပါတယ်။ Andrew ဟာ မိမိအဖြစ်အပျက်ကို Facebook မှာ ပုံတင်ပြီး သတိပေးခဲ့ပါတယ်။

 

သူက ” ကျွန်တော် ဒီလို ဖြစ်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူး .. ဒါပေမယ့် မျက်နှာနားကိုကပ်ပြီး ပေါက်ကွဲခဲ့ပါတယ် … ဒါဟာ အားလုံးအတွက် သင်ခန်းစာကောင်းတစ်ခု ဖြစ်မယ်ထင်ပါတယ် “လို့ ပြောခဲ့ပါတယ်။ ၎င်းတင်ခဲ့တဲ့ ဓာတ်ပုံတွေကို Like ပြုလုပ်သူ ငါးသောင်းကျော်ရှိခဲ့ပြီး Share လည်း သောင်းချီရှိခဲ့ပါတယ်။ e-စီးကရက်ထဲမှာ ရှုရတဲ့ အရည်စနစ်ပါဝင်ပါတယ်။ e-စီးကရက်အသုံးပြုခြင်းကို Vaping လို့ခေါ်ပြီး ၎င်းကြီယာတွေကို Vapouriser လို့လည်း ခေါ်ကြပါတယ်။

Credit:shwemom

လျှပ်စစ်စနစ်နဲ့ အရည်ကိုအငွေ့ပျံစေပြီး၊ ၎င်းအငွေကို ရှုရတာ ဖြစ်ပါတယ်။ ကနဦးတုန်းကတော့ ဆေးလိပ်အစားထိုးအဖြစ် ပေါ်ပေါက်ခဲ့တာဖြစ်ပေမယ့် ကျန်းမာရေးတာဝန်ရှိသူတွေက သာမန်ဆေးလိပ်ကဲ့သို့ပင် အန္တရာယ်ရှိကြောင်း ထုတ်ပြန်ခဲ့လို့၊ အချို့နိုင်ငံတွေမှာ အသုံးပြုခွင့် ပိတ်ပင်တာမျိုးတွေတောင် ရှိနေပါတယ်။ ယခုပေါက်ကွဲမှုဟာ ပြင်းထန်ခဲ့ပြီး၊ မျက်နှာကျက်ကိုတောင် ကြက်ခိုးစွဲစေသည်အထိ ဖြစ်ခဲ့ပါတယ်။


17 Jan 2017     1,492 Views




RELATED

Most Popular of Special or Others

Most Popular of NEWS