BEC-TERO TV

YBS ဘတ်စ်ကားသစ်စတင်ပြေးဆွဲတဲ့နေ့မှာပဲတက္ကစီကားခတွေဈေးခေါင်ခိုက်

17 Jan 2017     1,390 Views


YBS ဘတ်စ်ကားသစ်တွေ ရဲ့အခက်အခဲကြောင့် တက်စီကားတွေငှားစီးခဲ့ရာ အရင်နေ့ထက်ဈေးတွေမတန်တဆခေါင်ခိုက်နေကြောင်း ခရီးသည်တွေကဝေဖန်ပြောခဲ့ကြပါတယ်။ ရန်ကုန်မြို့တွင်း မထသ ဘတ်စ်ကားလိုင်းတွေကို YBS ဘတ်စ်ကားတွေနဲ့ စတင်(ဇန်န၀ါရီ ၁၆ ရက်)သည်ကနေ့မှာ ပြောင်းလဲပြေးဆွဲတာဖြစ်ပါတယ်။ လသာမြို့နယ်ကနေ သာကတေ မြို့နယ်ကို ၅၀၀၀ကျပ် ၊ ပန်းဆိုးတန်းမြို့နယ်ကနေ တာမွေမြို့နယ်ကို ၉၀၀၀ ကျပ်ထိတက်ဆီခတိုးတောင်းနေတယ်လို့ခရီးသည်တွေကဆိုပါတယ်။ဒါ့အပြင်တချို့တက်စီတွေဟာဆိုရင်လည်းငှားလို့တောင်မရတော့တဲ့အခြေအနေတွေဖြစ်နေကြောင်းဆိုကြပါတယ်။

“လသာကနေလေ သာကေတကို ၅၀၀၀တဲ့လေ၊ပုံမှန်က ၃၅၀၀ပေါ့၊ကြည့်မြင်တိုင်ကနေက ကားမရှိတာ၊လသာရောက်တော့လည်းကားတစ်စီးမှမတွေ့ ကားတွေနောက်ကျတယ်တဲ့ အာ့ကြောင့်တက်စီငှားဖြစ်တာ”လို့ရုံးဝန်ထမ်းတစ်ဦးဖြစ်သူ မနန်းကပြောပါတယ်။

တဆင့်ထဲနဲ့ရောက်မဲ့နေရာကိုကားနှစ်ဆင့်ပြောင်းစီးရတာတွေ၊ ကားအရည်အတွက်နည်းတာတွေ၊ မနက်အစောကြီးထပီးဖယ်ရီမှီအောင်သွားရတဲ့သူတွေနဲ့ဈေးသယ်တွေအတွက်ခက်ခဲလွန်းကြောင်း မနန်းက သူ့အမြင်ကိုဆိုပါတယ်။ သူက“ကားတွေမပြောင်းပဲနဲ့ လမ်းကြောင်းပဲပြောင်းမှတော့ ကမောက်ကမတွေဖစ်ကုန်တာပဲ မြင်တယ် ဒီလိုလုပ်မဲ့ မတူတူ အစ်မ အမြင်ကတော့ ဆွဲနေကျလမ်းတွေအတိုင်းဆွဲပီး စည်းကမ်းတေ အရေးယူသင့်တာတွေကို ပိုပြီး တင်းကြပ်တာက ခရီးသွားတွေပိုအဆင်ပြေမယ်လို့မြင်ပါတယ် ”သုံးသပ်ပါတယ်။ ရုံးဝန်ထမ်းတစ်ဦးဖြစ်သူ မဆုလဲ့ရည်က

“တက်စီသုံးလေးစီးလောက်ငှားတာ ပန်းဆိုးတန်းကနေကျောက်မြောင်းကို ၇၀၀၀ တောင်းတဲ့သူကတောင်းတယ်၊၉၀၀၀ တောင်းတဲ့သူကတောင်းတယ်၊နောက်ဆုံး ၅၀၀၀ တောင်းတဲ့အစီးနဲ့မှအဆင်ပြေသွားတယ် ကျွန်မတို့ရုံးသွားတဲ့အချိန်က ဘက်စ်ကားဂိတ်မှာလူအများကြီး လူတွေကလည်းတိုးနေတာ၊ထိုင်လဲမစီးရတော့ တက်ဆီပဲငှားလိုက်တာ”လို့ပြောပါတယ်။

သည်လိုမထသကနေ YBS ကိုပြောင်းလဲပြေးဆွဲတာကြောင့်ကုမဏီနဲ့ရုံးဝန်ထမ်းတွေအတွက် အခက်အခဲဖြစ်နိုင်ပြီးမြို့ပတ်ရထားစီးရင်လည်း အချိန်နဲ့စီးနေရတာကြောင့်ရထားနဲ့လည်းအဆင်မပြေနိုင်ကြောင့်မဆုလဲ့ရည်ကသူ့အမြင်ကိုဆိုပါတယ်။ ဘက်စ်ကားတွေကလည်း နှစ်ဆင့်စီးရတော့ အဆင်မပြေတာတွေ၊ကားလိုင်းအစီးရေနည်းတာကြောင့် လူတွေအရမ်းတိုးရတာတွေ၊ကားလမ်းတွေလည်းအရမ်းပိတ်တာမျိုးတွေ ကားစပယ်ယာတွေလဲအရင်လိုပဲပြောင်းလဲသွားတာမျိုးမရှိပဲကားပြောင်းပြန်မောင်းတာတွေ၊ကားခပိုတောင်းတာတွေလည်းရှိနေကြောင်းရှိနေကြောင်းခရီးသည်တွေကဝေဖန်ကြပါတယ်။

Credit : kumudranews

Photo : kumudranews


17 Jan 2017     1,390 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS