အလုပ်အကိုင်နေရာအတွက် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို မထသ ဝန်ထမ်းများမေးခွန်းထုတ်
16 Jan 2017 2,131 Views
ဇန်နဝါရီလ ၁၅ ရက်နေ့က မထသ ကိုအပြီးအပိုင်ဖျက်သိမ်းခဲ့ပြီးနောက် မထသ တွင်တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်း ၈၀၀ နီးပါက သူတို့၏ အလုပ်အကိုင်နေရာအတွက် မရှိတော့မည်ကို စိုးရိမ်လျှက်ရှိပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား မည်ကဲ့သို့ တာဝန်ယူဆောင်ရွက်ပေးမည်ကို သိချင်နေကြကြောင်း သတင်းရရှိသည်။
မထသ မှ ဝန်ထမ်းအမျိုးသမီးတစ်ဦး ငိုယိုပြောဆိုနေသော ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းတွင် ပျံ့နှံ့နေခဲ့ပြီး မျှဝေသူများပြားခဲ့သည်။ ဗီဒီယိုတွင်ပါဝင်သော အဆိုပါ ဝန်ထမ်း၏ ပြောဆိုချက်အရ ဘတ်စ်ကားစနစ်အသစ်သို့ အဆင်ပြေစွာ ပြောင်းလဲနိုင်ရေးတွင် နေ့ည အနားမယူပဲ အင်တိုင်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့ကြရပြီးနောက်တွင် သူတို့၏ အလုပ်အကိုင်နေရာအတွက် မသေချာမရေရာ ဖြစ်နေမှုအပေါ် စိုးရိမ်ပူပန်နေခဲ့ကြခြင်းဖြစ်သည်။
ဝန်ကြီးချုပ်အနေနှင့် မထသ ဝန်ထမ်းများ အဆင်ပြေစေရန် ဇန်နဝါရီလကုန်ထိ လစာခံစားခွင့်ပေးသွားမှာ ဖြစ်သကဲ့သို့ YRT တွင်ပြန်လည်တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိသူများအတွက်လည်း နေရာပေးရန် လျာထားခြင်းများရှိပြီး လက်ရှိနေရာ ရာထူးအတိုင်း ဖြစ်၊ မဖြစ်ကိုတော့ ဖွဲ့စည်းပုံ မတူညီသည့်အတွက် အသေအချာ မပြောနိုင်သေးကြောင်း မထသ ရုံးချုပ် ဥက္ကဌဟောင်း ဦးလှအောင်ကပြောဆိုခဲ့ပါတယ်။
ဗီဒီယိုတွင် အဖြေကိုသိချင်ဇောကြီးနေသည့် ဝန်ထမ်းများက ဝန်ကြီးချုပ်ကိုသာ ခေါ်ယူပေးရန် တောင်းဆိုလျှက်ရှိကြသည်။
Source:ကုမုန္ဒြာ