မဟာမုနိရုပ်ရှင်တော် အတွင်းရှိ ကြေးရုပ်တွေကို ကိုင်တွယ်လို့ မရအောင် ကာရံဖို့စီစဉ်
13 Jan 2017 1,379 Views

မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်အတွင်းရှိ ကြေးရုပ်တွေကို ကိုင်တွယ်လို့မရအောင် ကာရံဖို့ စီစဉ်နေပါတယ်။ ကြေးရုပ်တွေကို ဆက်လက် ကိုင်တွယ်ခွင့်၊ မကိုင်တွယ်ခွင့်နဲ့ ပတ်သက်ပြီး ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာ နရဲ့ အကြံပြုချက်တွေရယူမှာဖြစ် ပါတယ်။ အဲသည်အကြံပြုချက်ရဲ့ ရလဒ်ကို သာသနာရေးဝန်ကြီးဌာနနဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ကို တင်ပြဖို့ အစီအစဉ်ရှိတယ်လို့ မဟာမုနိဂေါပကဥက္ကဋ္ဌ ဦးစိုးလင်းက ပြောပါတယ်။ သူက
“ယဉ်ကျေးမှုဌာနက ဒုညွှန်ချုပ်ကတော့ ဒါဟာ(ကြေးရုပ်) ပေးမကိုင်သင့်ဘူးလို့ ပြော တယ်၊ ပေး မကိုင်သင့်ဘူးလို့ တုံ့ပြန် ချက်ရလာရင်တော့ တစ်ပတ်အတွင်းမှာ ဝန် ကြီးချုပ်ကြီးဆီ စာတင် ပြီးဆက် လုပ်သွားမှာပါ”လို့ ပြောပါ တယ်။
မဟာမုနိရုပ်ရှင်တော်အတွင်းရှိ ပြတိုက်မှာထားရှိတဲ့ ကြေးရုပ် တွေကို လက်ရှိမှာ ထိတွေ့ကိုင်တွယ်ခွင့်ပြုထားပေမဲ့ ဆက်လက်ကိုင်တွယ်မယ်ဆိုရင် ပျက်စီးနိုင်မှာ ဖြစ်လို့ အခုလိုမှန်တွေနဲ့ ကာရံဖို့ စီစဉ်တာဖြစ်ပါတယ်။ ‘လက်လှမ်းမမီတဲ့ မနှိုက် နိုင် အောင် လုပ်ချင်တာ၊ ဘာလို့လဲဆို တော့ ဘယ်အရာပဲဖြစ်ဖြစ် ကိုင်တွယ်တယ်ဆိုရင် ပျက်စီးတာပဲ၊ နိုင်ငံခြားမှာဆိုသူတို့ရဲ့ အင်မတန် ရှေးဟောင်းကျတဲ့ တော်တော်ကို စုတ်ပြတ်နေတဲ့ဟာကို မပြင်ဘဲ မကိုင်ဘဲ အဝေးကနေပဲ ကြည့် တာ၊ အခု ဒီလိုနှစ်ပေါင်းရာချီပြီး တော့ တည်လာတဲ့ ပစ္စည်းဖြစ်တဲ့ အတွက် မှန်ကာဖို့ လုပ်ချင်တယ်” လို့ ဦးစိုးလင်းက ပြောပါတယ်။
Credit : kumudranews