BEC-TERO TV

လူတိုင်းလူတိုင်းမှာ ဖုံးကွယ်ထားရတဲ့ အကြောင်းအရာတွေ ရှိတယ်လို့ ပြောလိုက်တဲ့ ထွန်းထွန်း

11 Jan 2017     1,402 Views


အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ တဲ့ ထွန်းထွန်း ရဲ့ ချစ်သူ ကိစ္စနဲ့ ပတ်သတ်ပြီး ထွန်းထွန်းက အရင်တုန်းက ချစ်သူ ဖြစ်ကြောင်း နေထိုင်ခဲ့ တဲ့ life ကိုလဲ ပြန်ကြည့် လို့ ရပါတယ်လို့ သူ့ ရဲ့ အကောင့် မှာ ရေးသားထားတာကို တွေ့ ရပါတယ်။

“တခါတခါလောကကြီးမှာ သိသာသိစေ မမြင်စေနဲ့ဆိုတာက အကြောင်းတရားတွေရှိတယ်ဗျာ။ ချစ်လို့ပဲဖြစ်ဖြစ် မုန်းလို့ပဲဖြစ်ဖြစ် ဖော်ထုတ်တယ်ပေါ့။ ပြောပြမယ် ကျွန်တော်ဆိုတဲ့ကောင်က တခြား သူတွေနဲ့မတူဘူးထင်တာပဲ။ ရည်းစားထားတိုင်းလည်း ၂ဦး၂ဖက်အဆင်ပြေမယ်ဆိုရင် ပရိတ်သတ် မိတ်ဆွေတွေကို အမြဲပေါ်တင် အသိပေးသူပါ။ တဖက်သူအတွက် ဒိုင်လျှိုလေးနေမှ အဆင်ပြေမယ်ဆိုရင်တော့လည်း နားလည်ပေးရမယ်လေ။ ၂၀၀၉-၂၀၁၀တုန်းကပေါ့ ကျနော် ရည်းစားထားတယ်။အဲ့တုန်းက အခုလောက် online မသုံးကြသေးဘူးဆိုပေမယ့်လည်း သူ့အနေထားနဲ့သူဟာသူတော့သုံးနေကြတယ်။ကျနော့်ရဲ့အဲ့တုန်းကကောင်မလေးကစလုံးမှာ ကျောင်းတက်နေတယ်။တွေ့ချင်ရင်သွားလည်ရတယ်ပေါ့ဗျာ(တခြားသူတွေလိုပါပဲ)။ အတိုချုံးပြောရရင် သူကအပြန် ကျနော်ကို စလုံးလေဆိပ်ပြန်လိုက်ပို့တယ်။ အမှတ်တရဓါတ်ပုံရိုက်တယ်။

ကျနော်က Facebookသုံးကာစဆိုတော့ တင်လိုက်တယ်။ သူကသိသိခြင်းပြန်ဖျက်ဖို့ပြောပြီးဖျက်လိုက်တယ်။ အေးဆေးပဲလေ။ ဒါမဲ့အဲ့မြှာ့ပသနာကစတော့တာပဲ။ကျနော်ကို ဘယ်အချိန်ကတည်းကချောင်းနေမှန်းမသိတဲ့သူက tun tun and his girlfriend ဆိုပြီး facebook page တွေ blog တွေမှာ တင်ပလိုက်ရော။ ပျံ့သင့်သလောက်ပျံ့သွားတယ်ပေါ့ဗျာ။ ကောင်မလေးမှာ အသိုင်းအဝိုင်းဆွေမျိုးတွေရှိတယ်လေ။ချွန်တဲ့သူတွေချွန်တော့ မြင်ကြတဲ့သူ့အမျိုးတွေလည်း အကုန်မြင်ရောပဲ။ ကျနော်နဲ့မှမဟုတ်ပါဘူး တခြားဘယ်သူနဲ့ဖြစ်ဖြစ် သူ့အသိုင်းအဝိုင်းက ရည်းစားမထားစေချင်ကြဘူးလေ။ကျနော်နဲ့အတူ ပုံလေးတွေပါမြင်တော့ ငါးပါးပါမှောက်ရောလေ။ပုံကိုကျနော်လျှာရှည်ပြီးတင်လို့အခုလိုတွေဖြစ်တာဆိုပြီး ကောင်မလေးနဲ့ ကွိုင်တွေတက် စကားပြောတွေမှား ပြီး နောက်ဆုံးမှာပြဲကွဲခဲ့ရပါတယ်။အခုသာဒီလိုတွေပြန်ပြောနိုင်တာ အဲ့တုန်းကဆို ဘာကိုဒေါသထွက်ရမှန်းမသိဘူး။

အခုအဓိကပြောချင်တာက လူတိုင်း လူတိုင်းမှာ ဖုံးကွယ်ထားရတဲ့ Privacy ဆိုတာ အကြောင်းကြောင်းတွေ ရှိတယ်ဗျ။ အောင်မြင်မှုကြောင့် ကျနော် က လျှိုတယ်ဆိုတာ မရှိခဲ့ဘူး။ ကျနောယ် နေထိုင်လာခဲ့တဲဘ lifestyle ကိုလညါယ ပြန်လှန်ကြည့်လိုက်အူံး။ လူများသားသမီးကို ကိုယ့် အောင်မြင်မှုအတွက် လူသိမခံတာတွေ ဖုံးကွယ်ထားရတာတွေ ရှိရအောင်လည်း ကျနော် အဲ့လောစိတ်ဓါတ်အောက်တန်းမကျဘူး။ ပတ်သတ်ဘူးတဲ့ ရည်စားတိုင်း သိတယ် ရှာဖွေပြီးမေးကြည့်။

အခုဟာက ခင်ဗျားတို့က ကိုယ်ချစ်တဲ့ အနုပညာသမားကို လူ တွေလိုပဲ ပြသနာတွေ ခံစားချက်တွေ အခက်အခဲတွေ မရှိဘူးထင်ကြတယ်ဗျာ။ တည်ငြိမ်တဲ့ ဘဝတခု ရအောင်တည်ဆောက်နေတုန်းတော့ အခက်အခဲတွေကြုံရအုံးမှာပါ။ ပထမဆူံးအကြိမ် အခုလိုတွေဖြစ်တာ မဟုတ်ပေမယ့် စိတ်ညစ်တယ် ဆိုတာထက်ပိုတာတွေခံစားရတယ်။ Photo တွေကသူ့ရဲ့ ကိုယ်ပိုင် SC account ကို hack ပြီးယူသွားတာတဲ့ဗျာ။ ကိုယ်သာဆိုရင်ဆိုတဲ့ ကိုယ်ခြင်းစာကြည့်ပေးပါဗျာ စိတ်ညစ်တယ် အပြတ်ပြတ်နဲ့နှာခေါင်းသွေး မထွက်ပါရစေနဲ” ဆိုပြီး ရေးသားထားပါတယ်။

Credit:Tun Tun fb


11 Jan 2017     1,402 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment