BEC-TERO TV

အခွန်မကျေတဲ့ ကားစင်တာ၊ အရောင်းပြခန်း၊ ကုမဏီတွေကို အရေးယူမည်

10 Jan 2017     1,335 Views


ပြည်တွင်းအကောက်ခွန်ဦးစီးဌာနအနေနဲ့ အခွန်မကျေပွန်တဲ့ ကားစင်တာတွေ၊ ကားအရောင်းပြခန်းတွေနဲ့ ကုမဏီတွေရဲ့ အမည်စာရင်းကို ထုတ်ပြန်ကြေညာမှာဖြစ်ပြီး အရေးယူမှာ ဖြစ်ပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနက ညွှန် ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “စာရင်းတွေကိုတော့ စီးပွားကူးသန်းကိုပို့ပြီးပြီ၊ သူ တို့ကိုလဲ အချိန်ပေးရသေးတာပေါ့၊  အခုထုတ် အခုအရေးယူလို့ မဖြစ်သေးဘူးလေ၊ အခုလိုပြောရင်းနဲ့ အခွန်လာဆောင် နေတာတွေလဲ ရှိပါတယ်၊ နောက်ပိုင်းတော့ အရေးယူမှုတွေပါ လုပ်ရမှာပေါ့”လို့ ပြောပါတယ်။

လက်ရှိမှာတော့ အခွန်မဆောင်တဲ့ ကားစင်တာတွေ၊ ကားအရောင်းပြခန်းတွေနဲ့ ကုမဏီတွေရဲ့ စာရင်းက စုစုပေါင်း ၁၂၀ရှိပါတယ်။ အခွန်ပြန်လာဆောင်တဲ့ ကုမဏီကတော့ ၄၀ကျော်လောက်ရှိနေပြီ လို့ သိရပါတယ်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့က တော့ လက်ရှိမှာ အခွန်မဆောင်တဲ့ ကား အရောင်းစင်တာတွေနဲ့ ကားအရောင်းပြခန်းတွေကို ကားတင်သွင်းခွင့်တွေ၊လိုင်စင်သက်တမ်းတိုးခွင့်တွေ ပိတ်ပင်ထားပါ တယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က’ဦးတို့ ဌာနအနေနဲ့ ကတော့ ပြည်တွင်းအကောက်ခွန်ဦးစီးဌာနကနေ ဒီဟာကတော့ အခွန်ဆောင်ပြီးပါ ပြီလို့ တရားဝင်ပို့လာတဲ့ စာရင်းတွေကို လုပ်ငန်းပြန်လုပ်ခွင့်ပေးတယ်၊  အခုတော့ အခွန်မကျေတဲ့ အမည်စာရင်းတွေကို ထုတ်ပြန်ပေးမယ်လို့ အကြမ်းအားဖြင့် သိရပါတယ်”လို့ ပြောပါတယ်။

ဇန်နဝါရီလ ၅ရက်နေ့က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်းကျင်းပတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ်တွေအတွက် ပုံမှန်ညှိနှိုင်းအစည်းအဝေးမှာလည်း ကားအရောင်းပြခန်းတွေ၊ အရောင်းစင်တာတွေအနေနဲ့ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်တွေ ကျေပွန်အောင် မထမ်းဆောင်ရင် သွင်းကုန်လိုင်စင် မထုတ်ပေးရေး ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ အကောက်ခွန်ကိုယ်စားလှယ်များအနေနဲ့ ID/ED ဖောင်တွေမှာ အချက်အလက် ပြည့်စုံမှန်ကန်အောင် မဖြည့်သွင်းရင် လုပ်ငန်းကြန့်ကြာနိုင်ကြောင်း အသိပညာပေးဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်။

Credit : kumudranews

ဓာတ်ပုံ .သရုပ်ဖော်မှုမျှသာ


10 Jan 2017     1,335 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS