အကြမ်းဖက်မည့် သတင်းများကြောင့် လုံခြုံရေးတပ်လှန့်ထားဟုဆို
06 Jan 2017 1,401 Views

ရန်ကုန်တိုင်းရှိ ရွှေတိဂုံ စေတီတော်နှင့် အခြားထင်ရှား သော အဆောက်အအုံများတွင် လုံခြုံရေး တပ်လှန့်ချထားပြီး ပြည်ပမှ ဝင်ရောက်လာနိုင်သည့် အကြမ်းဖက်သမားများနှင့် ပတ် သက်သည့် သတင်းများကို စုံစမ်း ထောက်လှမ်းလျက်ရှိကြောင်း အမှတ် (၂) လုံခြုံရေးကွပ်ကဲမှု အဖွဲ့ရုံးမှ ရဲမှူးချုပ်မြဝင်းက ပြောသည်။
‘‘ရွှေတိဂုံစေတီတော်က တော့ မနက် ၄ နာရီက ညနေ ၁၀ အထိပဲ ဖွင့်တယ်။ ဘုရားပိတ်ချိန်မှာလည်း လုံခြုံရေးတွေရှိပါတယ်။ အပြင်၊ အလယ်၊ အတွင်း စသဖြင့် လုံခြုံရေးတွေ လုပ်ဆောင်ထားပါတယ်။ အလားတူ ရန်ကုန်မြို့က ထင်ရှားတဲ့နေရာတွေမှာလည်း လုံခြုံရေး ဆောင်ရွက်ထားပါတယ်’’ဟု ရဲမှူးချုပ်မြဝင်းက ပြောသည်။
ရွှေတိဂုံစေတီတော် လုံခြုံ ရေးအတွက် ကင်မရာများ တပ်ဆင်ပြီး ဒရုန်းများပစ်ချနိုင်သည့် စက်များဝယ်ယူကာ လုံခြုံရေးတိုး မြှင့်လုပ်ဆောင်ထားကြောင်း သိရသည်။ ‘‘လုံခြုံရေးအနေအထားက တော့ နှစ်သစ်ကူးညတွေမှာ ချ ထားသလိုပဲ တပ်လှန့်ထားတယ်။ ကျွန်တော်တို့ကတော့ လုံခြုံရေး တာဝန်ယူထားတော့ လုံခြုံရေးကို အပြည့်အဝ ဆောင်ရွက်ထားတယ်။ ကုန်တိုက်တွေမှာလည်း ပုဂ္ဂလိက လုံခြုံရေးတွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားတာတွေရှိပါ တယ်’’ဟု ရဲအရာရှိတစ်ဦးက ပြောကြားသည်။ မလေးရှားရဲတပ်ဖွဲ့၏ အ ကြမ်းဖက်မှုတိုက်ဖျက်ရေး အထူး ယူနစ်သည် ပြီးခဲ့သည့်လက လူတစ်ဦးကို ဖမ်းဆီးခဲ့ရာ ၎င်းသည်အိုင်အက်စ်လိုလားသူတစ်ဦးဖြစ် နေသည့်အပြင် မြန်မာနိုင်ငံသို့ထွက်ခွာပြီး အကြမ်းဖက်တိုက် ခိုက်မှုများဖန်တီးရန် အစီအစဉ်ရှိကြောင်း မလေးရှားအကြမ်းဖက် မှု တိုက်ဖျက်ရေး အထူးယူနစ်၏ အကြီးအကဲ အေယော့ဘ်ခန်း မိုင် ဒင်ပစ်ချေးက ယခုရက်ပိုင်းအ တွင်းက ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ထည့်သွင်းပြော ကြားခဲ့သည်။
ဧည့်စာရင်းတိုင်ကြားသည့် စနစ်မရှိတော့၍ ရပ်ကွက်အတွင်း လူစိမ်းများ ဝင်ရောက်မှုကို ယခင်ထက်သိရှိနိုင်ရန် ခက်ခဲသော် လည်း မြန်မာပြည်အတွင်း လာ ရောက်နေသည့် နိုင်ငံခြားသား များကိုမူ စောင့်ကြည့်လျက်ရှိ ကြောင်း ၎င်းရဲအရာရှိက ပြော သည်။
‘‘နိုင်ငံတကာမှာရှိတဲ့ မိတ် ဖက်အဖွဲ့တွေနဲ့ ဆက်သွယ် ဆောင်ရွက်တာတွေရှိပါတယ်။ အထက်လူကြီးတွေကလည်း လမ်းညွှန်ပြသတာတွေရှိတယ်။ စုပေါင်းထားတဲ့ အဖွဲ့တွေနဲ့ မသင်္ကာသူ တွေကို စောင့်ကြည့်တာတွေရှိပါ တယ်။ နိုင်ငံခြားသား မိမိအိမ်မှာ တည်းခိုငှားရမ်းနေထိုင်တာကို သက်ဆိုင်ရာမြို့နယ် (လဝက)ကို အကြောင်းကြားဖို့လည်း ပြောထားပါတယ်’’ဟု ရဲမှူးချုပ်မြဝင်းကပြောသည်။
ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၇ ရက်မှ ၂၅ ရက်အထိ ကိုးရက် အတွင်း M-150 အချိုရည် ပုလင်းများကို အသုံးပြု၍ အစိုးရရုံးနှင့် ဈေးဝယ်ကုန်တိုက်များ အပါအဝင် အသေးစားပေါက်ကွဲမှု လေးနေရာဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု ၁၃ကြိမ် ဖြစ်ပွားခဲ့သော်လည်း ဖမ်းဆီးရမိခဲ့သည့်သူများနှင့်ပတ်သက်၍ တရားဝင်သတင်းစာရှင်းလင်းပွဲ ကျင်းပခြင်းမရှိသေးပေ။
Credit : 7daydaily